မြန်မာနိုင်ငံ ငွေပေးချေမှုကွန်ရက်ကျယ်ပြန့်လာစေရန် Visa ငွေပေးချေကတ်ဖြင့် ပြည်တွင်းပုဂ္ဂလိက
ဘဏ်သုံး ဘဏ်တို့ရှိ POS terminal များမှတစ်ဆင့် နိုင်ငံတကာ Visa ကတ်ကိုင်ဆောင်သူများ၏
အကြွေးဝယ်ကတ်၊ ငွေပေးချေကတ်နှင့် ကြိုတင်ငွေပေးချေကတ်အသုံး ပြုမှုတို့ကို မြန်မာနိုင်ငံတွင်း
ပိုမိုဆောင်ရွက်လာမည်ဖြစ်ကြောင်း Mango Media Services မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ
ဖြစ်သူ ဒေါ်မြတ်နိုးပွင့်က ပြောသည်။

ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ရှိ POS terminal များသည်
ကုန်သည်များနှင့် ကတ်ကိုင်ဆောင်သူများအတွက် ငွေပေးချေမှုလုပ်ငန်းတွင် အမြင့်မားဆုံးလုံခြုံရေး
စနစ်ဖြစ်သည့် EMV နည်းစနစ်ကို အသုံးပြုကာ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မတ်လ ၂၁
ရက်နေ့တွင် ၎င်းက ပြောသည်။

ထို့ပြင် ငွေပေးချေကတ်လက်ခံမှု ကွန်ရက်ကြီးထွားလာသည်နှင့်အမျှ ပြည်တွင်းကုန်သည်များနှင့်
ဘဏ်များသည် ကမ္ဘာ့အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အပြင် နိုင်ငံတကာရှိ ယင်းကတ်
ကိုင်ဆောင်သူ သန်း ၂,၀၀၀ ဖြင့် ချိတ် ဆက်နိုင်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

Visa သည် မြန်မာနိုင်ငံတွင်ပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မတိုင်မီ ပြည်တွင်းမှ
အသုံးပြုသူများ နှင့်အတူ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော် တွင် ၀န်ဆောင်မှုရရှိရန် ဆောင်ရွက်လျက်
ရှိသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သန်းကျော် ၀င်ရောက်ခဲ့သည့်
အပြင် အရှေ့တောင် အာရှ World Economic Forum ကျင်းပခွင့်နှင့် ၂၀၁၄ ခုနှစ်အတွက်
အာဆီယံ ဥက္ကဋ္ဌရာထူးရထားခြင်းတို့ ကြောင့် ယခုနှစ်များတွင်ဝင်ရောက်မည့် ခရီးသွားဦးရေမှာ
များပြားလာနိုင် ကြောင်းလည်း ဒေါ်မြတ်နိုးပွင့်က ပြောသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ Visa Country Manager ဖြစ်သော Somboon Krobteeranon က
"မြန်မာနိုင်ငံ ကိုဝင်ရောက်လာတဲ့ ခရီးသွားတွေပိုများလာပြီး အာရှပစိဖိတ်ဒေသမှာ ခရီးသွားနေတဲ့
ခရီးသွား ၆၄ ရာခိုင်နှုန်းက ကတ်နဲ့ ငွေပေးချေတာကိုပဲ လိုလားတဲ့အတွက် ကျွန်တော်တို့က ငွေပေး
ချေမှုစနစ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘဏ်တွေ၊ ကုန်သည်တွေနဲ့အတူ ဆောင်ရွက်
လျက်ရှိပါတယ်"ဟု ပြောသည်။

"Visa နဲ့လက်တွဲပူးပေါင်းပြီး ကုန်သည်တွေနဲ့ ခရီးသွားဧည့်သည်တွေအတွက် ကတ်လက်ခံမှု
ကြောင့်ရလာမယ့် အကျိုးကျေးဇူးဟာ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး
နိုင်ငံတကာကိုဖိတ်ခေါ်လာပြီး Visa ကတ် လက်ခံတဲ့ စားသောက်ဆိုင်၊ ဟိုတယ်တွေ၊ ပစ္စည်း
အရောင်းဆိုင်တွေ ပိုများလာမှာပါ"ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး
ဦးဝင်းမင်းခိုင် က ပြောသည်။

ဗီဇာအနေဖြင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာ ငွေပေးချေမှုစနစ် တွင်ကျယ်ရောက်ရှိလာရန်
အတွက် Planet Payment နှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံ အတွင်းရှိ
ဘဏ်များ၏ အေတီအမ်စက်များကို VisaNet သို့ ချိတ်ဆက်ပြီး ရှုပ်ထွေးသော နိုင်ငံရပ်ခြား
အေတီအမ် နှင့် POS စနစ်များကို စီမံခန့်ခွဲသွားမည်ဖြစ်သည်။

အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ် မြန်မာနိုင်ငံတွင် လည်ပတ်လာမှုသည် အီလက်ထရွန်းနစ်
စီးပွားရေးစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ် စမတ်ဖုန်းနှင့် ချိတ်ဆက်၍ ငွေပေးချေနိုင်သော card
reader ဖြစ်ပြီး Mobile POS ပါဝင်သော စမတ်ဖုန်းသည် ကုန်သည်များဗီဇာကတ်ဖြင့် ငွေပေးချေမှု
ကို စက်ထဲသို့ ကတ်ဖြတ်ခြင်း၊ သို့မဟုတ် ကတ်ထည့်ခြင်း အစရှိသည့်စနစ်များကို အသုံးပြုလာနိုင်
တော့မည် ဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။