
ပင့်သံဃာအပါး ၁၀၀၀အား ၀ါဆိုသင်္ကန်း၊ စတီး သပိတ်နှင့် ပရိက္ခရာများ ဆက်ကပ်လှူဒါန်းစဉ်
ရွှေ ၁၉ ကျပ်သားရှိ စိန်နှင့် ကျောက်မျက်ရတနာ စီခြယ်ထားသော ဆွဲသီးဆက်ကပ် လှူဒါန်းခြင်းနှင့် အတူ ထိုင်းနိုင်ငံကြည်းတပ်မတော် ဒုတိယအကြီးအကဲရုံးနှင့် စီမံကိန်း ဌာနအကြီးအကဲ General Jaraysak Arnupab (Royal Thai Army) ဦးဆောင်သော အလှူရှင်အဖွဲ့မှာ မန္တလေးမြို့ပေါ်ရှိ ပင့်သံဃာအပါး ၁၀၀၀အား ၀ါဆိုသင်္ကန်း၊ စတီး သပိတ်နှင့်ပရိက္ခရာများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး၊ ၀ါဆိုကျောင်းတိုက် ဆရာတော်ကြီး၊ မြတောင်ကျောင်းတိုက် ရွှေဝါ၀င်းကျောင်းဆရာတော်ကြီးနှင့် ထိုင်း နိုင်ငံမှကြွရောက်လာကြသော ဆရာတော်ကြီးများ ကြွရောက်ခဲ့ကြသည်။
ယင်းသို့လှူဒါန်းမှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (မန္တလေးတိုင်း ဒေသကြီး) ၏ ပံ့ပိုးကူညီမှုဖြင့် Trisikkha Bhavana Academy (သိက္ခတ္တယဘာဝနာဓမ္မရိပ်သာအသင်း) က လာရောက်ပြုလုပ်ခြင်းဖြစ်ပြီး ရွှေ ၁၉ကျပ်သားရှိ စိန်နှင့်ကျောက်မျက် ရတနာစီခြယ်ထားသော ဆွဲသီးလှူဒါန်းမှုကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က လက်ခံဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။