Friday, March 29, 2013
မတ်လ(၂၉)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.50)
မတ်လ(၂၉)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.50)
ပြည်တွင်းငွေပေးချေမှု ကွန်ရက်ပိုမိုကျယ်ပြန့် ရန် Visa တိုးချဲ့ ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံ ငွေပေးချေမှုကွန်ရက်ကျယ်ပြန့်လာစေရန် Visa ငွေပေးချေကတ်ဖြင့် ပြည်တွင်းပုဂ္ဂလိက
ဘဏ်သုံး ဘဏ်တို့ရှိ POS terminal များမှတစ်ဆင့် နိုင်ငံတကာ Visa ကတ်ကိုင်ဆောင်သူများ၏
အကြွေးဝယ်ကတ်၊ ငွေပေးချေကတ်နှင့် ကြိုတင်ငွေပေးချေကတ်အသုံး ပြုမှုတို့ကို မြန်မာနိုင်ငံတွင်း
ပိုမိုဆောင်ရွက်လာမည်ဖြစ်ကြောင်း Mango Media Services မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ
ဖြစ်သူ ဒေါ်မြတ်နိုးပွင့်က ပြောသည်။

အီဂျစ်နိုင်ငံတွင် မီးပုံးပျံပျက်ကျ၊ ခရီးသွား ၁၉ ဦး သေဆုံး

လပ်ဆာမြို့ရှိ ရှေးဟောင်းရုပ်တုကြီးများအနီးတွင် ပျံသန်းနေကြသည့် မီးပုံးပျံများကိုတွေ့ရစဉ်။
လပ်ဆာ (အီဂျစ်) - အီဂျစ် ရှေးဟောင်းမြို့တော် လပ်ဆာတွင် ဖေဖော်ဝါရီလ၂၆ ရက်
အရုဏ်တက်ချိန်၌ မီးပုံပျံပေါက်ကွဲပြီး မြေပြင်သို့ပြုတ်ကျခဲ့သောကြောင့် အာရှနှင့် ဥရောပ
လူမျိုးများအပါအ၀င် ခရီးသွား ဧည့်သည် ၁၉ ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက
ဆိုသည်။
အရုဏ်တက်ချိန်၌ မီးပုံပျံပေါက်ကွဲပြီး မြေပြင်သို့ပြုတ်ကျခဲ့သောကြောင့် အာရှနှင့် ဥရောပ
လူမျိုးများအပါအ၀င် ခရီးသွား ဧည့်သည် ၁၉ ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက
ဆိုသည်။
လိုင်းကား မတော်တဆမှုများကြောင့် မတ်လ ပထမလ၀က်အတွင်း လူသုံးဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ
ကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်များသည် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမ
လ၀က်အတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်းနှင့် အပြင်တွင် ယာဉ်တိုက်မှု
နှစ်မှု၊ ယာဉ်တိမ်းမှောက်မှု တစ်မှု၊ ယာဉ်မတော်တဆမှုတစ်မှုတို့ ဖြစ်ပွားခဲ့ပြီး သေဆုံးသူသုံးဦး၊
ဒဏ်ရာ ရရှိသူ ကိုးဦးရှိခဲ့ကြောင်း မထသ (ဗဟို)မှ စာရင်းအရ သိရသည်။

တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ
ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ ကြာသာပတေးနေ့ ကစတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့ နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မွတ်စလင်သူပုန်တွေ လက်ချက်ဖြစ်တယ်လို့ စွတ်စွဲမှုတွေရှိနေစဉ်မှာပဲ ထိုင်းအစိုးရနဲ့  သူပုန်တွေအကြား ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးကြတာဖြစ်ပါတယ်။
မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
Subscribe to:
Posts (Atom)