
နယ်မှလာသောတက္ကသိုလ်ကျောင်းသားအများစုမှာ ၄င်းတို့စီးနင်းနေသော ဆိုင်ကယ်များအားတက္ကသိုလ်များအနီးဖွင့်လှစ်ထားသော အပေါင်ဆိုင်များ၌ အတိုးနှုန်းကြီးမြင့်စွာဖြင့် ပေါင်နှံမှုမှာ ယခင်နှစ်များကထက် ပိုမြင့် တက်လာကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသား အသိုင်းအ၀ိုင်းက သိရသည်။
‘အိမ်ကငွေမရောက်ခင် အသုံးပြတ်တော့ လတ်တလောအဆင်ပြေဖို့အတွက်
ရှိတဲ့ဆိုင်ကယ်ကို (၁၀)တိုးနှုန်းနဲ့ အပေါင်ဆိုင်မှာ သွားထားရတယ်၊
အပေါင်ဆိုင်တွေက ဆိုင်ကယ်ဆို အများဆုံး တစ်သိန်းအထိပဲပေးတယ်၊
အိမ်ကငွေပို့တဲ့အချိန်ကျမှ သွားယူရတယ်’ ဟု
ရတနာပုံတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ မန္တလေးနည်းပညာတက္ကသိုလ်နှင့်
တက္ကသိုလ်တွင် တက်ရောက်နေသောကျောင်းသားအများစုမှာနယ်မှလာရောက်ကြ၍
ယခုနှစ်တွင် မန္တလေးတိုင်းနှင့် အနီးတစ်ဝိုက်ရှိ ဒေသများ၌ မိုးခေါင်၍
စိုက်ပျိုးရေး လုပ်ငန်း မအောင်မမြင်ဖြစ်ကာ မိဘများမှာ သားသမီးများထံသို့
ငွေကြေးအလျင်မီပို့ဆောင်ရန် အခက်အခဲရှိနေခြင်း ကြောင့် ယခုကဲ့သို့
ပေါင်နှံသုံးစွဲမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
ကျောင်းသားများလာပေါင်နှံသော ဆိုင်ကယ်အများစုမှာ
လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ပြီး အတိုးများသောကြောင့်
အချို့ကျောင်းသားများမှာ ပြန်မရွေးနိုင်ပဲ
အပေါင်ဆုံးခံလိုက်ရသူများလည်းရှိကြောင်း၊ ယခင်နှစ်များကထက် ပေါင်နှံမှုမှာ
တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်နေခြင်းဖြစ်ကြောင်းကိုလည်း
သိရှိရသည်။ “ကျမတို့က ရွှေထည်ပစ္စည်းဆိုရင် လေးကျပ်တိုးနဲ့လက်ခံတယ်၊
ဆိုင်ကယ်ဆိုရင်တော့ တစ်ဆယ်တိုး နဲ့သတ်မှတ်ထားတယ်၊ ဆယ်စီးဆိုရင်
နှစ်စီးလောက်က လာမရွေးတော့တာများတယ် ဒီတော့ကျမတို့လည်း ငွေပြန်ပေါ်အောင်
သင့်တဲ့ဈေးနဲ့ ပြန်ရောင်းရတယ်၊ လာမရွေးတော့
ကျမတို့အတွက်အလုပ်ရှုပ်တာပေါ့’ ဟု ပုသိမ်ကြီးမြို့နယ် GTC တက္ကသိုလ်အနီးမှ
အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ အပေါင်ဆုံးသောဆိုင်ကယ်များအား
ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်နှင် အပေါင်ဆိုင်များ
ပြန်လည်ရောင်းချလေ့ရှိကြောင်း ကိုလည်း စုံစမ်းသိရသည်။ ဆိုင်ကယ်ပေါင်နှံသော
ကျောင်းသားအများစုမှာ နယ်မှလာသောအခြေခံလူတန်းစားများ၏ သားသမီးများ
ဖြစ်ကြောင်းကိုလည်း အပေါင်ဆိုင်ပိုင်ရှင်များထံက သိရှိရသည်။
ကျောင်းသားများပေါင်နှသုံစွဲနေခြင်းနှင့်ပတ်သက်၍ နည်းပညာတက္ကသိုလ်မှ
ကထိကတစ်ဦးက ၄င်း၏အမြင်ကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။ ’
မိဘကငွေကို လုံလုံလောက်လောက်မပို့နိုင်တော့ မရှိရှိတာရှာသုံးရတောတယ်၊
မိဘရဲ့စီးပွားရေးနဲ့လည်းဆိုင်တယ် ကျောင်းသားတွေရဲ့အသုံးစရိတ်ပေါ်မှာလည်း
မူတည်တယ် အဓိကကတော့ ကျောင်းသားတွေ အနေနဲ့ မိဘရဲ့စီးပွားရေးကိုကြည့်ပြီး
စေ့စေ့စပ်စပ်သုံးတတ်ဖို့လိုတယ်’ဟု၎င်းနည်းပညာတက္ကသိုလ်ကထိကမှ ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။