
လာမည့်နှစ် -၂၀၁၃-ခုနှစ် ဧပြီလ
( ၂၂ ) ရက်နေ့ တွင် မြန်မာနိုင်ငံ
သမ္မတ ဦးသိန်းစိန်အား အမေရိ
ကပြည်ထောင်စု နိုင်ငံတကာ
ပဋိပက္ခဖြေရှင်းရေးအဖွ
( ICG- International Crisis Group ) ဆိုသော
နယူးယောက်မြို့ မှာ အခြေစိုက်သည့် -အစိုးရမဟုတ်သော
အဖွဲ့ -NGOs- က ညစာထမင်းကျွေးဧည့်ခံပြီး ဆုချီးမြှင့်
မည်ဟုကြားသိရသည် ။
ယခုတလော မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှာ ဆုတွေ လက်ခံ
ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် နိုင်ငံတကာမှ
ဆုတွေရရှိနေသည်ကို သတိထားမိသည် ။
ယခင်က စစ်အစိုးရ၏ ဒီမိုကရေစီဆန့် ကျင်ဖိနှိပ်မှုများကို ပယ်ဖျက်ပြီး
ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးစံနှုံးများကို သိသိသာသာ
ဖေါ်ဆောင်နေခြင်းကို ကမ္ဘာက အသိအမှတ် ပြုလာကြခြင်းဟု ယေ
ဘူယျ သတ်မှတ်၍ ရသည် ။
မည်သို့ ပင်ဆိုစေ စစ်အစိုးရ၏ အငွေ့ အသက်များကို ရှင်းရှင်း
လင်းလင်း မဆောင်ရွက်သေးနိုင်သောကြောင့် စောင့်ကြည့်နေ
ရသော လက္ခဏာများ ရှိနေကြပါသည် ။
နိုင်ငံတကာများမှ အစိုးရများနှင့် လူပုဂိုလ်များအား
ထူးချွန်ဆုများ
ပေးအပ်ချီးမြှင့်တတ်ကြရာ သန့် ရှင်းရိုးဖြောင့်သော စေတနာအမှန်
များ ရှိလေမည်လား
ဆိုသည်ကို သတိထားလေ့လာရန်လိုသည် ။
တချို့ သော ဆုလက်ခံရရှိခဲ့ သူများမှာ မည်သို့ ပင်
ဆုများကို ပေးအပ်
ချီးမြင့်ခဲ့ သည်ဖြစ်စေ လက်မခံခဲ့ သောသူများလည်း ရှိခဲ့ ကြသည် ။
ငြင်းပယ်ရန်
အကျိုးအကြောင်းလိုအပ်သောကြောင့် မိမိ၏
ဂုဏ်သိက္ခာနှင့် စပ်လျဉ်းပြီး လက်မခံကြခြင်းဖြစ်သည်
။
ယခုလည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဤဆုကို
လက်ခံရယူပြီး ဧည့်ခံကျွေးမွေးမည့်
အစားတလုပ်ကို လျှာကို
မြက်ပေါက်ခံရမည့် အနေအထားမျိုးဖြင့်
သတိထားရမည့် အခြေ
အနေဖြစ်လာနေပါပြီ ။
တိကျစွာ
ပြောရလျှင် ( ICG ) အဖွဲ့ သည် အစိုးရမဟုတ်သော -NGOs )
တခုသာဖြစ်သည် ။
( ICG ) မှ ဆုပေးသော အကြောင်းအရာသည် မြန်မာနိုင်ငံအတွင်း
တွင်
ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကို တိုးတက်ပြောင်းလဲလာအောင်
ပေါ်လီစီများ ချမှတ်ပြီး
ဆောင်ရွက်နေသောကြောင့် ချီးမြှင့်ရခြင်းဖြစ်
သည်ဟု ကြေညာပါသည် ။
သို့ သော် မြန်မာနိုင်ငံရခိုင်ပြည်နယ်
ရှိ- တိုင်းရင်းသားလူမျိုးမဟုတ်သော
( သူတို့ အဆို-လူမျိုး ) များ၏ လူ့ အခွင့်အရေးများ
၊ နိုင်ငံသားဖြစ်ခွင့်ပေးရေး
အား ချက်ချင်း ( ချက်ချင်း ) ဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု
တောင်း
ဆိုထားသည်ကို တွေ့ ရသည် ။
ဤသည်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်ခြင်း
လည်းဖြစ်သလို
စော်ကားခြင်းလည်းဖြစ်သည် ။
ဤအချက်ကို ကျွန်တော်တို့  လက်မခံ ။ ကျွန်တော်တို
့လက်မခံခြင်းထက်
သမ္မတ ဦးသိန်းစိန်က ပို၍ လက်သင့်မခံအပ် ။ အစိုးရမှလည်း
လက်သင့်ခံလိမ့်မည်
မထင် ။
မကြာသေးခင်က အမေရိက သမ္မတ ဘားရက်အိုဘားမားက
မြန်မာနိုင်ငံသို
့ သွားရောက်ခဲ့ သည် ။ ဟောပြောရမည့် မိန့် ခွန်းကို ကြို
တင်ဖြန့် ဝေထားရာ မည်သို့ မျှ
ပြသနာများ ဖြစ်လာမည့် အကြောင်းအရာ
များ မပါသော်လည်း တကယ်တမ်း လက်တွေ့  ဟောပြောသောအခါ
သူပြောချင်ရာကို ဟောပြောသွားသည်ကို တွေ့ ရသည်
။
ဤသည်မှာ မရိုးသားမှုများ ဖြစ်ပါသည် ။ ၄င်းနောက် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံချိန်ကလည်း
မြန်မာနိုင်ငံသူ နိုင်ငံသားများ
အား ဤသိ့ မိန့်ခွန်းဟောပြောမည်ဟု အသိပေးခဲ့ လိမ့်မည်ဟု
ထင်ရသည် ။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်
ကူးပြောင်းရေးအတွက်
ဤသို့ ဤပုံ ထောက်ခံ ပြောကြားပေးပါ
မည်ဆိုသော စကားကို ပြောကြားရန်အတွက် လာခဲ့ 
ရသောကြောင့်ဖြစ်သည်
။
သို့ အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံချိန်ကလည်း မြန်မာ
နိုင်ငံသူ နိုင်ငံသားများအား
ဤသို့ ဤပုံ ဟောပြောပါမည်ဟု တင်ကြို
ပြောဆိုခဲ့ မည်ထင်ရသည် ။
ခုတော့ သူတို့ လာချင်သလို လာပြီး ဟောပြောချင်သလို
ဟောပြောတော့ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအား တစက်မှ ဂရုမစိုက်
ဆိုသော သဘောမျိုးဖြစ်နေပါသည်
။
အမေရိက သမ္မတ ဘားရက်အိုဘားများ၏ ကောင်းသောလာခြင်း
ခရီးကို ၀မ်းသာအားရ ဂုဏ်ပြုကြိုဆိုရသော်လည်း
မြန်မာနိုင်ငံ
အတွင်း မီးဟုန်းဟုန်း တောက်စေမည့် ပြသနာများကိုဖြင့် ကျွန်တော်
တို့ လက်သင့်မခံနိုင်
။
ထို့ ကြောင့် ဤကဲ့ သို့  ဟောပြောခဲ့ သော ဘားရက်အိုဘားမား၏ မိန့် 
ခွန်းကို အစိုးရမှသော်၎င်း
၊ ဒေါ်အောင်ဆန်းစုကြည်မှ သော်၎င်း
ဖြေရှင်းပြီး ကန့် ကွက်စာများ ပေးသွင်းရန်လိုသည် ။
မြန်မာနိုင်ငံတွင် ပြသနာအကြီးအကျယ်ဖြစ်နေသာ
နိုင်ငံသားဖြစ်မှု
ဆိုင်ရာ အကြောင်းကို မစဉ်းစားဘဲ သူတို့  ပြောချင်ရာ ပြောသွား
သည်ကို
ငုတ်တုပ်ထိုင်၍ မနေသင့်ပေ ။
အမေရိကန် သမ္မတ
ဘားရက်အိုဘားမား၏ မိန့် ခွန်းပြောကြားပြီးနောက်
-RFA- မှ ၄င်းလူမျိုးတို့ ၏ အသံထုတ်လွှင့်ရန်
တင်ကြိုကြေညာလာခြင်း ၊
( ICG ) မှ တိတိကျကျ တရားဝင် ဆုပေးဟန်ဆောင်ကာ
ဧည့်ခံစားသောက်ပွဲများ
ကျင်းပခြင်းတို့ ကို ပြုလုပ်လာကြပြီဖြစ်သည် ။
နောင်လည်း မည်သို့ သော အကြောင်းပြချက်မျိုးဖြင့်
ဆောင်ရွက်
လာကြ မည်ဟု မခန့် မှန်းနိုင် ။ ကျွန်တော်တို
့မှာ စကားပုံတခု
ရှိနေပါသည် ။
အသွားမတော် တလှမ်း အစားမတော် တလုပ်ဟု ရှေးရိုးထုံးစံ
စကားပုံ
ရှိနေသည်ကို လူတိုင်းသိကြသည် ။ ယခုလည်း
မြန်မာနိုင်ငံ သမ္မတ
ဦးသိန်းစိန်အဖို့  မိမိပါးစပ်က နုတ်မြွက်ထွက်ဆို ကြေညာထားသော
မရှိသည့်
လူမျိုးအရေးကို ချက်ချင်း ဆောင်ရွက်ပေးပါမည်ဟု
ဝိုင်အရက်သောက်ပြီး နယူးယောက်မြို့ မှာ
မပြုလုပ်မိဖို့  သတိပေး
ချင်ပါသည် ။
ချက်ချင်းဆောင်ရွက်သင့်သည်မှာ
( ICG ) ဆိုသော ၄င်းအဖွဲ့ မှ
ညစာစားပွဲဖြင့် ဧည့်ခံကျွေးမွေးပြီး သမ္မတ ဦးသိန်းစိန်၏
ဂုဏ်သိက္ခာကို
မြောင်းထဲရောက်စေမည့် ၄င်းဆုပေးအပ်မည့် အစီအစဉ်ကို လက်မခံကြောင်း ပြန်လည်ဖြေကြားပေးရန်လိုအပ်ပြီဖြစ်ကြောင်း
အသိပေးချင်ပါသည် ။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ
သမ္မတ ဦးသိန်းစိန်က မြန်မာ
နိုင်ငံတိုင်းရင်းသားလူမျိုးထဲမှာ ၄င်းလူမျိုး မရှိပါဟု ကြေညာ
ထားပြီးဖြစ်ပါကြောင်း
။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။