ဒေါ်အောင်ဆန်းစုကြည်၏
(၆၇)နှစ်မြောက် မွေးနေ့အားဂုဏ်ပြုသောအားဖြင့် ဇွန်လ (၁၉) ရက်နေ့မှစ၍
မန္တလေးမြို့ Green Bank Art Studio ခန်းမတွင် (၃)ရက် အကြာ “မင်္ဂလာပါ ၆၇”
ခေါင်းစဉ်ဖြင့် ပန်းချီပြပွဲ ကျင်းပမည် ဖြစ်သည်။
အဆိုပါ
ဂုဏ်ပြုပွဲမှ ရရှိလာသော အကျိုးအမြတ် ၅၀%အား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့်
ဦးဝင်းတင် ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း
ပန်းချီပြပွဲဖြစ်မြောက်ရေးတာဝန်ခံက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့
(၆၇)နှစ်မြောက်မွေးနေလေ၊ အဲ့ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီပွဲကို
ကျင်းပမှာပါ။ ရလာတဲ့ အကျိုးအမြတ် ၅၀ရာခိုင်နှုန်းကိုတော့
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်း ကို လှူမှာပါ၊
၅၀ရာခိုင်နှုန်းဆိုတော့ ဖောင်ဒေးရှင်း တစ်ခုကို ၂၅
ရာခိုင်နှုန်းဆီလှူမှာပေါ့” ဟု “မင်္ဂလာပါ ၆၇”
ပန်းချီပြပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးရာကျော်က ပြောသည်။
အဆိုပါ
ဖောင်ဒေးရှင်းနှစ်ခုကို လှူဒါန်းရခြင်းမှာ ပြည်သူများ၏ ပညာရေး ၊
ကျန်းမာရေးကိစ္စရပ်များကို လုပ်ကိုင် ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ပြီး
နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ထောက်ပံ့ပေးနေသောကြောင့်
လှူဒါန်းလိုခြင်းဖြစ်ကြောင်း သိရှိရသည်။
“မင်္ဂလာပါ
၆၇” ပန်းချီပြပွဲတွင် ပေါ့ထရိတ်ဖြင့် ရေးဆွဲထားသော
ဗိုလ်ချုပ်အောင်ဆန်းပုံများ ၊ ဒေါ်အောင်ဆန်း စုကြည်ပုံများနှင့် ကလေးငယ်များ
အန်အယ်လ်ဒီတံဆိပ်အား ခေါင်းတွင်ပတ်ထားသောပုံများပါဝင်မည်ဖြစ်သည်။
“အရင်တစ်ခေါက်တုန်းကတော့
MPP ရဲမြင့် တစ်ယောက်ထဲရဲ့ ပန်းချီပြပွဲဆိုတော့ အဲ့ဒီတုန်းက ဗိုလ်ချုပ်
အောင်ဆန်းပုံနဲ့  ဒေါ်အောင်ဆန်းစုကြည်ပုံ ပဲပါတယ်။ အခုတော့
ကျွန်တော်ဆိုရင် our country ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ ကလေးရဲ့ခေါင်းမှာမှာ
အန်အယ်လ်ဒီ အလံတံဆိပ်ကို ဆောင်းထားတဲ့ပုံလေးပေါ့ အဲ့ဒါက ဘာကိုရည်ရွယ်ပြီး
ဆွဲဖြစ်သလဲ ဆိုရင် နိုင်ငံရေး အပြောင်း အလဲတစ်ခုအပေါ်အရမ်းအားကျမိလို့ပါ”
ဟု ပန်းချီဆရာ ဦးဟန်ကျော်မိုးက ပြောသည်။
ပန်းချီကားများကို
ရောင်းချရာတွင်လည်း အနိမ့်ဆုံးကျပ် (၅)သောင်းမှ အမြင့်ဆုံး
(၅)သိန်းကျပ်အထိ ရောင်းချပေး မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
၂၀၁၂ခုနှစ်
ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင်
ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ် မြောက် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့်
“မင်္ဂလာပါ ၉၇ ၊ ၆၇” ဟူ၍ MPPရဲမြင့်၏ ပန်းချီကားများကို ရောင်းချခဲ့ရာ
လေးသိန်းရရှိခဲ့ခြင်းကြောင့် အန်အယ်လ်ဒီအဖွဲ့ချုပ်သို့
နှစ်သိန်းလှူဒါန်းခဲ့ကြောင်းကိုလည်း သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။