မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ရေနေဇီဝမျိုးစုံ
မျိုးကွဲများ လေ့လာသုတေသန ပြုလုပ်ခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ
စီမံခန့်ခွဲမှုများ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Saitama University, Department of Environmental Science
မှ တွဲဖက်ပါမောက္ခ Mr-Takeshi Fujino နှင့် မြန်မာနိုင်ငံမှ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းထွန်းတို့သည် မေလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌
တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရှိရသည်။