Friday, March 8, 2013

တာမွေမြို့နယ်တွင် အငှားယာဉ်တစ်စီး ခုံးတံတား သံဘောင်အား ဝင်တိုက်မိရာ နှစ်ဦး ဒဏ်ရာရ



crime-3-march7
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေးခုံးကျော်တံတားတွင် မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်က အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ဝင်တိုက်မိရာ နှစ်ဦးဒဏ်ရရာရရှိခဲ့ကြောင်း သတင်းရရှိသည်။      

crime-5-march7
ဖြစ်စဉ်မှာ ကျိုက္ကဆံအားကစားကွင်းဘက်မှ လေးထောင့်ကန်လမ်းမကြီးအတိုင်း စံပြဈေးဘက်သို့ မောင်းနှင်လာသည့် အငှားယာဉ်အမှတ် ကက/၉--- သည် တာမွေလေးဂုံးတံတား အတက်တွင် လမ်းဘေးပလက်ဖောင်းကိုကျော်ကာ တံတားသံဘောင်အား ဝင်တိုက်မိပြီး ယာဉ်မောင်းသူအပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်အနီးတွင်ရှိသူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။            
''ကားက တံတားသံဘောင်ကို ဝင်တိုက်ထားတာ။ အဲဒါအမြင်မတော်လို့ အငှားယာဉ်မောင်းတဲ့သူတွေက ဝိုင်းမပြီး နေရာရွှေ့ထားတာပါ'' ဟု အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်သူထိုက်က ပြောပြသည်။
 crime-4-march7

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။