Monday, June 4, 2012

လောင်စာဆီ မပါသော ငြိမ်းချမ်းရေး ယာဉ်ကြီး ကချင်ပြည်နယ်သို့ မရောက်နိုင်

    ငြိမ်းချမ်းရေး  ဆိုသော  စကားလုံးသည်  အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က  ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။
 
       အခက်အခဲများ ရှိမည်ကို တွေးမိပါသည် ။ ထိုအခက်အခဲများ ဖြေရှင်းနိုင်သော နည်းလမ်းမှာ နှစ်ဘက်ခေါင်းဆောင်များ အတ္တတွေဖြေလျှော့ ပြီး ဒုက္ခရောက်နေသော ပြည်သူတွေဂရုနာနှင့် ကိုယ်ချင်းစာတရားထားလိုက်လျှင် ငြိမ်းချမ်းရေးယာဉ်ကြီး ခရီးနှင်လို့ ရမည်မှာ အသေအချာ ပင် ဖြစ်ပါသည် ။

      ငြိမ်းချမ်းရေး ယာဉ်အတွက် လိုနေသော လောင်စာမှာ မေတ္တာ ၊ ဂရုဏာ ၊ စေတနာ ဆိုသော လောင်စာများ ပင်ဖြစ်ပါသည် ။ထိုလောင်စာများ ထည့်ပြီး မောင်းနှင်ပါက လိုရာခရီးကို အချိန်တို အတွင်း ရောက်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည် ။

by - zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။