နိုင်ငံတကာစီးပွားရေးရင်းနှီးမြှပ်နှံမှုများဝင်ရောက်ရန် တာစူနေချိန်တွင်အိမ်ခြံမြေဈေးနှုန်းများမြင့်တက် နေခြင်းနှင့်
လျှပ်စစ်မီးလုံလောက်စွာမရရှိနိုင်ခြင်းက ရင်းနှီးမြှပ်နှံလိုသူများအတွက်အဟန့်အတားတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။
“စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်းအိမ်ခြံမြေဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံတကာက
စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာဖို့ အဲဒီကိစ္စက အဟန့်အတားတစ်ခုဖြစ်စေပါ တယ်”ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောကြားသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပြီးနောက်ဒေသအလိုက် အိမ်ခြံမြေဈေး လှုပ်ခတ်မှုများ သိသာစွာ ဖြစ်ပေါ်လာသည်။ထို့ပြင်မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ အိမ်နီးချင်းနိုင်ငံများထက် မြင့် တက်နေခြင်းသည်
ရင်းနှီးမြှပ်နှံမှု လိုသူလုပ်ငန်းရှင်များအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ၄င်းက ဆိုသည်။
အထူးစီးပွားရေးဇုန် ဥပဒေအား စတင်ပြဋ္ဌာန်းခဲ့ပြီးသည့် (၂ဝ၁၁) ခုနှစ်ဇန်နဝါရီလမှစ၍ ထားဝယ်၊ ကျောက်ဖြူ နှင့် သီလဝါအထူးစီးပွားဇုန်တို့အားဖော်ထုတ်ခဲ့ပြီးနောက် ၎င်းတို့နှင့် အနီးတဝိုက်ရှိ မြေနေရာများတွင်ဈေးနှုန်း များ အဆမတန်မြင့်တတ်ခဲ့ကြောင်းကိုလည်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုံ အနီးတဝိုက်ရှိ သန်လျင်မြို့နယ်ဘက်တွင်အထူးစီးပွားရေးဇုံအဖြစ် မဖော်ထုတ်မီက ပေ (၄၀) ပေ (၆၀) ခန့် ရှိသောမြေကွက်တစ်ခုသည် ကျပ်သိန်း (၃၀) ဝန်းကျင်ဖြင့် ဝယ်သူကို စောင့်မျှော်ရသည့် အနေအထားရှိခဲ့ပြီး ယနေ့အခါ အဆိုပါ မြေကွက်ကိုပင် ကျပ်သိန်း (၁၀၀၀)ကျော်ဖြင့် ဝယ်ယူရန်ပင် မလွယ်ကူဟု ဒေသခံကိုမြင့်စိုးထံက သိရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အချို့နေရာဒေသများ၌ မြေဈေးများအဆမတန်ဈေးများဖြင့် အရောင်းဝယ်ဖြစ်နေခြင်းက အိမ်ခြံမြေ၀ယ်ယူ၍
ရင်းနှီးမြှပ်နှံထားသည့် စီးပွားရေးလုပ်ငန်းရှင်များမှရေရှည်ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် ပြုလုပ် နေခြင်းကြာင့်ဖြစ်သည်ဟု
ပြည်တွင်းနှင့်နိုင်ငံတကာမှ စီးပွားရေးပညာရှင်များကသုံးသပ်ခန့်မှန်းကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ)က ဆက်ပြောသည်။
လက်ရှိအချိန်အထိ စီးပွားရေးဇုံများနှင့် အနီးတဝိုက်မြေနေရာများကိုစီးပွားရေးလုပ်ငန်းရှင်များ အဆမတန် ဈေးပေး၍ လိုက်လံဝယ်ယူမှုများရှိနေကြသည်။ အဆိုပါ နေရာများတွင် မြေကွက်များ လိုက်လံဝယ်ယူကြသူအများစုမှာလည်း တရုတ်လူမျိုးများ ဖြစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော လျှပ်စစ်မီးနှင့်ရေလုံလောက်စွာ မရရှိနိုင်သော ပြဿနာသည် အိမ်နီးခြင်းနိုင်ငံများနှင့်
ယှဉ်ပါကအားနည်းနေသေးသည့်အတွက် အိမ်ခြံမြေနှင့် ပတ်သတ်သည့် လုပ်ငန်းများ၊စက်ရုံ အလုပ်ရုံ လုပ်ငန်းများတွင် နိုင်ငံတကာမှရင်းနှီးမြှပ်နှံမှုများဝင်ရောက်ရန်အတွက် အဟန့်အတားတစ်ခု ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက
ခန့်မှန်းသုံးသပ်ကြသည်။
“သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေကိုနိုင်ငံတကာက ရုတ်သိမ်းပေးလိုက် ကြတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရေနဲ့လျှပ်စစ်မီး လုံလောက်စွာ မရရှိနိုင်တဲ့ အခက်အခဲ၊ အိမ်နီးချင်းနိုင်ငံအချို့ထက် အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေတဲ့ အခက်အခဲ စတာတွေကစီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ ၀င် ရောက်လာဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်”ဟု ပြည်တွင်းပြည်ပ Export/ Import ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောသည်။
လက်ရှိတွင် နိုင်ငံတကာမှ ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်ရန်အတွက် လာရောက် ဆွေးနွေးမှုများ ရှိနေကြပြီး အများစုမှာတရုတ်၊ ကိုရီးယား၊ ဂျပန် ၊ စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံတို့မှကုမ္ပဏီ များမှာ အများစုဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးလုံလောက်စွာမရရှိနို
“စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်းအိမ်ခြံမြေဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံတကာက
စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာဖို့ အဲဒီကိစ္စက အဟန့်အတားတစ်ခုဖြစ်စေပါ တယ်”ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောကြားသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပြီးနောက်ဒေသအလိုက် အိမ်ခြံမြေဈေး လှုပ်ခတ်မှုများ သိသာစွာ ဖြစ်ပေါ်လာသည်။ထို့ပြင်မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ အိမ်နီးချင်းနိုင်ငံများထက် မြင့် တက်နေခြင်းသည်
ရင်းနှီးမြှပ်နှံမှု လိုသူလုပ်ငန်
အထူးစီးပွားရေးဇုန် ဥပဒေအား စတင်ပြဋ္ဌာန်းခဲ့ပြီးသည့် (၂ဝ၁၁) ခုနှစ်ဇန်နဝါရီလမှစ၍ ထားဝယ်၊ ကျောက်ဖြူ နှင့် သီလဝါအထူးစီးပွားဇုန်တို့အားဖော်ထုတ်ခဲ့ပြီးနောက် ၎င်းတို့နှင့် အနီးတဝိုက်ရှိ မြေနေရာများတွင်ဈေးနှုန်း များ အဆမတန်မြင့်တတ်ခဲ့ကြောင်းကိုလည်
သီလဝါ အထူးစီးပွားရေးဇုံ အနီးတဝိုက်ရှိ သန်လျင်မြို့နယ်ဘက်တွင်အထူးစီးပွားရေးဇုံအဖြစ် မဖော်ထုတ်မီက ပေ (၄၀) ပေ (၆၀) ခန့် ရှိသောမြေကွက်တစ်ခုသည် ကျပ်သိန်း (၃၀) ဝန်းကျင်ဖြင့် ဝယ်သူကို စောင့်မျှော်ရသည့် အနေအထားရှိခဲ့ပြီး ယနေ့အခါ အဆိုပါ မြေကွက်ကိုပင် ကျပ်သိန်း (၁၀၀၀)ကျော်ဖြင့် ဝယ်ယူရန်ပင် မလွယ်ကူဟု ဒေသခံကိုမြင့်စိုးထံက သိရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အချို့နေရာဒေသများ၌ မြေဈေးများအဆမတန်ဈေးများဖြင့် အရောင်းဝယ်ဖြစ်နေခြင်းက အိမ်ခြံမြေ၀ယ်ယူ၍
ရင်းနှီးမြှပ်နှံထားသည့် စီးပွားရေးလုပ်ငန်းရှင်များမှရေရှည်ရင်းနှီးမြှပ်နှံမှုတစ်ခု
ပြည်တွင်းနှင့်နိုင်ငံတကာမှ စီးပွားရေးပညာရှင်များကသုံးသပ်ခန့်မှန်းကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ)က ဆက်ပြောသည်။
လက်ရှိအချိန်အထိ စီးပွားရေးဇုံများနှင့် အနီးတဝိုက်မြေနေရာများကိုစီးပွားရေးလုပ်ငန်းရှင်များ အဆမတန် ဈေးပေး၍ လိုက်လံဝယ်ယူမှုများရှိနေကြသည်။ အဆိုပါ နေရာများတွင် မြေကွက်များ လိုက်လံဝယ်ယူကြသူအများစုမှာလည်း တရုတ်လူမျိုးများ ဖြစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော လျှပ်စစ်မီးနှင့်ရေလုံလောက်စွာ မရရှိနိုင်သော ပြဿနာသည် အိမ်နီးခြင်းနိုင်ငံများနှင့်
ယှဉ်ပါကအားနည်းနေသေးသည့်အတွက် အိမ်ခြံမြေနှင့် ပတ်သတ်သည့် လုပ်ငန်းများ၊စက်ရုံ အလုပ်ရုံ လုပ်ငန်းများတွင် နိုင်ငံတကာမှရင်းနှီးမြှပ်နှံမှု
ခန့်မှန်းသုံးသပ်ကြသည်။
“သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေကိုနိုင်ငံတကာက ရုတ်သိမ်းပေးလိုက် ကြတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာရေနဲ့လျှပ်စစ်မီး လုံလောက်စွာ မရရှိနိုင်တဲ့ အခက်အခဲ၊ အိမ်နီးချင်းနိုင်ငံအချို့ထက် အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေတဲ့ အခက်အခဲ စတာတွေကစီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ ၀င် ရောက်လာဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်”ဟု ပြည်တွင်းပြည်ပ Export/ Import ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ဌေးက ပြောသည်။
လက်ရှိတွင် နိုင်ငံတကာမှ ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်ရန်အတွက် လာရောက် ဆွေးနွေးမှုများ ရှိနေကြပြီး အများစုမှာတရုတ်၊ ကိုရီးယား၊ ဂျပန် ၊ စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံတို့မှကုမ္ပဏီ များမှာ အများစုဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။