Friday, March 29, 2013

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

မြန်မာ့ ဒီမိုကရေစီကူးပြောင်းရေးမှာ ဘယ်လိုအကူအညီပေးနိုင်မယ်ဆိုတာကို လေ့လာဖို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

သမ္မတဂျင်မီကာတာက မတ်လ ၂၉  ရက်နေ့ကနေ ဧပြီလ ၆ ရက်အတွင်း မြန်မာနဲ့နီပေါကို သွားရောက်မှာ
ဖြစ်ပါတယ်။



ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေတဲ့ ကာတာစင်တာ ထူထောင်ထားတဲ့ သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာပြည်ခရီးစဉ်ထဲမှာ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်
လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။