Wednesday, June 6, 2012

လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပေးပြီ

မြန်မာနိုင်ငံကို လျှပ်စစ်မီး အပြည့်အဝပေးနိုင်ရန် အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကလျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးခြင်းကို ပြည်တွင်း လုပ်ငန်းရှင်များ အပါအဝင် ပြည်ပမှ လုပ်ငန်းရှင်များ ကလည်း လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယခုအခါ  နိုင်ငံတော် အနှံ့ လျှပ်စစ်မီးများ အမြန်ရ ရှိစေရေး  အတွက်  နိုင်ငံတော် အစိုးရနှင့်အတူ  ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပါဝင်ရင်းနှီးပေးရန် အထူးလိုအပ်လျက်ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန  သည်  မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်မီးဓာတ်အားလိုင်းထည့်ဝင်ခြင်း ၊ မဟာ ဓာတ်အား   လိုင်းမှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးခြင်း ၊ မဟာဓာတ်အားလိုင်းမှ အပ အခြားသင့်တော် သည့် နေရာများတွင် လျှပ်စစ်ဓာတ်  အား ထုတ်လုပ် ဖြန့်ဖြူး ခြင်း နှင့် မဟာ  ဓာတ်အားလိုင်းမှ အဆိုပါ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း   များကို လုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ့ မှုကော်မရှင် ၊ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ၊ အမှတ်(၂)  လျှပ်စစ် စွမ်းအားဝန်ကြီး  ဌာန စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး   တက်ရေး ကော်မတီ  ဖုန်း ၀၆၇-၄၀၆၃၃၄ ၊၄၁၁၀၇၁၊၄၁၀၂၀၃ ၊၄၀၅၀၅၀၊ သို့ ဆက်သွယ် စုံစမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။