Wednesday, June 6, 2012

 ပြင်ပမှ ဆွေးနွေးဝေဖန် အကြံပြုချက်များသည်မိမိတို့အတွက် နားခါးသောစကားများဖြစ်သော်လည်း နားထောင်ရတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ပြင်ပ အဖွဲ့အစည်းများမှ ဆွေးနွေးဝေဖန် အကြံပြုချက်များသည် မိမိတို့အတွက် နားခါးသောစကားများ ဖြစ်သော်လည်း မိမိတို့အနေဖြင့် နားထောင်ရတော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

မြန်မာ့အချုပ်အလုပ် (CMP) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများကို Stakeholder စုပေါင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ဇွန်လ ၃ရက်နေ့က ကျင်းပခဲ့ရာ၌ တက်ရောက်လာသော အလုပ်သမားရေး လှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ စက်ရုံလုပ်ငန်းရှင်များ၊ အခြားစီးပွားရေး ပညာရှင်များက လက်ရှိအလုပ်သမားများ ဖြစ်ပေါ်နေသောကိစ္စများ ဖြေရှင်းရေးနှင့် CMP လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲသို့ တက်ရောက်သော အလုပ်သမားဝန်ကြီးဌာနနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ၀င်ရောက်ဆွေးနွေးပြီး ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီနေ့ဆွေးနွေးပွဲမှာ တင်ပြတာတွေအားလုံးကို ကျွန်တော်တို့က ဖိတ်ခေါ်တယ်။ နားခါးပါစေ ကျွန်တော်တို့ နားထောင်မယ်။ နားထောင်ရမယ်။ နားမထောင်ခဲ့လို့ ကျွန်တော်တို့ ဒီလိုဖြစ်တာ ယခုမှလည်း မဟုတ်ဘူး။ ခင်ဗျားတို့ ပြောကြ ဆိုကြ ဆွေးနွေးကြ။ နားခါးတယ်လို့ လုပ်လို့မရဘူး။ အဲဒီ နားခါးတယ်ပြောတာကိုက ကျွန်တော်တို့ ကြိုက်နေရမှာ။ ဥပမာအားဖြင့် ကျွန်တော့်ကို ကောင်းတယ်ပြောရင် ကျွန်တော်ကြိုက်တယ်ပေါ့။ ကျွန်တော့်ကို မကောင်းဘူးပြောရင် အတော်နားခါးတယ်။ အဲဒါကိုနားထောင်တတ်ရင် ဒီမိုကရေစီရောက်ပြီ''ဟု ဦးစိုးသိန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။