နေအိမ်ရပ်ကွက်အတွင်း မြစ်ရေ၀င်ရောက်နေစဉ်
စစ်တောင်းမြစ်အနီးဝန်းကျင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်
ရက်သတ္တတစ်ပတ်ကျော်မျ မိုးများ အဆက်မပြတ်ရွာသွန်းသဖြင့်
စစ်တောင်းမြစ်ရေမြင့်တက်လာကာ တောင်ငူခရိုင်အတွင်း စစ်တောင်မြစ်
နဘေးကျေးရွာများနှင့် မြို့ပေါ်အနိမ့် ပိုင်းရပ်ကွက်များအတွင်းသို့ မြစ်ရေ
များစတင်ဝင်ရောက်လျက်ရှိပြီး လယ်မြေစပါးစိုက်ခင်းများအတွင်း
ဝင်ရောက်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၃ ရက်နေ့မှစတင်ကာ မြစ်ရေ
အမှတ်သိသိသာသာမြင့်တက်လာပြီး တောင်ငူခရိုင်စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၅
ရက် နေ့၊နံနက် ၆ နာရီ ခွဲအချိန်တိုင်းထွာချက်အရ ၄၈၈
စင်တီမီတာသို့ရောက်ရှိလာရာမှ ယင်းနေ့နံနက် ၁၀ နာရီခွဲအချိန်
တိုင်းထွာချက်အရ ၅၂၂ စင်တီ မီတာသို့ရောက်ရှိနေပြီး လတ်တလော၌
တောင်ငူခရိုင်အတွင်း မိုးနည်းပါးသော်လည်း စစ်တောင်းမြစ်အောက်ပိုင်းနှင့်
အထက်ပိုင်းများတွင် မိုးရွာသွန်းလျက်ရှိသည်။ ထို့ကြောင့်
မြစ်ရေတောင့်နေသဖြင့် မြစ်ရေလျော့ကျမှုနည်းပါးကာ
မြစ်ရေတိုးလာနိုင်သောကြာင့်နောက် ၂၄ နာရီအတွင်း တောင်ငူမြို့၏
စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း တောင်ငူခရိုင်
မိုးဇလဦးစီးဌာနဦးစီးမှူး ဦးမျိုးမြင့်အောင်မှ ပြောကြားသည်။
နေအိမ်ရပ်ကွက်အတွင်း မြစ်ရေ၀င်ရောက်နေစဉ်
''ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ပြည်တောင်ပိုင်းမှာ (Vicente)
မုန်းတိုင်းတစ်ခု ၀င်သွားတယ် အဲဒီမုန်တိုင်းက တရုတ်ကမ်းခြေကနေ
အနောက်ဘက်တည့်တည့် မြန်မာနိုင်ငံ အလယ်ပိုင်းဘက်ကို ဦးတည်လာနေတယ်၊ ဒါပေမယ့်
မုန်တိုင်းတော့ မဟုတ်ဘူး၊ အရှိန်လျော့တဲ့ ကုန်းတွင်းမုန်တိုင်းအနေနဲ့
ဝင်လာတာ အခုထိုင်းနိုင်ငံဘက်ကို ဖြတ်လာနေပြီ သူကမိုးရွာမှုကို
အာပေးတဲ့တိမ်တိုက်တွေ ပါလာမယ်။ ဒါကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ
မိုးပိုလာနိုင်တယ်နောက်ပြီးတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ
ငြိမ်သက်သွားတဲ့ မုတ်သုံလေက ပြန်ပြီး အားကောင်းလာတဲ့အတွက်
ကမ်းရိုးတန်းဒေသတွေနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးပိုပြီးရွာပါမယ်၊
တောင်ငူမှာက မိုးနည်းပေမယ့် စစ်တောင်းမြစ်အနေနဲ့ကြည့်ရင် အထက်ဘက်မှာရော
အောက်ဘက်မှာရော မိုးကောင်းနေပါတယ်။ စစ်တောင်းမြစ်အောက်ဘက် ရွှေကျင်မြို့နဲ့
မဒေါက်မြို့တွေဆိုရင် စိုးရိမ်ရေအမှတ် ထုတ်ပြန်ထားရပါတယ်''ဟု တောင်ငူခရိုင်
မိုးဇလဦးစီးအရာရှိ ဦးမျိုးမြင့်အောင်မှ ပြောကြားသည်။
နေအိမ်ရပ်ကွက်အတွင်း မြစ်ရေ၀င်ရောက်နေစဉ်
''၀ါထပ်တဲ့နှစ်က ရေကြီးမှာ ကြောက်ရတယ်၊ဒီမှာက ၃ နှစ်မှ
တစ်ခါရေကြီးတတ်တာမျိုးဆိုတော့ မနှစ်ကရေကြီးထားပြီးတော့
ဒီနှစ်မကြီးလောက်ဘူးလို့လည်း ထင်တာ အခုရေကတက်လာတယ် တစ်ဖြည်းဖြည်းချင်း
တက်လာတာ မဟုတ်ဘူး ရေတက်တာက ကြမ်းတယ်။ ၀ါးလုံး ထိုး တစ်ဟုန်ထိုး
တက်လာတာမျိုး။ မနေ့ညနေ ၆ နာရီကျော်မှာ စပြီး တက်လာတာပါ လူတွေကတော့
နေလို့ရပါသေးတယ် ၀က်တွေ၊ ကျွဲနွားတိရိစ္ဆာန်တွေကိုတော့
ကုန်းတွေပေါ်ရွှေ့ထားရတယ်''ဟု တောင်ငူမြို့ ၉ ရပ်ကွက်၊ကြက်သျာ
ကုန်းရပ်တွင်နေထိုင်သူ ကိုကျော် ဆန်းမှပြောပါသည်။
တောင်ငူခရိုင်တွင် ၂၀၁၁ ခုနှစ်မိုးရာသီကာလ၌ မြစ်ရေကြီးမှု ၅
ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့ပြီး ၂ လ ကျော်မျှ ရေကြီးလွှမ်းမိုးမှု
ဖြစ်ပွားခဲ့ကာ မြစ်ရေအမှတ် ၆၇၅ စင်တီမီတာအထိ အမြင့်ဆုံးမြင့် တက်ခဲ့ပြီး
တောင်ငူမြို့စစ်တောင်း မြစ်၏ စိုးရိမ်ရေအမှတ်မှာ ၆၀၀ စင်တီမီတာ ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။