Showing posts with label ယမင်း(မြစ်မခ). Show all posts
Showing posts with label ယမင်း(မြစ်မခ). Show all posts

Wednesday, September 12, 2012

ရွှေပြည်သာမှကျူးကျော်နေထိုင်သူများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်း


ရွှေပြည်သာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူများမှ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်နိုင်ရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးဆောင်ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

''အခုက ဒုတိယမြောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆန္ဒပြတောင်း ဆိုသွားမှာပါ။ ပထမ အကြိမ်တုန်းကလည်း ကျွန်မတို့ ပါတီကပဲ ဦးဆောင်ပြီးတော့ ကူညီပေးခဲ့တာပါ။ ‘ဒီလအတွင်းမှာပဲ မြို့နယ်ရဲတပ်ဖွဲ့ကို အဆင့်ဆင့် တင်ပြပြီး လုပ်စရာရှိတာ လုပ်သွားမှာပါ '' ဟု တစညပါတီမှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

Thursday, September 6, 2012

မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်ရန် စီစဉ်နေ


ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ပြန်လည် ထုတ်ချေးနိုင်ရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများမှချေးငွေ ရယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး အုန်းမြင့်က နေပြည်တော်   တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

Tuesday, September 4, 2012

အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် အသက်ရှူလမ်းကြောင်းနှင့် အခြားရောဂါများ လွယ်ကူစွာဝင်ရောက်နိုင်


အမှိုက်သိမ်းစနစ်ညံ့ဖျင်းမှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများဒဏ်မှ ကာကွယ်ရန် စည်ပင်သာယာရေးဝန်ကြီးဋ္ဌာန အနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် စနစ်တကျ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆို ကြသည်။

Saturday, August 18, 2012

ကုန်ကြမ်းရှားပါးမှုကြောင့် မွေးမြူရေးအစာဈေးနှုန်းများ သိသိသာသာမြင့်မားနေ


မွေးမြူရေးလုပ်ငန်းသုံးအစာဈေးကွက်တွင် ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ မြင့်တက်လျှက် ရှိသည့်အတွက် မွေးမြူရေးအစာရှာပါးမှုအခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။

Thursday, August 16, 2012

တိုင်းဒေသကြီး(၃)ခုတွင် ငါးမြစ်ချင်းခြစ် စားသုံးမှုစံချိန်တင်


ရန်ကုန်တိုင်းသားငါးကဏ္ဍတွင် ဈေးနူန်းသက်သာသောငါးမြစ်ချင်းခြစ်ဝယ်ယူစားသုံးမူ ဈေးကွက်မှာ ယခုနှစ်အတွင်း သိသိသာသာမြင့်မားလာပြီးမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အထိပါ ဈေးကွက်ကျယ်ပြန့်လာကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရှိရသည်။

Sunday, August 12, 2012

မိခင်နို့နှင့်အာဟာရပြည့်ဖြည့်စွက်စာ တိုက်ကျွေးခြင်းက ကလေးငယ်သေနှုန်းလျှော့ချနိုင်


ကလေးငယ်များ အသက်ငယ်ရွယ်စဉ်ကာလအတွင်း မိခင်နို့အပါအဝင် ဖြည့်စွက်အာဟာရပြည့်ဝစွာ ကျွေးမွေးမှုမှာ ကလေးအသက်ရှင်သန်နှုန်းနှင့် တိုက်ရိုက် သက်ဆိုင်မှုရှိကြောင်း အမျိုးသားအဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနက သိရှိရသည်။

Friday, August 10, 2012

အခြေခံပညာကျောင်းသားကျောင်းသူများအား ပညာသင်နှစ်ကုန်ထိ နွားနို့တိုက်ကျွေးမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအားသြဂုတ်လ (၁၄)ရက်နေ့မှ ယခုပညာသင် နှစ်ကုန်ပိုင်းအထိ  နွားနို့တိုက်ကျွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေုးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။

Thursday, August 9, 2012

စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်


ကမ္ဘာလှည့်ခရီးသည်များ တည်းခိုမှုအခက်အခဲအဆင်ပြေစေရန် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံးချုပ်အား အဆင့်မြင့်ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရှိရသည်။

Tuesday, August 7, 2012

အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို


အသက်ကြီးမှအိမ်ထောင်ကျသူများအနေဖြင့် ကလေးယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိသည့် အုပ်စုအတွင်းသို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောဆိုကြသည်။

Friday, August 3, 2012

အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်


အချိုရည်နှင့် အားဖြည့်အချိုရည်များအား အလွန်အကျွံသောက်သုံးခြင်းဖြင့်အရိုးပါး ရောဂါ ၊ဆီးလမ်းကြောင်းကျောက်တည် သည့်  ရောဂါ၊ဆီးချိုနှင့်အဝလွန်ရောဂါများပါဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များထံကသိရှိရသည်။

Wednesday, August 1, 2012

ဂျပန်ရုပ်သံလိုင်းတွင် ပြသရန် စစ်ခုံရုံးဖြစ်ခဲ့သောမြို့တော်ခန်းမအား မှတ်တမ်းရိုက်ကူး


မြန်မာနိုင်ငံစစ်ခုံရုံးသမိုင်းမှတ်တမ်းအား ဂျပန်ရုပ်သံလိုင်းတွင် ပြသရန်အတွက် ဂျပန်နိုင်ငံရှိ တိုကျို သတင်းထုတ်လွှင့်ဋ္ဌာန မှရန်ကုန်မြို့တော်ခန်းမတွင် (၃)မိနစ်စာ မှတ်တမ်းဇာတ်လမ်းအား ဂျပန်ရိုက်ကူးရေးအဖွဲ့က လာရောက်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

Thursday, July 26, 2012

အဆင့်မြင့်ဈေးအဖြစ်အသွင်ပြောင်းတော့မည့် တာမွေရာပြည့်ဈေး

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ယခုနှစ်မိုးအကုန်ပွင့်လင်းရာသီတွင်အကောင်အထည်   ဖော်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)ကသိရှိရသည်။

Tuesday, July 24, 2012

ရန်ကုန်မြို့ရှိ (၆)လမ်းသွားလမ်းမကြီး (၅)လမ်းအား ထပ်ပိုးကတ္တရာခင်းမည်

ရန်ကုန်မြို့တွင်းရှိ (၆)လမ်းသွား လမ်းမကြီး (၅)လမ်းအား ယခုနှစ် စက်တင်ဘာလအတွင်း ထပ်ပိုးကတ္တရာခင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  သိရှိရသည်။

Friday, July 20, 2012

သြဂုတ်လအတွင်း ကျင်းပမည့် ဂီတအစည်းအရုံး အမှုဆောင်(၅၉)ဦး ရွေးကောက်ပွဲ

မြန်မာနိုင်ငံဂီတအစည်းအရုံးအား ပြန်လည်ဖွဲ့စည်းရန်အတွက် အမှုဆောင်အဖွဲ့ဝင်ရွေးကောက်ပွဲကို သြဂုတ်လအတွင်း   ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ဂီတအစည်းအရုံးမှ သိရသည်။  
ဂီတအစည်းအရုံးပြန်လည်ဖွဲ့စည်းရန်အတွက် အလွှာ(၆)လွှာမှ အမှုဆောင်အဖွဲ့ဝင် ရွေးကောက်ပွဲအားယခင်က ဇူလိုင်( ၂၄)ရက်မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဟု ယာထားခဲ့သော်လည်း ယခုအခါ အကြောင်းအမျိုးမျိုး ကြောင့် သြဂုတ်လသို့ ရက်ရွှေ့လိုက်ခြင်းဖြစ်သည်။  

Thursday, July 19, 2012

(၆၅)နှစ်မြောက်အာဇာနည်နေ့တွင်သံအမတ်ကြီးများအားပန်းခွေချခွင့်ပြန်ပေးခဲ့

ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျဆုံးခဲ့သောနိုင်ငံခေါင်းဆောင်ကြီးများအားဂုဏ်ပြုနိုင်ရန်အတွက် ယခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့မှစ၍ နိုင်ငံတကာမှသံတမန်ကြီးများအား ရန်ကုန်မြို့ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၌ လွမ်းသူပန်းခွေချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဝန်ကြီးဌာနက သိရှိ ရသည်။ 
 

ကျပ်သန်းလေးသောင်းကျော်ရင်းနှီး၍ ပုဂ္ဂလိကအာမခံလုပ်ကိုင်လိုသော ကုမ္ပဏီ(၂၀)ရှိနေ

မြန်မာနိုင်ငံတွင် နှစ်(၂၀)ကျော်ကာလတွင်း ကျပ်သန်းလေးသောင်းကျော် အရင်းအနှီးပြုကာလုပ်ကိုင်လိုသောပုဂ္ဂလိကအာမခံကုမ္ပဏီ (၂၀)အား သြဂုတ်လအတွင်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းက သိရှိရသည်။
 

Tuesday, July 17, 2012

ဝမ်းပျက်ဝမ်းလျောဖြစ်ပါက ဓါတ်ဆားရည်ပိုမိုသောက်သုံးသင့်ဟုပညာရှင်များအကြံပြု

မိုးရာသီတွင် အဖြစ်များသော ၀မ်းပျက်ဝမ်းလျောရောဂါအားပျောက်ကင်းလိုမှုကြောင့်   ဆေးမှားယွင်းစွာ   သောက်သုံးမိပါက ၀မ်းဗိုက်ဖောင်းတင်းကာ အူပုတ်သည်မှအစ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။
 

Monday, July 2, 2012

ငါးဗိုက်ထဲသို့ ရေခဲချောင်းထည့်၍ ရေရှည် Export ပြုလုပ်ပါက ဈေးကွက်ပျက်စီးနိုင်

ပြည်ပပို့ကုန်အဖြစ် ငါးဝမ်းဗိုက်ထဲသို့ ရေခဲချောင်းများထိုးထည့်၍ တင်ပို့ခြင်းသည် ငါးဈေးကွက်အား ထိခိုက်စေကြောင်း  ငါးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။ 
 
ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသော မြန်မာပို့ကုန်ငါးများအား ငါးဝမ်းဗိုက်ထဲသို့ ရေခဲချောင်းများ ထိုးထည့်၍ တင်ပို့ခြင်းသည် အသားက ရေနှင့်တိုက်ရိုက်ထိကာ အသားထဲ ရေရောက်သွား၍ ပွစိစိဖြစ်သွားနိုင်ကြောင်းနှင့် ထိုသို့ဆက်လက်တင်ပို့နေပါက မြန်မာပြည်ငါးဈေးကွက်မှာ  ပျက်စီးသွာမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 

စွမ်းအင်မလုံလောက်၍ ရေထွက်ကုန်ပစ္စည်းစက်ရုံ အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဟု ငါးဦးစီးကဆို

မြန်မာနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်းစက်ရုံများအရှုံးပေါ်နေရခြင်းမှာ ကုန်ကြမ်းရှားပါးလာခြင်းကြောင့် မဟုတ်ပဲ စွမ်းအင် မလုံလောက်ခြင်းကြောင့်   အချိန်ပြည့်မလည်ပတ်နိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၊ အရည်အသွေးစစ်ဆေးရေး ဌာနက သိရှိရသည်။  
 

Friday, June 29, 2012

ငါးမဖမ်းရကာလအတွင်း တနင်္သာရီကမ်းနီးဒေသများ၌ ကန့်သတ်ချက်ဖြင့် ငါးဖဖ်းခွင့်ပေး

 





တနသာင်္ရီတိုင်းဒေသကြီး ကမ်းနီးဒေသများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရန် ငါးမဖမ်းရ တားမြစ်ကာလအတွင်း သတ်မှတ်ချက်နှင့် ငါးဖမ်းဆီးခွင့်ပြုထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီး ဌာနက သိရှိရသည်။