Thursday, July 26, 2012

 ထိုင်းမှမြန်မာသို့ ရေလမ်းကြောင်းမှ မှောင်ခိုကုန်သွယ်နေမှုများအား တပ်မတော်ရေမှ ဖမ်းဆီးကျပ်သိန်း ၁၄၀၀ ၀န်းကျင် တန်ဖိုးရှိ စားအုန်းဆီ၊ စားသောက်ကုန်များ ဖမ်းမိ

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနေမှုများအား စတင်ဖမ်းဆီးလျက်ရှိကြောင်းနှင့် လက်ရှိတွင် ကျပ်သိန်း ၁၄၀၀ ၀န်းကျင်တန်ဖိုးရှိ မှောင်ခိုတင်သွင်းလာသည့် စားသောက်ကုန်များ ဖမ်းဆီးရမိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ သူများထံမှ သတင်းရရှိပါသည်။

''မှောင်ခိုတင်သွင်းမှုတွေကို အခု တပ်မတော်ရေကလည်း စောင့်ကြပ်ဖမ်းဆီးပေးတယ်။ ကော့သောင်းနဲ့ မြိတ်ကြားက ပင်လယ်ရေပြင်ကို အသုံးပြုပြီး မှောင်ခိုတင်သွင်းတာတွေကို ဖမ်းမိတယ်။ မှောင်ခို တင်သွင်းတာတွေနဲ့ ပတ်သက်ပြီး အထောက်အထားတွေကို နိုင်ငံတော် သမ္မတရုံးကိုလည်း တင်ပြခဲ့သလို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့တယ်။ အခုဆက်တိုက် ဖမ်းဆီးမှု စလုပ်တယ်လို့ ပြောရမှာပေါ့''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနယ်စပ်မှ မှောင်ခိုကုန်သွယ်ရာတွင် ကော့သောင်းဘက်မှ အဆိုပါက စက်တပ်ရေယာဉ်များကို အဓိက အသုံးပြုတင်သွင်းကြောင်း၊ ကွင်းဆင်းစစ်ဆေးထားသည့် အချက်များအရ စားသောက်ကုန်နှင့် စက်သုံးဆီမှောင် ခိုတင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းမှုမှာ အများဆုံးဖြစ်ပြီး တရုတ်နယ်စပ်မှ မှောင်ခိုတင်သွင်းမှုမှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။