Monday, June 4, 2012

 မူလတန်းကျောင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းကျော်အား ပညာသင်နိုင်ရေး ကူညီပေးမည်

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ၂၀၁၁-၁၅ ငါးနှစ်တာ လုပ်ငန်းအစီအစဉ်အရ နှစ်စဉ်နှစ်တိုင်း မြို့နယ်၂၅ မြို့နယ်ရှိ မူလတန်းကျောင်းပေါင်း ၄၀၀၀ ရှိ ကလေးငယ် လေးသိန်းငါးသောင်းကျော်ကို ပညာသင်ကြားနိုင်ရေးအတွက် အကူ အညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ယခုနှစ်အတွက် ယူနီဆက်၏ ငွေကြေးသုံးစွဲမှုမှာ အမေရိကန်ဒေါ်လာသန်း ၄၀ သတ်မှတ်ထားကြောင်းနှင့် ငွေကြေးထောက်ပံ့မှုများသည် မြန်မာနိုင်ငံအပေါ် ထောက်ပံ့နေသည့် နိုင်ငံတကာမှ အလှူရှင်များအပေါ်တွင် မူတည်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကလေးအသေအပျောက် လျော့နည်းရေးနှင့် မူလတန်းကျောင်း အပ်နှံရေး လုပ်ငန်းစဉ်များတွင် ကောင်းမွန်သည့် တိုးတက်မှုရှိသော်လည်း ကလေးသူငယ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် မူလတန်းပညာ သင်ကြားနိုင်ရန် ကျောင်းအပ်နှံသော်လည်း ကျောင်းပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန်နှင့် ပညာရေးအရည်အသွေး အဆင့်အတန်း ကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန်လိုကြောင်းနှင့် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရန်နှင့် ဆုံးခန်းတိုင် ပညာသင်ယူနိုင်ရန် ကြိုးပမ်းဆောင် ရွက်မှုများ လိုအပ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။