Friday, March 8, 2013

ရွှေတိဂုံ၌ အသံဖြင့် ပူဇော်နိုင်သည့် ငြိမ်းချမ်းရေးခေါင်းလောင်း ထပ်တိုးလာ


ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျပ်သိန်း (၂၂၀၀)ကျော် တန်ဖိုးရှိ ခေါင်းလောင်းတစ်လုံးအားအမေရိကန် အခြေပြု ဗုဒ္ဒဘာသာအဖွဲ့တစ်ဖွဲ့မှ မတ်လ(၉)ရက်နေ့တွင် လှူဒါန်းသွားမည်ဖြစ်သည်။

အလှူရှင်အဖွဲ့မှာ Light of Buddha Dhama Foundation International အဖွဲ့ဖြစ်ပြီး အမေရိကန် နိုင်ငံအနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ ဗုဒ္ဒဘာသာအဖွဲ့ အနေဖြင့်သာ လှူဒါန်းခြင်းဖြစ်သည်။

အရွယ်ကောင်းကလေးသူငယ်များ တရုတ်နှင့် ထိုင်းသို့ လူကုန်ကူးခံနေရ


လူကုန်ကူးခံရသူများတွင် အမျိုးသမီးငယ်များသည် အဓိကပစ်မှတ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အရွယ်ကောင်း အမျိုးသားများသည်လည်း လူကုန်ကူးခံရမှုများပြားလာကြောင်းကို လူထုအခြေပြု အဖွဲ့အစည်းများမှ သိရသည်။

တရုတ်ပြည်ဘက်သို့ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများမှာအဓိကဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူး ခံရသူများတွင် အမျိုးသားများမှာ အဓိကဖြစ်ကြောင်း Human Rights Education Institute of Burmaမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

ဘင်္ဂလီအရေး ပွင့်လင်းမြင်သာမှုရှိရန် ဦးဆောင်တောင်းဆိုသူများ တရားစွဲခံရမည်


ရခိုင်နှင့် ဘင်္ဂလီ နှစ်ဘက်ပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဘင်္ဂလီအရေးကို ကိုင်တွယ်ဖြေရှင်းရာ၌   ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားများက ယမန်နေ့က   တောင်းဆိုခဲ့ကြသည်။

အဆိုပါ တောင်းဆိုမှုများ၌ ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးအား ယမန်နေ့ညပိုင်းက ခေတ္တခေါ်ယူ စစ်ဆေးကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ခွင့်ပြုချက်မရပဲ ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပြည်နယ်အစိုးရမှ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်တွေဒေသခံများထံက သိရသည်။

ကိုယ့်အသားကို ပြန်စားသော ရောဂါ - LNS


Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။ တကယ်ပဲ ကိုယ့်အသားကိုယ်ပြန်စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေကတော့ ကိုယ့်ကိုယ်ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ တောင် ၂ တောင် သိမ်းပွဲကို မတ်လ ၇ ရက်နေ့ညတွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရ


ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တောင် ၂ လုံးကို ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်ည အကြမ်းဖက်ဖြိုခွင်းမှုအပြီး ပထမဆုံးအကြိမ်အဖြစ် တောင်သိမ်းပွဲကို မတ်လ ၇ ရက် ည ၇ နာရီ ဝန်းကျင်တွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်



general-8-march7
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာမွေမြို့နယ်တွင် အငှားယာဉ်တစ်စီး ခုံးတံတား သံဘောင်အား ဝင်တိုက်မိရာ နှစ်ဦး ဒဏ်ရာရ



crime-3-march7
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေးခုံးကျော်တံတားတွင် မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်က အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ဝင်တိုက်မိရာ နှစ်ဦးဒဏ်ရရာရရှိခဲ့ကြောင်း သတင်းရရှိသည်။      

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး ဒဏ်ရာရရှိ



crime-1-march8
ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် မတ်လ ၈ ရက်၊ နံနက် ၁ နာရီခွဲ ၀န်းကျင်ခန့်က အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အနောက်ဘက်မှ အရှေ့ဘက်သို့ ဦးတည်လာသည့် လိုက်ထရပ်ယာဉ် ယာဉ်အမှတ် ၈စ/____နှင့် သိမ်ဖြူလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်သို့ ကွေ့မည့် အငှားယာဉ် ယာဉ်အမှတ် ၆ဃ/____ တို့ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန် ပါဝင်


၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူ အရေအတွက်မှာ စံချိန်တင် များပြားခဲ့ကြောင်း၊ အရေအတွက်မှာ ၂၅၉ ဦးဖြစ်ပြီး ၅၀ မှာ အဖွဲ့အစည်းများဖြစ်ကြောင်း နိုဗယ်ဆုဌာနက မတ် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန်လည်း ပါဝင်ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အမည်စာရင်း တင်သွင်းခံရသူများထဲတွင် ပါကစ္စတန်နိုင်ငံမှ တာလီဘန်များ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် မိန်းကလေးများ၊ ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ ကိုလံဘီယာသမ္မ Juan ManuelSantos၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ပါဝင်သည်။
နိုဗယ်ဆုကော်မတီ အနေဖြင့် အမည်စာရင်း တင်သွင်းခံရသူများ၏ စာရင်းကို ထုတ်ပြန်လေ့မရှိကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အနေနှင့် အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိကြောင်း သိရသည်။ ယခင်နိုဗယ်ဆု အမည်စာရင်း စံချိန်တင် အရေအတွက် ၂၄၁ ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

စစ်တွေတွင် ဆန္ဒထုတ်ဖော်

ဓါတ်ပုံ - Eleven Media Group

မတ်လ (၇) ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ ၉ အမှတ် ၁၀

YT 9-10 _R

ပုံနှိပ်ထုတ်ဝေသူများ ကြီးကြပ်မှုအဖွဲ့တွင် (စစစ)နှင့် စအဖများ ပါဝင်နေ