Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။ တကယ်ပဲ ကိုယ့်အသားကိုယ်ပြန်စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေကတော့ ကိုယ့်ကိုယ်ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။

LNS ရှိသူကို ခြေရော၊လက်ပါ ကြိုးတုတ်ထားရပါတယ်။ ပါးစပ်ကိုလည်း ပိတ်ပြီး ချည်ထားရပါတယ်။ ရောဂါရဲ့ ပထမ အဆင့်အနေနဲ့ ကိုယ့်အသား ကို ပြန်ဆွဲကုတ်ပါတယ်။ သွေးများ ယိုစီးသည့်တိုင်အောင် မရပ်မနားကို ဆွဲကုပ်ပါတယ်။ အလိုလိုနေရင်းနဲ့လည်း ကိုယ့်နှုတ်ခမ်း ကိုယ် ပြန်ုကိုက် စားတတ်ပြီး နာကျင်မှုကို Uric အက်ဆစ်က လှည့်စားပါ တယ်။ ကျောက်ကပ်နဲ့လည်း ဆိုပါတယ်။ ကုစရာ ဆေးလည်း မရှိပါဘူး။
ယင်းရောဂါကို လေ့လာတွေ့ရှိပြီး အမည်ပေးခဲ့သူကတော့ ဒေါက်တာ Michael Lesch ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါနာမည်မှာ သူ့နာမည်တောင် ထည့်ထားပါသေးတယ်။ သူ့ဆီမှာ LNS ဝေဒနာခံစားရသူ များ စွာရှိခဲ့ပြီး တစ်ယောက်မှ ကုမပေးနိုင်ခဲ့ပါဘူး။ ဖြေဆေး မရှိပါဘူး။ စိတ်ရောဂါနဲ့ ဆက်စပ်ရောဂါတစ်ခုလည်း ဖြစ်တဲ့အတွက် စိတ်ရောဂါ အုပ်စုထဲ ထည့်သွင်း ထားပါတယ်။
ရောဂါကို ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမယ့် အသက်ကြီးမှ LNS လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။ ယနေ့တိုင် ကုစရာ ဆေး မတွေ့ သေးတဲ့ Lesch-Nyhan sydrome ကို ကမ္ဘာ့ခြောက်ခြားဖွယ် အကောင်းဆုံး ရောဂါ စာရင်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။
--
Ref:wiki
--
Ref:wiki
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။