Saturday, December 8, 2012

နိုင်ငံတကာ လေကြောင်းလိုင်း ၂၂ လိုင်းရှိလာ

မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက် ပျံသန်း နေသော လေ ကြောင်းလိုင်း များမှာ ယခုအခါ ၂၂ လိုင်းရှိလာပြီ ဖြစ်ကြောင်း လေ ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

 

၂၀၁၂ ခုနှစ် အတွင်း မှာပင် တိုးချဲ့ပျံသန်းသော လေကြောင်း လိုင်းသစ် ရှစ်ခု ရှိခဲ့ပြီုးKorea Air, Qatar Airways, Eva Air, All Nippon Airlines, Singapore Airlines, Hongkong Dragon, Condor Airlines, Trans Asia Airways တို့ဖြစ်သည်။

နိုင်ငံတကာလေကြောင်းလိုင်း ၂၂ လိုင်းရှိလာ

၎င်းလေ ကြောင်းလိုင်းများက ဂျပန်၊ ကိုရီး ယား၊ ဒိုဟာ၊ စင်ကာပူ၊ ဟောင် ကောင်စသည့်လေဆိပ်များသို့ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အခြေပြု၍ ချိတ်ဆက်ပျံသန်း လျက်ရှိသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပျံ သန်းပြေးဆွဲလျက်ရှိသော လေ ကြောင်းလိုင်း (၁၄)ခုအနက် အ ပြည်ပြည်ဆိုင်ရာ မြန်မာ့ လေ ကြောင်းလိုင်း (MAI) မှ ရှစ်စီး မြောက်လေယာဉ် Airbus A319 သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ထပ်မံရောက်ရှိခဲ့သည်။

ယင်း လေယာဉ်မှာ ခရီးသည် ၁၂၀ ဆံ့ လေယာဉ်ဖြစ်ပြီး စင်းလုံးငှား ခရီး စဉ်များ အတွက်ဖြစ်ကြောင်း MAI မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်အေးမရသာထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း များ ပျံသန်းသည့် နိုင်ငံတကာ လေဆိပ် သုံးခုရှိရာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခု တည်းသို့ ခရီးသည် ဝင်ရောက်မှု နှုန်းသည် ၂၀၁၁ ခုနှစ်ကထက် ပိုမို များပြားလာသည်။

မြန်မာနိုင်ငံသို့ ခရီးသည် အများဆုံး ဝင်ထွက်ရာ လေဆိပ်ဖြစ် သည့် ရန်ကုန် လေဆိပ်သို့ ပြည် တွင်းပြည်ပခရီးသည် ဝင်/ထွက်မှု နှုန်းမှာ တစ်နှစ်လျှင် ၂ ဒသမ ၈သန်း ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၏ တစ်နှစ် ခရီးသည် လက်ခံနိုင်မှုနှုန်းမှာ ၂ ဒသမ ၇ သန်းသာဖြစ်သည် ဆိုသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအခြေအနေကို ကြည့်ပါက ၂၀၁၂ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာအထိ ရန်ကုန် ဝင်ပေါက်မှ ယခင်နှစ် အလားတူ ကာလထက် ၅၀ ရာခိုင်နှုန်း တိုး တက်လာပြီး ယခုနှစ်တွင် နယ်စပ် ဝင်ပေါက်အပါအဝင်စုစုပေါင်းခရီး သည်ဝင်ရောက်မှုဦးရေမှာ တစ် သန်းခန့် ဖြစ်လာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း ခရီးစဉ်များကို လေကြောင်းလိုင်းခြောက်လိုင်းက လေယာဉ်၃၄စီးဖြင့် ပြေးဆွဲနေ သည်။ လက်ရှိတွင် ပြည်တွင်းရှိ လေဆိပ် ၂၇ ခုသို့ လေကြောင်း လိုင်းများ ပျံသန်းနေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။