Thursday, March 28, 2013

ကလေးမြို့တွင် ကောလာဟလအချို့ကြောင့် အထိတ်တလန့် ဖြစ်ပေါ်

၂၀၁၃ ခုနှစ် မတ်လ ၂၈ ရက် နေ့ နံနက် ၁၀ နာရီခန့် က အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ ဆိုင်ကယ်စီး လူတစ်ဦးမှ ကလေးမြို့ မြို့မဈေးအနီး ဗလီရှေ့တွင် ဆူပူလှုံ့ဆော်စေရန်ရည်ရွယ်ချက်ဖြင့် အော်ဟစ်သွားသည်ဟု သိရပါသည်။

"ဘယ်လို အော်သွားတယ်ဆိုတာ မသိလိုက်ဘူး ။ ဒီလို အော်လိုက်တော့ ဗလီဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေက ထပြေးကုန်ပြီး အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ နောက်လုံခြုံရေးတွေလည်း ချက်ချင်းရောက်လာတယ်။ ဘာမှ မဖြစ်လိုက်ပေမယ့် လူတွေ အထိတ်တလန့် ဖြစ်ကုန်ပါတယ်" ဟု အခင်းဖြစ်ပွားရာသို့ သွားရောက် ကြည့်ရှုသူ ဒေသခံက ပြောကြားခဲ့ပါသည်။

အဆိုပါ ဆူပူလှုံ့ဆော်စေရန် ရည်ရွယ်ချက်ဖြင့် အော်ဟစ်နေသည်မှာ မတ်လ (၂၆) ရက်နေ့ ည ၁၀ နာရီခွဲခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။

"မြို့လူထု အထိတ်တလန့် မဖြစ်အောင်အတွက် အခုမြို့ထဲမှာ အသံချဲ့စက်နဲ့ လှည့်ပြီး ကြေငြာပါမယ် ။ ကောလာဟလတွေ ဖြစ်နေတယ်။ အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သူတွေကို သတင်းပေးဖို့ ကြေငြာပါမယ်။ ညဖက်ကျရင်လည်း လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကလေးမြို့ပေါ်က လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကင်းလှည့်ဖို့ လုပ်မယ် "ဟု နေသာ ပညာဒါန ဆရာတော် ဦးဓမ္မိက က  မိန့်ကြားခဲ့ပါသည်။

ကလေးမြို့၏ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး ကောလာဟလ ထွက်ပေါ်ခဲ့ရာ ဗလီအနီး၌ တပ်မတော်သားများနှင့် ရဲအစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူနေကြောင်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။