Friday, March 8, 2013

အရွယ်ကောင်းကလေးသူငယ်များ တရုတ်နှင့် ထိုင်းသို့ လူကုန်ကူးခံနေရ


လူကုန်ကူးခံရသူများတွင် အမျိုးသမီးငယ်များသည် အဓိကပစ်မှတ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အရွယ်ကောင်း အမျိုးသားများသည်လည်း လူကုန်ကူးခံရမှုများပြားလာကြောင်းကို လူထုအခြေပြု အဖွဲ့အစည်းများမှ သိရသည်။

တရုတ်ပြည်ဘက်သို့ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများမှာအဓိကဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူး ခံရသူများတွင် အမျိုးသားများမှာ အဓိကဖြစ်ကြောင်း Human Rights Education Institute of Burmaမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

ထိုင်းနိုင်ငံမှာ အခုအချိန်ထိဘာတွေ့ရလည်းဆိုတော့  ဒီတရားမ၀င်ငါးဖမ်းတဲ့စက်လှေတွေရှိတယ်။စက်လှေတွေမှာ ဘယ်လိုမျိုးလူတွေလိုလည်းဆိုတော့ အသက် ၁၂ နှစ်ကနေ ၁၆ နှစ် တကယ့်အရွယ်ကောင်းတဲ့အမျိုးသားတွေပဲ ဦးတည် လုပ်ဆောင်တယ် ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းက သူတို့နဲ့ အရမ်းကိုက်တယ်။ဟုအဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း၌ ရာဘာခြံအမြားအပြားရှိပြီး ဘာသာရေးကြောင့်မငြိမ်သက်မှုများ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ထိုင်းလူမျိုးများမှာ တောင်ပိုင်းတွင် သွားမလုပ်ကြပဲ မြန်မာအမျိုးသားများသာ သွားရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေမှာအမျိုးသားတွေကလည်း လူကုန်ကူးမှုဈေးကွက်မှာ ၀င်လာတာတွေ့ ရပါတယ်။ဟု ဆက်ပြောသည်။

ထိုင်းဘက်တွင် မြန်မာလူမျိုးများများ လူကုန်ကူးခံနေရသကဲ့သို့ တရုတ်နိုင်ငံသို့လူကုန်ကူးခံရမှုများမှာ ယခင်ကထက် အဆမတန်မြင့်တက်လာသည်ကိုတွေ့ရကြောင်း ကိုအောင်မျိုးမင်းကပြောသည်။

တရုတ်နိုင်ငံ၏ (one childe) ပေါ်လစီကြောင့် အမျိုးသမီးဦးရေ နည်းပါးလာပြီး  ပြည်နယ်တွင်း၌ သတို့သမီး သန်းနှစ်ရာ လိုအပ်နေသည့်အတွက်  အိမ်နီးခြင်းနိုင်ငံများမှ အမျိုးသမီးများအား တရုတ်မျိုးဆက် ထိန်းသိမ်းရန် ဆိုသည့် အကြောင်းပြချက်ဖြင့် လူကုန်ကူးမှုများပြုလုပ်နေသောကြောင့်   တရုတ်နိုင်ငံဘက်တွင် လူကုန်ကူးခံရမှုများ   ပြားလာခြင်းဖြစ်ကြောင်း ဒေါ်စူစန်နာလှလှစိုးက ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုများအား ဖမ်းဆီးရရှိနိုင်မှုအခြေအနေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ၀ဘ်ဆိုဒ်စာမျက်နှာတွင် အောက်ပါအတိုင်းဖော်ပြထားသည်။
ခုနှစ်
အမှု
တရားခံ
လူကုန်ကူးခံရသူ
၂၀၀၆
၅၂
၁၈၅
၁၉၅
၂၀၀၇
၁၂၇
၃၀၃
၂၇၁
၂၀၀၈
၁၃၄
၃၅၉
၃၀၃
၂၀၀၉
၁၅၅
၄၆၄
၃၀၂
၂၀၁၀
၁၇၃
၅၀၂
၃၈၁
၂၀၁၁
၁၃၆
၃၅၁
၂၆၅
၂၀၁၂(ဇွန်)
၆၈
၁၉၃
၁၄၀


လူကုန်ကူးခံရမှုများတွင် အသက် (၁၂) မှ (၁၈) နှစ်ထိ အမျိုးသား၊ အမျိုးသမီးများမှာ ဈေးကွက်ဝင်လျက် ရှိကြောင်းကိုလည်းသိရသည်။

လူကုန်ကူးခံရမှုများတွင် အဓမ္မထိမ်းမြားလက်ထပ်မှုမှာ အများဆုံးဖြစ်နေပြီး၊ ပြည့်တန်ဆာပြုခြင်းနှင့် အဓ္မမခိုင်းစေခြင်းတို့မှာ ဒုတိယအများဆုံးဖြစ်ကြောင်း ၎င်းတို့၏ဖော်ပြချက်အရသိရသည်။

အန်တီတို့အနေနဲ့တော့ သားသမီးတွေကို ကိုယ့်နိုင်ငံထဲမှာပဲလုပ်စေချင်တယ်၊ ကိုယ်နဲ့ရင်အုပ်မကွာ ရှိစေချင်တယ်၊ ကိုယ်ကလည်း သမီးမိန်းကလေးတွေမွေးထားတာဆိုတော့ လူကုန်ကူးမှုခံရတဲ့ သတင်းတွေကြားပြီး ကိုယ့်သမီးကိုယ်ဆုံးမရတယ်။ ဘယ်လိုနေ၊ ဘယ်လိုဝတ်၊ ဘယ်လိုထိုင်ဆိုပြီးတော့ပေါ ဟုရန်ကုန်မြို့မှ မိဘတစ်ဦးကပြောသည်။

ထိုကဲ့သို့ပြည်ပတွင် လူကုန်ကူးခံရသူများရှိသကဲ့သို့ ပြည်တွင်းရှိ လဘ္ဘက်ရည်ဆိုင် အတော်များများ၌လည်း ကလေးသူငယ်များအား အလုပ်ခိုင်းစေခြင်းများပြုလုပ်နေသည်ကိုတွေ့ရသည်။

နိုင်ငံတစ်နိုင်ငံခြင်းအစိုးရတွေ ပူးပေါင်းလုပ်ဆောင်မှုကအရေးကြီးတယ်၊  အဲ့ဒါမှသာ ကျွန်တော်တို့လူကုန်ကူးမှုကို တိုက်ဖျက်နိုင်မှာ ဒီကြားထဲမှာလူကုန်ကူးရတဲ့အကြောင်းအရင်း ရှာဖွေဖို့လိုအပ်သလို လူကုန်ကူးခံရတဲ့   ဖြစ်စဉ်တွေ ကိုမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်မလဲဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေ လုပ်လို့ ရတယ်။ ဟု ကိုအောင်မျိုးမင်းမှအကြံပြုပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။