Friday, March 8, 2013

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန် ပါဝင်


၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူ အရေအတွက်မှာ စံချိန်တင် များပြားခဲ့ကြောင်း၊ အရေအတွက်မှာ ၂၅၉ ဦးဖြစ်ပြီး ၅၀ မှာ အဖွဲ့အစည်းများဖြစ်ကြောင်း နိုဗယ်ဆုဌာနက မတ် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန်လည်း ပါဝင်ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အမည်စာရင်း တင်သွင်းခံရသူများထဲတွင် ပါကစ္စတန်နိုင်ငံမှ တာလီဘန်များ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် မိန်းကလေးများ၊ ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ ကိုလံဘီယာသမ္မ Juan ManuelSantos၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ပါဝင်သည်။
နိုဗယ်ဆုကော်မတီ အနေဖြင့် အမည်စာရင်း တင်သွင်းခံရသူများ၏ စာရင်းကို ထုတ်ပြန်လေ့မရှိကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အနေနှင့် အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိကြောင်း သိရသည်။ ယခင်နိုဗယ်ဆု အမည်စာရင်း စံချိန်တင် အရေအတွက် ၂၄၁ ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။