Monday, March 25, 2013

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။
ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ကောလာဟလ သတင်းထုတ်လွှင့်သူအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်


3.25.4

မင်္ဂလာဈေးအနီး လုံခြုံရေးတာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းများဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကောလာဟလ သတင်းများအား မယုံကြည်ကြရန်နှင့် ကောလာဟလသတင်း ထုတ်လွှင့်သူအား သိရှိပါက ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့၌ လူအများအပြား စုရုံးမှုများ ဖြစ်ပေါ်နေသည့် အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်သည်ဟု သတင်းများထွက်ပေါ် နေသည့်အပေါ် ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ


မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်အများစုမှာ စားသောက်မှု အပိုင်းထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့ သူများ၏ ပြောကြားမှုအရ သိရှိရသည်။

မိတ္ထီလာမြို့ ဒုက္ခသည် စခန်းများသို့ မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ စားနပ်ရိက္ခာများ အဓိကထား သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်


မိတ္ထီလာမြို့ ဒုက္ခသည်စခန်းများသို့ မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ စားနပ်ရိက္ခာများ အဓိကထား သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရှိရသည်။
မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ သွားရောက်လှူဒါန်းနိုင်ရန် အလှူခံခြင်းများ ဆောင်ရွက်နေပြီး အများစုမှာ ဆန်၊ ဆီနှင့် အာလူးကဲ့သို့ စားနပ်ရိက္ခာများကို အရင်သွားရောက် ကူညီ လှူဒါန်းကြမည်ဖြစ်ပြီး ဒုက္ခသည် စခန်းများတွင် လိုအပ်သည်များကို လေ့လာ၍ ထပ်မံသွားရောက် လှူဒါန်းခြင်းများ ဆောင်ရွက်မည်ဟု သိရသည်။

ရမည်းသင်းမြို့၊ ရွာတန်းတိုက်နယ်၌ လူစုလူဝေးဖြင့် လာရောက်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး

3.24.8

ဈေးကွက်သစ်ကျေးရွာမှ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးနေသည်ကို မတ်လ ၂၄ ရက်မွန်းလွဲပိုင်းက တွေ့ရစဉ်
ရမည်းသင်းမြို့နှင့် ၈ မိုင်အကွာ တွင်ရှိသော ရွာတန်းတိုက်နယ်၊ သဲကျွန်းကျေးရွာအုပ်စု၊ ဈေးကွက်သစ် ကျေးရွာ၌ မတ်လ ၂၃ ရက် ညပိုင်းက လူစုလူဝေးဖြင့် လာရောက်၍ နေအိမ်များ မီးရှို့ဖျက်စီးမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်