Saturday, December 1, 2012

Skypeနှင့်Viber အသုံးပြုပါက ပိုမိုအမြတ်ရရှိတော့မည့် မြန်မာ့ဆက်သွယ်ရေး


ပြောင်းလဲကောက်ခံတော့မည့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုနှုန်းထားနှင့် ပတ်သက်၍ Skype နှင့် Viber တို့ကို အသုံးပြုပါက မြန်မာ့ဆက်သွယ်ရေးအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ နိုဝင်ဘာလ(၃၀) ရက်နေ့က ပြောကြားလိုက်သည်။


 Viber နှင့် Skype တို့သုံးပါက အရင်က တစ်မိနစ်ကို နှစ်ကျပ်လောက်ကျတာကို အခု ငါးကျပ် လောက် ကျသွားမယ်။ ဒီတော့ ဆက်သွယ်ရေးအတွက် ၀င်ငွေ ပိုတိုးလာတာပေါ့ဟု မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ရွှေစည်းခုံသြ၀ါဒခံယူပွဲသို့ မန္တလေးတိုင်းမှသံဃာတော်များ တက်ရောက်မည်မဟုတ်


 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံစေတီ၌ သက်ဆိုင်ရာအာဏာပိုင်များက ပြုလုပ်သည့် သြ၀ါဒခံယူပွဲအား ဒီဇင်ဘာလ (၁)ရက် နေ့လည် (၂)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု သံဃာတော်များဆို


ကြေးနီတောင်စီမံကိန်းအား အစိုးရမှတာဝန်ယူဖြေရှင်းပေးခြင်းမရှိလျှင် ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆူးလေဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ရဟန်းသံဃာများထံမှ သိရှိရသည်။


ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များဦးဆောင်ကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။

အမေရိကန် တက္ကသိုလ်ကိုးခု မြန်မာ တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်မည်


အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာ ခရီးစဉ် အပြီးတွင် အမေရိကန်
တက္ကသိုလ် ကိုးခုသည် မြန်မာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာ့ အဆင့်မြင့် ပညာရေး ပြန်လည် တည်ဆောက်ရာ၌ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) က သတင်းထုတ်ပြန်သည်။

မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်သန်း ထိုင်းနိုင်ငံမှ ပြန်ပို့ခံ ကြရမည်


ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်သန်း ခန့်သည် ဒီဇင်ဘာ ၁၄ ရက် မတိုင်မီတွင် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ပြီးပြတ်အောင် မလုပ်နိုင်လျှင် နိုင်ငံ သို့ ပြန်ပို့ ခံရမည်ဖြစ်ကြောင်း မြန်မာ အစိုးရ နှင့် ထိုင်းမီဒီယာတို့မှ သိရ၏။ မြန်မာနိုင်ငံက နောက်ဆုံး သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် ပြောခဲ့သော်လည်း ထိုင်းဘက်မှ ထိုသို့ လုပ်ကိုင်ပေးရန် ငြင်းဆိုခဲ့၏။
ရွှေ့ပြောင်းအလုပ်သမားကိစ္စနှင့် ပတ်သက်သော ကျွမ်းကျင်သူ ပါရဂူ “အင်ဒီးဟာလ်” က ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုသည် အချိန်မီ စိစစ်မှုမလုပ်နိုင်ကြောင်း ပြောကြား ခဲ့၏။

ရခိုင်နှင့် ကချင်ပြည်နယ်အရေး ဘက်လိုက် မပြော၍ အပြစ်တင်လျှင်ခံယူ မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရခိုင်နှင့် ကချင်ပြည်နယ် အရေး ဘက်လိုက် မပြော၍ အပြစ် တင်လျှင် လည်း ခံယူ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ရခိုင် အရေးနှင့် ကချင်ပြည်နယ် စစ်မီးကိစ္စများအား ငြိမ်းချမ်းအောင် ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဘက်လိုက်မပြော၍ အပြစ်တင်မည် ဆိုပါက ခံယူ သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော


မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော






ဒုတိယ တေးစီးရီးကို ပထမတေးစီးရီး ‘အင်္သချေ’ ထွက်ရှိပြီး ၉ နှစ်နီးပါး အကြာမှာ ထွက်ရှိလာတဲ့ တေးသံရှင်ဖြိုးကြီးရဲ့ ‘မမုန်းကြေး’
ဟာလည်း အခြေအနေကောင်း နေပါတယ်။

မိုဘိုင်း အင်တာနက် သုံးခ Data Volume စနစ်တိုင်းအသာ ကောက်ခံမည် ဟုဆို


ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြောင်းလဲတော့မည့် မိုဘိုင်း အင်တာနက် အသုံးပြုခ ကောက်ခံသည့် စနစ်ကို သုံးစွဲသူအများစုက မကျေနပ်သည့်တိုင် ၎င်းတို့ သတ်မှတ် ထားသည့် Data Volume စနစ် အတိုင်းသာ ဆက်လက်ကောက်ခံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်


ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက် မေတ္တာ ချောင်းကူး ရန်အောင်မြင် ကျောင်းတိုက် ဝင်းအတွင်း၌ စေတီဘုရား (၁၀) ဆူ တစ်ပြိုင်တည်း၊ တစ်နေရာတည်း ဖူးမြင် နိုင်မည့်အပြင် လျောင်းတော်မူ ကြေး သွန်းဘုရားကြီးထပ်မံတည်ရန် စီစဉ် လျက်ရှိကြောင်း ၄င်းကျောင်းတိုက်ရှိ အရှင်သုမနက ဆိုသည်။

စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦး သေဆုံး


မရမ်းကုန်း မြို့နယ်နေ မပိုးပိုးမွန် အသတ် ခံရမှုဖြင့် မသင်္ကာ၍ ခေါ်ယူစစ် ဆေးခံရသူ
မျိုးမြင့်ဆွေ(ခ)ပြည်စိုး(ခ)ကု လားကြီး ဘုရင့်နောင် ရဲစခန်းဝင်း အတွင်း စစ်ဆေးနေစဉ် သေဆုံးသွားသဖြင့် ရဲဝန် ထမ်း ၁၁ ဦးမှာ အရေးယူခံရပြီး ၄င်း ရဲဝန်ထမ်း ၁၁ ဦးအနက် ၂ ဦးမှာ သေဆုံးသွားကြောင်း ရဲစခန်းဝင်း အတွင်း စစ်ဆေးစဉ် သေဆုံးသွားသူ၏ မိသားစု ဝင်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှလောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့


သပိတ်မှောက်သူများဖြိုခွဲခံရမှုတွင် ဒဏ်ရာအများဆုံးရရှိခဲ့သည် မုံရွာမြို့မဟာဇောတိကရာမကျောင်းတိုက်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့(တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့)တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် စာအောင်သံဃာတော်များအောင်လက်မှတ်ဆပ်ကပ်လှူဒါန်းပွဲတွင် နံနက်ပိုင်းဆွမ်းလောင်းလှူလေ့ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှ ငွေကျပ်၁၇ သိန်း အကုန်အကျခံ လောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့ကြောင်းသတင်းရရှိသည်။

 လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် တရုတ်သံရုံးသို့လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုပြုလုပ်



thn-1-12-2
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် တရုတ်သံရုံးသို့လမ်းလျှောက်ချီတက်၍  ဆန္ဒထုတ်ဖော်မှုတစ်ခုကို  ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား



thn-1-12-1
ရွှေအင်ကြင်းရိပ်မွန်အိမ်ရာရှိ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးတို့အား အုတ်၊သဲ၊ကျောက်စရစ်တင် ကားတစ်စီးမှ ၀င်ရောက်တိုက်မှုအား တွေ့ရစဉ်

သဲ၊ကျောက်စရစ်တင် ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား ၀င်ရောက်တိုက်မှု ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်နဲ့နယ်စပ်မှာ ကျူးကျော်နေထိုင်ခဲ့တဲ့ ထိုင်းအဖွဲ့က ၇ ဦးကို သမ္မတလွတ်ငြိမ်းခွင့်ပေး



2012-12-01
ထိုင်းနိုင်ငံကနေ တရားမဝင်ဝင်ရောက်လာမှု၊ တရားမဝင် သစ်ပင်စိုက်ပျိုးမှု၊ လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၁ဝနှစ်ခွဲစီကျခံနေရတဲ့ မြန်မာနိုင်ငံ ကော့သောင်းအကျဉ်းထောင်က ထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က နိုဝင်ဘာ ၃ဝ ရက်နေ့က လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၃ဝရက်နေ့ ရက်စွဲနဲ့ သီးသန့် ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာပဲ ထိုင်း မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီအဖွဲ့ကနေတဆင့် လွဲပြောင်းပေးလိုက်တယ်လို့ ကော့သောင်းလူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ကုလအရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ မြန်မာပြည်လာမည်



ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာနဲ့ အရေးပေါ် အကူအညီအဖွဲ့ အကြီးအကဲ ဒုတိယ အတွင်းရေမှူးချုပ် မစ္စ ဗယ်လရီ အားမိုးစ် (Valerie Amos) ဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ဒီဇင်ဘာလ ၂ရက်နေ့ကနေ ၈ရက်အတွင်း လှည့်လည်သွားရောက်မယ်လို့ သတင်းရရှိပါတယ်။

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှုကြောင့် သံဃာ ၇၉ပါး ဆေးရုံတင်




လက်ပန်းတောင်းတောင်အရေး ဆန္ဒပြဒေသခံတွေကို လုံထိန်း တပ်ဖွဲ့တွေက မနေ့က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အပါး ၇ဝကျော်နဲ့ လူပုဂ္ဂိုလ် ၅ဝကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ သံဃာ ၂၇ပါးနဲ့ သံဃာဆေးရုံကြီးမှာ ၅၂ပါး ဆေးကုသမှု ခံယူနေရကြောင်းသိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင် ၁၀၀ စာရင်းတွင် နံပါတ်တစ် ပူးတွဲသတ်မှတ်ခံရ


ယခုနှစ် ဒီဇင်ဘာလအတွက်
ထုတ်ဝေမည့် အမေရိကန်၏
 နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းကြီး
 Foreign Policy ၏ ၂၀၁၂

မက္ကစီကိုအလှမယ် စစ်တပ်နှင့်မူးယစ်မှောင်ခိုတို့၏ တိုက်ပွဲအတွင်း သေဆုံး

စစ်တပ်နှင့် မူးယစ်ဆေးဝါး
 မှောင်ခို ရောင်းဝယ်သူများကြား
 ပဋိပက္ခတွင် မာရီယာ ဆူဆာနာ
 ဖလောရက်စ် ဂါမက်ဇ် သေနတ်ထိ
မှန်ခဲ့ခြင်း ဖြစ်သည်။  
သူမ၏ ရုပ်အလောင်းကို စနေနေ့က တွေ့ရှိခဲ့သည်။

Facebook ပေါ်မှာ" Like" အလုပ်ကောင်းလို့ ထောင်ကျရတော့မည့်အမျိုးသမီး


အိန္ဒိယရဲအဖွဲ့ထုတ်ပြန်ချက်အရ
Facebook  ပေါ်တွင်  အမျိုး
သမီးတစ်ဦး ထုတ်ဖော်ရေးသား
ချက်နှင့် သူမ၏ သူငယ်ချင်းတို့၏
 Like လုပ်မှုကြောင့် မွန်ဘိုင်းမြို့တွင် အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်းရရှိသည်။

အိပ်ရာထ နောက်ကျ၍ သေလုမျောပါး နှိပ်စက်ခံရသော အိမ်ဖော်

မလေးရှား နိုင်ငံ၊ ပီနန် George
 Town တွင် လုပ်ကိုင်နေသော 
အင်ဒို နီးရှား အိမ်ဖော် Syriac 
Abdullah (21-yr) ကို အိမ်ရှင် မှ

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ


နိုဝင်္ဘာလ ၂၆ ရက်နေ့
တနင်္လာနေ့က  ပြုလုပ်ခဲ့သော
(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ
 အထွေထွေ ညီလာခံကြီး၏
  (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးတွင်

ထိုင်းနိုင်ငံ 5Stars အဆင့်ဝင် ဘန်ဂလိုတွင် မြန်မာနိုင်ငံသား ၁၀၀ ခန့် လစာများ ဖြတ်တောက်ခံနေရ


ထိုင်းနိုင်ငံ တောင်ပိုင်း စူရဌါနီ ခရိုင်၊
 ကော့ပကမ်း (Koh Phagan ) ကျွန်းတွင်
 5 stars Hotels အဆင့်တွင် ပါဝင်သော
 Salad Beach Resortနှင့် Salad Buri
 Resort တွင် အလုပ်လုပ်နေကြသော

ဦးဂမ္ဘီရ (ကိုညီညီလွင်)ကို ရန်ကုန်မြို့ သင်္ကန်းကျွန်း ရဲ စခန်းက ဒီနေ့ညနေ ၅နာရိခွဲမှာ လာရောက်ဖမ်းဆီး


သင်္ကန်းကျွန်း ရဲ စခန်းက ဒီနေ့
ညနေ ၅နာရိခွဲမှာ လာရောက်
ဖမ်းဆီးခေါ်ဆောင်သွားတယ်
လို့ ညီဖြစ်သူ ကိုကျော်ကျော်အောင်
က ပြောပါတယ်။

စစ်ခုံရုံးမှ အမိန့်ချခဲ့သည့် လူသတ်မှုအတွက် ဖခင်မှ တရားဝင်ဆန္ဒဖော်ထုတ်မည်


စစ်ခုံရုံးမှလူသတ်မူဖြင့် ထောင်ဒဏ်
 (၁၀)နှစ် အမိန့်ချခဲ့သော သားဖြစ်
သူအတွက် အမှုအား ပြန်လည်
စစ်ဆေးပေး ရန်နှင့်  ပြစ်ဒဏ်
အား ပြင်ဆင်ပေးရန်

သမ္မတ ဦးသိန်းစိန်အတွက် အစားမတော်တလုပ် လျှာမြက်ပေါက်ခံရမည့် ဂုဏ်သိက္ခာ

 
လာမည့်နှစ် -၂၀၁၃-ခုနှစ် ဧပြီလ 
( ၂၂ ) ရက်နေ့ တွင် မြန်မာနိုင်ငံ 
သမ္မတ ဦးသိန်းစိန်အား အမေရိ
ကပြည်ထောင်စု နိုင်ငံတကာ
ပဋိပက္ခဖြေရှင်းရေးအဖွဲ့ 
( ICG- International Crisis Group ) ဆိုသော
 နယူးယောက်မြို့ မှာ အခြေစိုက်သည့် -အစိုးရမဟုတ်သော

ကုလအရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ မြန်မာပြည်လာမည်


ကုလသမဂ္ဂ လူသားချင်းစာနာ
မှုဆိုင်ရာနဲ့ အရေးပေါ်အကူ
အညီအဖွဲ့အကြီးအကဲ ဒုတိယ
 အတွင်းရေမှူးချုပ်

လှည်းတန်းခုံးကျော်တံတား၏ ခန့်မှန်း ကုန်ကျငွေမှာ ကျပ်ငွေ ၁၄ ဒသမ ၄၈၇ ဘီလီယံ ဖြစ်ကြောင်း ယင်းစီမံကိန်း ဆောင်ရွက်နေသည့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီထံမှ သိရသည်။

လှည်းတန်းခုံးကျော်တံတား၏ ခန့်မှန်း ကုန်ကျငွေမှာ ကျပ်ငွေ ၁၄ ဒသမ ၄၈၇ ဘီလီယံ ဖြစ်ကြောင်း ယင်းစီမံကိန်း ဆောင်ရွက်နေသည့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီထံမှ သိရသည်။

ကျူးကျော်များကိုမြေပေးမည်ဟု လျှောက်လွှာရောင်းသူကိုNLD ပါတီဝင်များ ဖမ်းဆီး


ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦးဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသား

ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရပ်ကွက်တွင် ဦးချစ်သူရကိုကိုက ပါတီ၏မြို့နယ်ဥက္ကဋ္ဌဟုဆို ကာ မြေနေရာလျှောက်လွှာများကို တစ် စောင်လျှင် ကျပ်သုံးထောင်ဖြင့် လွန်ခဲ့သည့် နှစ်ပတ်မှစတင်ကာ လှည့်လည် ရောင်းချနေရာ နိုဝင်ဘာလ ၂၈ ရက်နေ့ ပါတီဝင်များ၏ (၁၃) ရပ်ကွက်ညီလာခံ ကျင်းပအပြီး အပြန်တွင်တွေ့ရှိ၍ ဖမ်းမိခဲ့ကြောင်း ဒေါက်တာစိန်ဝင်းက ရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

လျှောက်လွှာလိုက်လံရောင်းချ သူကို ငွေကျပ်တစ်သောင်း အပါအဝင် လျှောက်လွှာ ၇၄ စောင်နှင့်အတူ ဖမ်းမိ ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါမြေနေရာလျှောက်လွှာ ရောင်းချသူမှာNLD ပါတီဝင်ကတ်ပြား ကို လွန်ခဲ့သော ၁၅ ရက်ခန့်က ရရှိထားသူဖြစ်ပြီး ပါတီနာမည် ကိုအသုံးပြု လိမ်ညာသောကြောင့် အမှုဖွင့်ပြီး ပါတီဝင် အဖြစ်မှ ထုတ်ပယ် သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
 
The Voice Weekly

လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွင်းမှု ရန်ကုန်တွင်ကန့်ကွက်ရှုံ့ချ





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂

   

                       

                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                           

နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)

လက်ပံတောင်းတောင်ကိစ္စအင်အားသုံးဖြိုခွင်းမှု ရဲတပ်ဖွဲ့ဝန်ချတောင်းပန်

ပခုက္ကူမြို့ရှိ သံဃာတော် များသည် ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သတ်၍ ယနေ့ (၁-၁၂-၂၀၁၂) ရက်စွဲဖြင့် အချက် (၄) ချက် ပါသော ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။



မီးလောင်ဒဏ်ရာများသာဖြစ်ကြောင်း ဆေးရုံအုပ်ကြီးပြော

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။
“ဒဏ်ရာတွေ ဆေးတဲ့အခါ အနံ့အသက်ထွက်တာတို့၊ အက်ဆစ်လောင်တာမျိုးတော့ မတွေ့ပါဘူး။ မီးလောင် ဒဏ်ရာတော့ မီးလောင်ဒဏ်ရာပဲ။ ဘာကြောင့် လောင်လဲ ဆိုတာတော့ ဆရာတို့ မပြောနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် သပိတ်စခန်းများအား လုံခြုံရေးရဲများက အကြမ်း ဖက် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူများမှာ

ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန် ဆောက်ခွင့်မရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလအတွင်းက  ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ အိမ်များ မီးရှို့ခံလိုက်ရသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသော ရခိုင်မိသားစု (၆၅) စု၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

အကြမ်းဖက်ဖြိုခွဲမှုရပ်တန့်ရန် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော်များဆန္ဒပြ

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သံဃာတော်အပါး ၅၀ ကျော်ခန့် ယနေ့မွဲလွဲပိုင်းက ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြန်မာသံရုံးရှေ့ သံဃာတော်များဆန္ဒပြပွဲမြင်ကွင်း

“ဦးဇင်းတို့ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းပဲပြဖြစ်ခဲ့တယ် ၊ ပထမဆုံးအနေနဲ့ မေတ္တာသုတ်ရွက်ဆိုတယ်၊ နောက်ဦးဇင်းတို့ စတိတ်မန်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုရော ဦးဇင်းတို့ရွတ်ပြီးတော့တောင်းဆိုတယ်” ဟု ဦးဇင်းအရှင်တေဇက မိန့်ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။