Monday, June 4, 2012

ပြည်တွင်း၌ မိုဘိုင်း Application Developer များ ရပ်တည်နိုင်ရန် ခက်ခဲနေသေး

ပြည်တွင်း၌ မိုဘိုင်း Application Developer များအနေဖြင့် ရပ်တည်နိုင်ရန်ခက်ခဲမှုများရှိနေသေး ကြောင်းသိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ဈေးကွက်အနေနဲ့ ပြောပလောက်အောင် မတွင်ကျယ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်တော့ မိုဘိုင်း Developme ကုမ္ပဏီတွေနဲ့ ဆော့ဖ်ဝဲလ်ရေးတဲ့အဖွဲ့တွေဟာ ကိုယ့် Software House  အတွက် ဆော့ဖ်ဝဲလ်တွေ ရေးသားတာ၊ ပြည်တွင်း Clients တွေက အပ်နှံတဲ့ ဆော့ဖ်ဝဲလ်တွေ ရေးတာ၊ ပြည်ပက Outsourcing အလုပ်တွေ ရှာဖွေရေးသားတာတွေနဲ့ ရပ်တည်နေတယ်လို့ မြင်ပါတယ်။ မိုဘိုင်း Developer တစ်ဦးအနေနဲ့ အွန်လိုင်းမှာ ဈေးကွက်တင်ဖို့အတွက် လိုအပ်ချက်တွေကို ပြောရရင် ပြည်တွင်း ပြည်ပ ငွေပေးချေမှုတွေကို အွန်လိုင်းမှာ အဆင်ပြေပြေ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ Software Development Tools တွေကို Download ဆွဲနိုင်ဖို့ အဆင်ပြေမယ့် အင်တာနက် Connection လည်း လိုပါတယ်''ဟု MDroidStudio မှ ကိုသီဟက ပြောကြားခဲ့ပါသည်။
မြန်မာ Developer များ၏ Apps များကို Android ၏ Google Play တွင် တွေ့လာရသကဲ့သို့ Apple ၏ Apps Store တွင်လည်း တွေ့ရကြောင်း သိရသည်။ အခမဲ့ရယူနိုင်သော Apps များရှိသကဲ့သို့ ပိုက်ဆံပေးချေ၍ ၀ယ်ယူရသော Apps များ လည်းရှိကြောင်း သိရသည်။ Google Play ပေါ်တွင်တင်ပြီး ဖြန့်ချိရန်အတွက် Developer အနေဖြင့် Registration Fee အဖြစ် ၂၅ ဒေါ်လာ ပေးဆောင်ရကြောင်း သိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ရေးပြီး မရပ်တည်နိုင်သေးပါဘူး။ ဒီမှာတွေ့ရတာက ကိုယ်ရေးလိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို Free ပေးလိုက်တာမျိုးတွေ အရမ်းများတယ်။ အလကားပေးတာကိုရပ်ပြီး အရည်အသွေးကို ရအောင်တင်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ အရင်ကထက်စာရင်  Corporate ဆော့ဖ်ဝဲလ်တွေကနေ Consumer ဆော့ဖ်ဝဲလ်တွေဘက်ကိုလည်း အာရုံစိုက်လာကြတာ တွေ့ရတယ်''ဟု Technomation Studio မှ ကိုထူးမြင့်နောင်က ပြောကြားခဲ့သည်။
မိုဘိုင်း Application များကို ဈေးကွက်တင်ရောင်းချရာတွင် Limited Function များကိုသာ ကနဦးတွင် အခမဲ့ အသုံးပြုခွင့်ပေးပြီး ပိုမိုအသုံးတည့်သော Function များကို အသုံးပြုလိုသူများအတွက် Premium Version  ကိုရောင်းချခြင်း၊ ဆော့ဖ်ဝဲလ်ကို အခမဲ့ သုံးခွင့်ပြုထားပြီး ကြော်ငြာများမှ ၀င်ငွေရရှိခြင်းစသည့် ပုံစံတို့ဖြင့် ဈေးကွက်တင်ကြကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။