Thursday, July 26, 2012

အဆင့်မြင့်ဈေးအဖြစ်အသွင်ပြောင်းတော့မည့် တာမွေရာပြည့်ဈေး

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ယခုနှစ်မိုးအကုန်ပွင့်လင်းရာသီတွငအကောင်အထည်   ဖော်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)ကသိရှိရသည်။

တာမွေမြို့နယ်ရှိရာပြည့်ဈေးအား(၁၂)ထပ်အဆောက်အဦး၊အဆင့်မြင့်ဈေးအဖြစ် အောင်ကောင်းကျောကုမ္ပဏီ  က(၂)နှစ်အတွင်းအပြီးဆောက်လုပ်ရနတာဝန်ယူထားကြောင်း သိရသည်။ 
 
ဈေးသူဈေးသားတွေရဲ့ တောင်းဆိုမှုကြောင့် ဆောက်ပေးရတာပါ။ အခု ဈေးသူဈေးသားတွေအတွက် ယာယီဈေးဆောက်ပေးဖို့ နေရာရှာနေပါတယ်။ အဆင့်မြင့်ဈေး ဆောက်ပြီးသွားပြီဆိုရင်လည်း   ဈေးသဈေးသားတွေကိုသူ့ဆိုင်ခန်းနဲ့သူ ပြန်ပေးပြီး သူတို့အနေနဲ့ ငွေကုန်ကျမှုမရှိပါဘူး ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(ဈေးများဌာန)မှ ဒုတိယဌာနမှူး က ပြောသည်။
 
လက်ရှိ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား ရာပြည့်(အားကစားကွင်း)ကွင်း ဟုခေါ်ဆိုခဲ့ကာ ၁၉၈၉ ခုနှစ်မှစ၍ ဈေးရုံများအဖြစ် ပြောင်းလဲခဲ့၍ အဆိုပါ ဈေးရုံအတွင်း ဆိုင်ခန်းပေါင်း (၆၀၀)ကျော်ရှိကြောင်း သိရှိရသည်။
 
ရာပြည့်ဈေးကို အဆင့်မြင့်ဈေးဆောက်ပေးမယ်ဆိုတော့ ကောင်းတာပေါ့။ အခုက မိုးတွင်းဆိုတော့ ကျွန်မ တို့လည်း ဈေးဝယ်ရတာ အဆင်မပြေဘူး။ မိုးစိုပြီး ရွှံ့တွေဗွက်တွေလည်း ရှိတော့ ညစ်ပတ်နံစော်နေတာပဲ။ ဒီလိုဆောက်ပေးမယ်ဆိုတော့ ဈေးသည်တွေအတွက်လည်း ကောင်းတာပေါ့ ဟု တာမွေမြို့နယ်မှ ဒေါ်နုကြည် က ပြောသည်။ 
 
ရန်ကုန်တိုင်းဒေသကြီးတွင်း မြို့အဂါင်္ရပ်နှင့်ညီညွတ်စေရန်အတွက် ဈေးရုံများအား အဆင့်မြင့်ဈေးများအဖြင့် ပြောင်းလဲတည်ဆောက်မှုများရှိလာပြီး လက်ရှိတွင် အလုံမြို့နယ်ရှိ ဆင်မင်းဈေးအား အဆင့်မြင့်ဈေးအဖြစ် စတည်အကောင်အထည်ဖော်ဆောက်လုပ်နေပြီဖြစ်သည်။
 
တာမွေမြို့နယ်ရှိ ရာပြည့်ဈေးနှင့် ရန်ကင်းမြို့နယရှိ ဘောက်ထော်ဈေးတို့အားအဆင့်မြင့်ဈေးများအဖြစ်တည်ဆောက်ရန်   ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းသိရှိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။