ယိုးဒယားဘတ်ဈေး
မြင့်တက်လာခြင်းကြောင့် ယိုးဒယားဘက်မှဝင်သော ကြက်မောက်သီးဝယ်ဈေး
မြင့်တက်နေသော် လည်း ပြန်လည်ရောင်းချရာတွင် အရှုံးခံ၍ ရောင်းချနေရကြောင်း
သီရိမင်္ဂလာဈေး သစ်သီးဒိုင်များက သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး
သီရိမင်္ဂလာဈေး သစ်သီးဈေးကွက်တွင်း ကြက်မောက်သီးဈေးနှုန်းမှာ မေလ
တတိယပတ်တွင် ကြက်မောက်သီး တစ်ဖာလျှင် ယိုးဒယားဘတ်ဈေး (၃၈) ဘတ်ရှိခဲ့ရာမှ
မေလ နောက်ဆုံးပတ်တွင် ကြက်မောက်သီးတစ်ဖာလျှင် ယိုးဒယားဘတ်ဈေး (၄၂)
ဘတ်ရှိပြီး ဘတ်(၄)ခန့် မြင့်တက်လာခဲ့ကြောင်း ၊ ထိုသို့မြင့်တက်လာသော်လည်း
မူလဈေးဖြင့်သာ အရှုံးခံ၍ ရောင်းနေရကြောင်း သိရသည်။
“နှစ်ပတ်လောက်တော့ရှိပြီ။ ဘတ်ဈေးတက်တော့ ယူဈေးကိုက တစ်သောင်းရှစ်ထောင်လောက်ဖြစ်နေတာ။
ဒီမှာပြန်ရောင်းတော့ ဈေးတက်ပြီး နှစ်သောင်းရောင်းလို့မရဘူး။
တက်ရောင်းရင် အ၀ယ်က မလိုက်တော့ဘူး။ ၀ယ်လက်ပျက်သွားမှာစိုးလို့
အရှုံးခံပြီးရောင်းနေ ရတယ်” ဟု ရွှေမြင့်မိုရ်သစ်သီးပွဲရုံမှ ကိုကျော်သူက
ပြောသည်။
ယခင်
ယိုးဒယားကြက်မောက်သီးတစ်ဖာ( ၂၂ ကီလိုဝင်၊ အလုံး ၅၀၀ ပါ) လျှင် (၁၆၀၀၀)
ကျပ်သာ ရှိခဲ့ သော်လည်း ယခုအခါ ယိုးဒယား ကြက်မောက်သီးတစ်ဖာ ( ၂၂
ကီလိုဝင်၊ အလုံး ၅၀၀ ပါ) လျှင် (၁၈၀၀၀) ကျပ်သို့ မြင့်တက်လာခြင်း
ဖြစ်သည်။
“ဈေးကတက်
မရောင်းတော့ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ကြက်မောက်သီးဆိုတာက ရေထိရင်
မဲပြီး ပုပ်တယ်။ ပူလွန်းရင်လဲ မဲပြီးပုပ်ကုန်ရော။ အဲ့ဒါမျိုးဆိုရင်
တစ်ဖာကို ၈၀၀၀ လောက်��ဲ့ အရှုံးခံပြီး ရောင်းရ ပြန်ရော။ ဒီနှစ်ကတော့
ကြက်မောက်သီးဈေး ကွက် ပျက်တဲ့ နှစ်လို့ ပြောလို့ရမယ်” ဟု
မြတ်သစ်သီးပွဲရုံမှ ကိုသန်းထွေးက ပြောသည်။
ကြက်မောက်သီးအား ထိုင်းနိုင်ငံမဲစောက်ဘက်မှယူ၍ ရန်ကုန်မှတဆင့် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ ပြန်လည်တင်ပို့ရောင်းချကြောင်း သိရသည်။
မေလလယ်ပိုင်းက ထိုင်း(၁)ဘတ်လျင် မြန်မာငွေ(၂၆)ကျပ်ဝန်းကျင်ရှိခဲ့ရာမှ
မေလကုန်ပိုင်းတွင် မြန်မာငွေ (၂၆)ကျပ်မှ (၂၇) ကျပ်ဝန်းကျင်သာ
မြင့်တတ်ခဲ့သဖြင့် ထိုင်းဘက်မှ ကြက်မောက်သီး ၀ယ်ရင်းဈေးမြင့်တတ်
ရခြင်းကြောင့် အသီးဈေးမြင့်တက် ရခြင်းဖြစ်ကြောင်းကိုလည်း သစ်သီးပွဲရုံများကဆိုသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။