စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံစေတီ၌ သက်ဆိုင်ရာအာဏာပိုင်များက ပြုလုပ်သည့် သြ၀ါဒခံယူပွဲအား ဒီဇင်ဘာလ (၁)ရက် နေ့လည် (၂)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ သြ၀ါဒခံယူပွဲသို့ တာဝန်ရှိသူများက သံဃာ့နာယကအဖွဲ့ဆရာတော်များအား ဖိတ်ကြားခဲ့သော်လည်း မန္တလေးမှ ဆရာတော်သံဃာတော်များ၊ မုံရွာနှင့် ပခုက္ကူမှ ဆရာတော်သံဃာတော်များက ကန့်ကွက်၍ တက်ရာက်မည်မဟုတ်ကြောင်းကိုလည်း မုံရွာမြို့သို့ရောက်ရှိနေသည့် မြစ်မခသတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါသြ၀ါဒခံယူပွဲသို့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် (၈၈)မျိုးဆက်ကျောင်းသား(၂၀)ကလည်း တတ်ရောက်မည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
လက်ပံတောင်းတောင်အရေးအတွက် မုံရွာမြို့သို့ရောက်ရှိနေသည့် ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ နိုဝင်ဘာ(၃၀)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။