Saturday, December 8, 2012

၂၀၁၂ အာရှ ဂီတ ဆုလေးဆု ရသွားတဲ့ ဂန်းနမ်စတိုင်

ယခုနှစ် အတွင်း"ဂန်းနမ်စတိုင်" သီချင်းဖြင့် ကမ္ဘာ ကျော်ခဲ့သော တောင် ကိုရီးယား အဆိုတော် PSY သည် ယမန်နေ့က ဟောင်ကောင်တွင် ကျင်းပ ပြုလုပ်ခဲ့သော 212 Mnet အာရှ ဂီတ ဆုပေးပွဲ၌ တစ်နှစ်တာ အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး ဂီတ ဗီဒီယိုဆု အပါအဝင် ဆု လေးဆု ဆွတ်ခူး ခဲ့သည်။

PSY သည် ယခုနှစ် ဆုပေးပွဲတွင် အထက်ပါ ဆုနှစ်ဆု အပြင် လူကြိုက်အများဆုံး နိုင်ငံတကာ အနုပညာရှင်ဆု၊ အ ကောင်းဆုံးတစ်ကိုယ်တော် အက ဖျော်ဖြေ တင်ဆက်မှု ဆုတို့ကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။

လူကြိုက် အများဆုံး နိုင်ငံတကာ အနုပညာရှင်ဆု ရရှိခဲ့သည်ကို ရည်ညွှန်း၍ ဆုလက်ခံမိန့်ခွန်း၌ PSY က "ခင်ဗျားတို့တွေ ကျွန်တော့် သီချင်းကို ဆိုနေတာ ကျွန်တော်မြင်ခဲ့ရပါတယ်။ ဒါဟာထူးဆန်းပါ တယ်"ဟုပရိသတ်ကို ပြောကြားခဲ့သည်။

အမည်ရင်း ပက်ဂျေးဆန် ဟုခေါ်သော PSY သည် ယခုနှစ်အတွင်းဂန်းနမ်စတိုင် သီချင်းဖြင့် ကမ္ဘာကျော်ခဲ့ပြီး အင်တာနက်ဗီဒီယိုဝက်ဘ်ဆိုက် YouTube တွင် လည်း ယင်းသီချင်းမှာ ကြည့်ရှုသူအများဆုံး ကမ္ဘာ့စံချိန် ရရှိခဲ့သည်။

၂၀၁၂ အာရှ ဂီတ ဆုလေးဆု ရသွားတဲ့ ဂန်းနမ်စတိုင်

—Ref: CNA

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။