Saturday, December 1, 2012

အကြမ်းဖက်ဖြိုခွဲမှုရပ်တန့်ရန် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော်များဆန္ဒပြ

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သံဃာတော်အပါး ၅၀ ကျော်ခန့် ယနေ့မွဲလွဲပိုင်းက ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြန်မာသံရုံးရှေ့ သံဃာတော်များဆန္ဒပြပွဲမြင်ကွင်း

“ဦးဇင်းတို့ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းပဲပြဖြစ်ခဲ့တယ် ၊ ပထမဆုံးအနေနဲ့ မေတ္တာသုတ်ရွက်ဆိုတယ်၊ နောက်ဦးဇင်းတို့ စတိတ်မန်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုရော ဦးဇင်းတို့ရွတ်ပြီးတော့တောင်းဆိုတယ်” ဟု ဦးဇင်းအရှင်တေဇက မိန့်ဆိုသည်။


လက်ပံတောင်းတောင် စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ လယ်မြေ၊ ယာမြေများ ပျက်စီးဆုံးရှုံးမှု၊ ဘာသာသာသနာရှေးဟောင်း စေတီပုထိုး အမွေအနှစ်များဖျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို ရပ်ဆိုင်းဆိုင်းပေးရန်နှင့် သံဃာတော်များကို မြန်မာအစိုးရမှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယခုကဲ့သို့ ဆန္ဒပြတောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ကြောင်း ဦးဇင်းအရှင်တေဇက မိန့်ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္မဏီနှင့် တရုပ်ပြည် ဝပ်ပေါင်ကုမ္မဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသာ စီမံကိန်းတစ်ခုဖြစ်သည်။
မြန်မာအစိုးရမှ လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းမှု မပြုရန်နှင့် ယင်းကိစ္စ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ အမြန်းဆုံးဖွဲ့ရန် သံဃာတော်များက အချက်(၅)ချက်ပါ ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် မတရားအကြမ်းဖက်ဖြိုခွင်းမှုများကို လုံးဝရပ်ဆိုင်းရန်၊ ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်ပေးရန်၊ စုံစမ်းစစ် ဆေးရေးအဖွဲ့ အမြန်ဖွဲ့စည်းပြီး အကြမ်းဖက်ဖြိုခွင်းမှုများအတွက် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူပေးရန်၊ မတရားအကြမ်း ဖက်ဖြိုခွင်းခံရသော သံဃာတော်များနှင့် ဒေသခံပြည်သူများ၏ သေဆုံးမှုဒဏ်ရာရမှုများကို အစိုးရမှ တာဝန်ယူပေးရ၊ သဘာဝပတ်ဝန်းကျင်း ပျက်စီးရှုံးမှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ အရေးယူ ဆောက်ရွက်ပေးရန်တို့ ဖြစ်သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က ဆန္ဒပြနေသော ဒေသခံများနှင့် သံဃာတော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများကို အသုံးပြုနှိမ်နင်းခဲ့သည့်အတွက် သံဃာတော်အများ အပြား မီးလောင်ဒဏ်ရာ အပြင်းအထန်ရခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်ညအလွန် နံနက် ၃ နာရီ အချိန်ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းများအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွင်းမှုသည် အလွန်ရုပ်ဆိုးအကျည်းတန်သော ဖြစ်ရပ်တစ်ခုအဖြစ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက တုန့်ပြန် ပြောဆို ခဲ့သည်။
အလားတူ လက်ပံတောင်းတောင် သပိတ်စခန်းများ အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်သည့် ကန့်ကွက်ရှုံ့ချ ဆန္ဒဖော်ထုတ်မှုကို ဒဏ်ရာရ သံဃာတော်များ၏ ပုံများ ကိုင်ဆောင်၍ သံဃာအပါး ၃၀ ကျော်နှင့် ပြည်သူလူထုတို့ ရန်ကုန်မြို့ ဆူးလေဘုရားမှ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ကာ ယနေ့ညနေ ၄ နာရီမှ ၅ နာရီခန့် အထိ ဆန္ဒပြခဲ့သည်။

BNI

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။