
ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် မတ်လ ၈ ရက်၊ နံနက် ၁ နာရီခွဲ ၀န်းကျင်ခန့်က အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အနောက်ဘက်မှ အရှေ့ဘက်သို့ ဦးတည်လာသည့် လိုက်ထရပ်ယာဉ် ယာဉ်အမှတ် ၈စ/____နှင့် သိမ်ဖြူလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်သို့ ကွေ့မည့် အငှားယာဉ် ယာဉ်အမှတ် ၆ဃ/____ တို့ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အဆိုပါဖြစ်စဉ် အနီးတွင် ရှိနေသည့် မျက်မြင်ကိုယ်တွေ့ တစ်ဦးက "လိုက်ထရပ်ယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကနေ မီးပွိုင့်စိမ်းလို့ ထွက်တဲ့အချိန်မှာ သိမ်ဖြူလမ်းဘက်ကလာတဲ့ အငှားယာဉ်က ဗိုလ်ချုပ်လမ်းဘက်ကို ကွေ့လိုက်တာကနေ တိုက်မိကြတာ" ဟု ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသော လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်ကလည်း တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေး ခုံးကျော်တံတားတွင် အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ၀င်တိုက်မိရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။