ဥပဒေစိုးမိုးရေးကို အခြေခံပြီး ပြဿနာတွေကို ထိန်းသိမ်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Wednesday, June 6, 2012
၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာအတွင်း ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ခန့်ဖြစ်ပွား၊ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ မြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးမှုစသည့် သက်ရောက်မှုများရှိနေ

၂၀၁၂ ခုနှစ်၊ မတ်လ အတွင်းက တရုတ်နိုင်ငံတွင်းရှိ ကယ်ဆယ်ရေး စခန်းတစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေစဉ်
Photo: Dr.Sai Htwe
၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာ ကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူဦးရေ မြင့်တက်မှုနှင့် ပြည်နယ်တွင်း စီးပွားရေးပိုင်းဆိုင်ရာ နှောင့်နှေးမှုစသည့် သက်ရောက်မှုများ ကို တွေ့ကြုံ ခံစားနေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
အစိုးရသစ်လက်ထက်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက်စာချုပ် ရောင်းချရမှု ယခင်နှစ်ထက် ၁၀ ဆကျော်အထိ မြင့်တက်ပြီး ကျပ် ၅၄၁ ဘီလျံကျော်အထိ ရောင်းချခဲ့ရ

အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက် စာချုပ်ရောင်းချရမှုမှာ ယခင်နှစ်ကထက် ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့ပြင် မြို့နယ်များမှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပြန်ပေးမည်

ဇွန်လ ၅ ရက်နေ့ ည ၁၀ နာရီအချိန်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့ပြင်မြို့နယ်များမှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပြန်ပေးမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသွားမည် လက်ရှိကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကိုလည်း အဆင့်ဆင့် ဈေးထပ်မံလျော့ချရန်ရှိသည်ဟု သိရ

၂၀၁၂-၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်း ပိုမိုပါဝင် ရင်းနှီးမြှုပ်နှံမှု ရရှိရေး ခွင့်ပြုသွားမည်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကိုလည်း အဆင့်ဆင့် လျော့ချ သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒုတိယ၀န် ကြီးဦးတင့်လွင်က ပြောကြားခဲ့သည်။
ပြင်ပမှ ဆွေးနွေးဝေဖန် အကြံပြုချက်များသည်မိမိတို့အတွက် နားခါးသောစကားများဖြစ်သော်လည်း နားထောင်ရတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
ပြင်ပ အဖွဲ့အစည်းများမှ ဆွေးနွေးဝေဖန် အကြံပြုချက်များသည် မိမိတို့အတွက်
နားခါးသောစကားများ ဖြစ်သော်လည်း မိမိတို့အနေဖြင့်
နားထောင်ရတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲနိုင်ပြီး၍ မမြင်ရတော့သော အမတ်များ ရှိနေသည်ဟု ဦးသိန်းညွန့်ဆို
ရွေးကောက်ပွဲနိုင်ပြီးသည်နှင့် မမြင်ရတော့သော အမတ်များရှိနေသည်ဟု
အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါသည်။ ယင်းနှင့်ပတ်သက်၍
ဦးသိန်းညွန့်က ဇွန်လ ၃ ရက်နေ့က သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ကျင်းပခဲ့သော
အမျိုးသားဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏
လွှတ်တော်တွင်းအတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပြည်သူ့အသံ နာခံပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ
မိုးထိမိုးမိ ရွှေတောမှာ ရွှေလုပ်သားများ ဆန္ဒပြနေစဉ် (ရုပ်/သံ)
အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်
ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ
သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ
ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့
စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန်
ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ
Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး
![]() |
သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး |
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။
သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့ ရွာများ
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျောက်တိုင်စိုက် စားကျက်မြေ ဒီရေကာတောတွေကို အရင် ရ.ဝ.တ ဥက္ကဌ
ဦးမြစိုးက တဧကကို ၄၅၀၀ ကျပ်နဲ့ ဧက ၂၀၀၀ ကျော်လောက်ရှိတဲ့ မြေပမာဏကို ဆိုင်းဘုတ်ထောင် ကြော်ငြာပြီး ရောင်းစား ခဲ့ပါတယ်။ အခု လက်ဝယ် ပိုင်ဆိုင်သူတွေက
အဲဒီ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ အနေနဲ့ ထွန်ယက်စိုက်ပျိုး နေကြတယ်လို့ သိရပါတယ်။ စားကျက်မြေ ဒီရေတောတွေ ပြုန်းတီးသွားတာကြောင့်
အနီးဝန်းကျင်မှာရှိတဲ့ သပြုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မရမ်းကျေးရွာ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့
နေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဒီရေတောတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်တဲ့ အနေနဲ့ ကာကွယ်ပေးဖို့
ညောင်လိမ်ကုန်း ကျေးရွာက ရွာသ ရွာသားတွေက တောင်းဆို နေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပါတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍
ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍
သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများအား
အောက်ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ်သင်ပြီး နေအိမ်သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ

နိုင်ငံခြားငွေ လဲလှယ်သူများအတွက် အခက်အခဲများ ရှိနေသေး

ရန်ကုန် သိမ်ဖြူလမ်းရှိ နိုင်ငံခြားငွေလဲကောင်တာ တခု (ဓာတ်ပုံ - Reuters)
အဆင်ပြေခြင်း မရှိသေးသကဲ့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက်လည်း အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။
ကုလ စားနပ်ရိက္ခာယာဉ်တန်း ကချင်ပြည်နယ် ရောက်ရှိ
မဇ္ဈိမ သတင်းဌာန ။ ။ ကချင်ဒုက္ခသည်များအတွက် အစားအသောက် ထောက်ပံ့မှု လမ်းကြောင်းများအား
မြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာ
သည့် ကုလသမဂ္ဂ ယာဉ်တန်းတခု လွယ်ဂျယ်မြို့သို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံပိုင်မီဒီယာ၏ အသုံးအနှုန်းအား စာနယ်ဇင်းသမားများ ဝေဖန်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံပိုင်မီဒီယာများဖြစ်သည့်
ရုပ်မြင်သံကြားနှင့် သတင်းစာများက ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင်
သုံးနှုန်းခဲ့သည့် စကားလုံးအသုံးနှင့် ပါတ်သက်ပြီး စာနယ်ဇင်း သမားများက
ဝေဖန်လိုက်ကြသည်။
ကချင်ပြည်နယ် တိုက်ပွဲများ တနှစ်ပြည့် လှုပ်ရှားမှု စတင်
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ
ရပ်စဲရန်နှင့် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အတွက်
ကချင်လူငယ်များက ဦးဆောင်လှုံ့ဆော်ထားကြောင်း သိရသည်။
အိမ်မြေဈေးနှင့်လျှပ်စစ်မီးက ရင်းနှီးမြှပ်နှံလိုသူများအတွက် အဟန့်အတားဖြစ်လာနိုင်
နိုင်ငံတကာစီးပွားရေးရင်းနှီးမြှပ်နှံမှုများဝင်ရောက်ရန် တာစူနေချိန်တွင်အိမ်ခြံမြေဈေးနှုန်းများမြင့်တက် နေခြင်းနှင့်
လျှပ်စစ်မီးလုံလောက်စွာမရရှိနိုင်ခြင်းက ရင်းနှီးမြှပ်နှံလိုသူများအတွက်အဟန့်အတားတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။
လျှပ်စစ်မီးလုံလောက်စွာမရရှိနို
အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်
ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ
သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ
ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့
စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန်
ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ
ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့ ပြောပါတယ်၊ ဒီအကြောင်းကိုတော့ မသင်းသီရိက
ပြောပြပေးမှာပါ၊
ဗွီအိုအေရုံးဖွင့်ဖို့ သူရဦးရွှေမန်း တိုက်တွန်းမည်
မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ မီဒီယာလုပ်ငန်းတွေ
လုပ်ကိုင်နိုင်ဖို့ ထောက်ခံမှုပေးသွားမယ် လို့ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် နေပြည်တော်
ကို ဒီကနေ့ ရောက်လာတဲ့ ဗွီအိုအေ ညွန်ကြားရေးမှူး David Ensor နဲ့
တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ
ညွှန်ကြားရေးမှူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ
ဖြစ်ပါတယ်။
နေပြည်တော်တွင် ဆိုင်းငံ့စနစ်ဖြင့် ၀က်များရောင်းချပေးနေ
နေပြည်တော်ဒေသကြီးတွင်းရှိ
မြို့နယ်များတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်
သမ၀ါယမဦးစီးဌာနတို့မှ ဦးစီး၍ ဒေသခံပြည်သူများအားဝက်များမွေးမြူနိုင်ရန်
အတွက် ငွေကြေးဆိုင်းငံ့စနစ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
2012-06-05
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
RFA
ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထား
ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထား
2012-06-05
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာနိုင်ငံမှာ ဇိုမီးလူမျိုး ရှိတယ်လို့ ပြန်လည် လက်ခံလိုက်ပြီးတဲ့နောက်မှာ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (ZNC) က မနေ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
Photo courtesy of ZNC
ကော့သောင်းခရိုင် ကျေးရွာ ၉ ရွာတွင် အိမ်တချို့ရေနစ်မြုပ်
ကော့သောင်းခရိုင် ကျေးရွာ ၉ ရွာတွင် အိမ်တချို့ရေနစ်မြုပ်
2012-06-05
မြန်မာနိုင်ငံတောင်ဘက်စွန်းမှာ ၁၀ ရက်ကျော်ကျော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ပါချန်မြစ်ရေ လျှံတက်လာပြီး ကော့သောင်းခရိုင် အရှေ့ဘက်ကမ်းရိုးတန်း ကျေးရွာတချို့ရှိ အိမ်တွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ကမ်းရိုးတန်းရွာတွေဖြစ်တဲ့
လုံးဖော၊ အေးချမ်းသာ၊ ဖောဆိုး၊ မာဒါ၊ ရေတွင်းတောင်ရွာ စတဲ့ ရွာတွေအပါအ၀င်
ရွာပေါင်းကိုးရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးမှုအခြေအနေကို ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အေးချမ်းသာရွာသူ ဒေါ်တင်တင်နွဲ့က အခုလို ပြောပါတယ်။
ရေကြီးမှုအခြေအနေကို ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အေးချမ်းသာရွာသူ ဒေါ်တင်တင်နွဲ့က အခုလို ပြောပါတယ်။
၈၈ မျိုးဆက် တာချီလိတ် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေး
၈၈ မျိုးဆက် တာချီလိတ် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေး
2012-06-05
ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ၊ ကျင့်ဝတ်ကျင့်စဉ်နဲ့ ညီညွတ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်တရပ် ပေါ်ပေါက်လာဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင်တွေ ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
RFA
Subscribe to:
Posts (Atom)