Saturday, December 8, 2012

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့်နေရာသို့ သံတမန်များသွားရောက်လေ့လာ


ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး (UNOCHA) ရုံးချုပ်နဲ့ ရန်ကုန်ရုံးခွဲ ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံ မစ္စတာ အာရှော့ခ် နီဂမ်းမ် (Ashok Nigam)၊ ဘင်္ဂလားဒေ့ရှ်သံအမတ်နှင့် အင်ဒိုးနီးရှား သံအမတ်တို့ဘေးဒဏ် သင့်ဒုက္ခ သည်များသို့ ဒီဇင်ဘာလ (၇) ရက်နေ့က သွားရောက်လေ့လာခဲ့သည်။


ထို့နောက် အဆိုပါ အဖွဲ့များနှင့် ဒုသမ္မတ စိုင်းမောက်ခမ်း၊ နယ်စပ်ဒေသရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး တို့က ရခိုင်အရေးနှင့်ပတ်သက်၍ အကူအညီပေးရန် ယမန်နေ့နေလည် ၁၀နာရီတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် အစည်းဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။

မစ္စတာ အာရှော့ခ် နီဂမ်းမ်က လူသားစာနာထောက်ထားမှုအတိုင်းအတာအရ အတတ်နိုင်ဆုံးရခိုင်နှင့် မူဆလင် များကို ကူညီပေးရန်အစီအစဉ်ရှိကြောင်း၊ နှစ်ဘက်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်ရမည်ဟု ပြောဆိုခဲ့ သည်။ နှစ်ဘက် ပြန်လည်သင့်မြတ်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု လည်းပြောဆိုခဲ့သည်။

အဆိုပါကိုယ်စားလှယ်များသည်မင်းပြားမြို့နယ် စမ္ဘလေကျေးရွာ၊ ကျောက်တော်မြို့နယ်တောင်ဘွေ၊ မောင်တော မြို့နယ်ရွှေရင်အေး၊ သရီကုန်းဘောင်၊ မောရဝတီစသည့်ကျေးရွှာများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မောင်မြို့နယ် ရွှေရင်အေး၊ သရီကုန်းဘောင်၊ မောရဝတီ၊ ကျေးရွာများသို့ သွားရောက်လေ့လာခဲ့သည်။

ယနေ့တွင်လည်း စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့သွားရောက်လေ့လာနေကြသည်။

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များအတွက် အကူအညီများလိုအပ်နေသေးကြောင်း ဇွန်လ ၆ရက်နေ့ ကရခိုင်ပြည်နယ်သို့   ရောက်ရှိခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos စစ်တွေမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။


 ရခိုင်ပြည်နယ်နယ်အရေးကိစ္စ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍လည်း ကုလသမဂ္ဂ အနေဖြင့် ပွင့်လင့်မြင်သာမှုရှိအောင် ဝိုင်းဝန်းလုပ်ဆောင်သွားရမည်ဟု ထိုင်းနိုင်ငံအခြေစိုက်အာရှနှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildrenက ဒီဇင်ဘာ ၆ရက်နေ့ကစစ်တွေဟိုတယ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးအခင်းသည် (၆)လ ကြာမြင့်သည့်တိုင် ဘေးဒဏ်သင့် ဒုက္ခသည်တစ်ချို့မှာ ယာယီအဆောက်အဦးများလိုအပ်နေဆဲဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။