မတ်လ ၈ ရက်နေ့၊ ၂၀၁၃ ခုနှစ် ဒီချုပ် ညီလာခံ ပထမနေ့အဖြစ် တော်ဝင်နှင်းဆီ၌ ကျင်းပသော်လည်း ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။
`ပြည်သူ့လွှတ်တော်တက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ စနေနေ့မှ တက်ရောက်ပါမယ်။ ဒီနေ့တော့ တက်ရောက်နိုင်မှာ မဟုတ် ပါဘူး`ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ညီလာခံပထမနေ့အခမ်းအနားအား နံနက် ၉နာရီတွင် စတင်ခဲ့ပြီး နာယက ဦးတင်ဦး၊ ဦးဝင်းတင် စသည့် နာယက ကြီးများနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းများမှ ဗဟိုညီလာခံ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနားအဖွင့် မိန့်ခွန်းကို နာယကကြီး ဦးတင်ဦးက ပြောကြားခဲ့သည်။
အဖွင့်မိန့်ခွန်းတွင် ပါတီစည်းလုံးရေးမပျက်ပြားရန် လိုအပ်ကြောင်းကို အဓိကထားပြီး ပြောကြားသွားသည်ဟု အန်အယ်ဒီပါတီ၊ ဗဟိုညီလာခံ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။
ညီလာခံ ပထမအဆင့်အနေဖြင့် ဗဟိုကော်မတီဝင်များ(CC) ၁၂၀ ဦးနှင့် အရံ ၃၀ ဦးကို မတ်လ ၈ ရက်နေ့၌ ရွေးချယ်မည်ဖြစ်ပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့(CEC)အား မတ်လ ၉ ရက်နေ့ တွင် ရွေးချယ်သွားမည်ဖြစ်သည်။
`ညီလာခံမှာတော့ပါတီရဲ့ စီစီတွေနဲ့ စီအီးစီတွေကို ရွေးကြမှာဖြစ်ပြီး၊ ပါတီရဲ့ မူဝါဒ ပိုင်းကိုလည်း ဦးစားပေးဆောင်ရွက်ကြမယ်လို့တော့ ခန့်မှန်းမိပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ၄င်း၏အမြင် ကို ပြောသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။