Tuesday, September 3, 2013

ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံပါက မောင်တောဒေသဧည့်နေဘဂါင်္လီအချို့နေရပ်ပြန်ကြမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်အတွင်းကပင် အလုပ်သမားများအဖြစ် နေထိုင်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီအချိုမှာ မူရင်းဒေသ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်ခံမည် ဆိုပါက နေရပ်ပြန်မည်ဟု မောင်တော ဒေသ ဧည့်နေဘဂါင်္လီတချို့ထံမှ သိရသည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က ဒီဒေသမှာ မနေချင်တာ ကြာပါပြီ။ ကျွန်တော်တို့ အဘိုးအဘီးတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကန(ဖ်)နယ်စပ်မြို့ကပါ။ မှတ်မှတ်ရရ (၁၉၈၉)ခုနှစ်မှာ ဒီကိုဝင်လာတာဖြစ်တယ်။ ကျွန်တော်တို့ အဖေအမေတွေလည်း ဒီမှာပဲ ခေါင်းချသေဆုံးသွားတာ ဖြစ်တယ်။ ၂၀၁၂ခုနှစ် အဖြစ်အပျက် တွေကြောင့် ကျွန်တော်တို့အပေါ်မှာ အမြင်လွဲမှားမှုတွေနဲ့ ခါးခါး သီးသီးမုန်းတီးသွားကြပါတယ်။ ဒါကြောင့်စိတ်ရဲ့ ထာဝရလုံခြုံမှုထွက်ပေါက်နေရာ တစ်ခုကိုအခြေချဖို့ သွားချင်တာပါ"ဟု မောရ ၀တီကျေးရွာအနီး အလယ်သံကျော် ဘင်္ဂါလီကျေးရွာမှ အသက်(၅၀)၀န်းကျင်ရှိ ဘဂါင်္လီလူမျိုး ဦးအဒူရောင်းက ပြောသည်။

 အဆိုပါ နေရပ်ပြန်မည့် ဘင်္ဂါလီတစ်ချို့မှာ မြို့ပြစီးပွားရေးကောင်းမွန်သည့် နေရာဒေသများမှ မဟုတ်ဘဲ ဒေသခံ ရခိုင်လူမျိုးများ ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော အနီးနားကျေးရွာဒေသများနှင့် လုပ်စားရန် အခွင့်အရေး ခက်ခဲကာ ကျဉ်းမြောင်းသည့် ကျေးလက်ဒေသများမှ ဘဂါင်္လီအချို့ဖြစ်သည်ဟု သိရသည်။

"နောက်ပြီးတော့ ကျွန်တော်တို့မှာ လုပ်စားဖို့နေရာကလည်း ရခိုင်တွေက လယ်ယာမြေလုပ်ကွက်တွေ ငှားမရတာ၊ စီးပွားရေး အရ လုပ်စားကွက်တွေ ကျဉ်းမြောင်းလာတာတို့ကြောင့် ဒီမှာဆက်နေလို့ကတော့ မထူးပါဘူး။ ဘင်္ဂလားဒေ့ရှ်ကသာ ပြန်ပြီး လက်ခံမယ်ဆိုရင် ကျွန်တော်တို့ ပြန်သွားဖို့အစီအစဉ်ရှိပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်လူမျိုးများအား မှီခိုကာလုပ်ကိုင်စားသောက်နေကြရသည့် ဘင်္ဂါလီအချို့မှာလည်း လက်ရှိကာလများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့်အတွက် မူရင်းဒေသများသို့ ပြန်သွားလိုခြင်းဖြစ်သည်။

"ဒီမှာက မူရင်းဘင်္ဂလားဒေ့ရှ်ကို ပြန်သွားချင်ကြတဲ့ ဘဂါင်္လီတချို့ကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လက်ခံမယ်ဆိုရင် သွားဖို့ အစီအစဉ်ရှိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာ ပိုင်ဆိုင်တဲ့ လယ်ယာမြေ တွေကို ရောင်းပြီး ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သလိုအခြေချလုပ်ကိုင်စားသောက်လို့ရပါတယ်။" ဟု တမန်းသားကျေးရွာမှ ဘင်္ဂါလီ တစ်ဦးက ပြောသည်။

၂၀၁၂ခုနှစ် လူမျိုးနှစ်စု ပဋိပက္ခဖြစ်စဉ်ကြောင့် မောင်တောဒေသတွင်း ဒေသခံရခိုင်လူမျိုးများနှင့် ဒေသဧည့်နေ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအကြား ယုံကြည်မှုပြတ်တောက်သွားကာ လယ်ယာမြေအငှားလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်နှင့် ကုန်ကူးသန်းခြင်းလုပ်ငန်းများကိုလည်း သီးခြားစီ ရပ်တည်လာခဲ့ကြသည်

 

 

မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှ ကုန်သည်များ ကိုယ်တိုင် လာရောက် ၀ယ်ယူမှုကြောင့် ကျောက်စိမ်းဈေးများ အဆမတန် မြင့်တက်နေ

မန္တလေး ဈေးကွက်တွင် တရုတ်ပြည်မမှ ကုန်သည်များ ကိုယ်တိုင်လာရောက် ၀ယ်ယူမှုကြောင့် ကျောက်စိမ်းဈေးများ အဆမတန် မြင့်တက်နေကြောင်း သိရသည်။

''တရုတ်ပြည်မထဲက ကုန်သည်တွေ ကိုယ်တိုင် မန္တလေး ဆင်းဝယ်နေတဲ့ အတွက် မြန်မာကုန်သည်တွေ နယ်စပ်မှာ ဈေးမရတော့ဘူး။ အဲတော့ မန္တလေးကို ပြန်သယ်လာပြီး ရောင်းတာ။ တချို့လည်း အရင်း၊ မြတ်တဲ့သူလည်း မြတ်တာပေါ့။ တချို့ကုန်သည်တွေ ကျလည်း သယ်ယူစရိတ် မတတ်နိုင်လို့ ရွှေလီမှာတင် သောင်တင်နေတာ။ အရှုံးခံပြီးလည်း မရောင်းနိုင် ကျောက်ထဲ ငွေအောင်းနေတော့ ကျောက်ဈေးသာ မြောက်နေတာ ငုတ်တုတ် ထိုင်နေရတာလည်း ရှိတယ်'' ဟု ရွှေလီ(နယ်စပ်) သို့ တင်ပို့နေသည့် ဦးလင်းက ဆိုသည်။

''ကိုယ့်ပြည်တွင်းထွက် ပစ္စည်းကို လက်ကုန်နှိုက် လာဝယ်နေတော့ မြန်မာကုန်သည်တွေ ဘယ်လိုမှ ဈေးမယှဉ်သာတော့ဘူး။ သူတို့တွေရဲ့ နယ်စပ်(တရုတ်) သယ်ယူမှု လမ်းကြောင်းကို ကြည့်ရင်လည်း လက်တစ်လုံးခြားနဲ့ သယ်နေတာ ကျောက်တစ်လောကလုံး သိတယ်။ တရားဝင် အခွန်ဆောင်ပြီး သယ်ခွင့်ပြုထားတာ စီ၊ ဒီ အဆင့် ကျောက်တွေပါ။ ဒါပေမဲ့ အေ၊ ဘီ အဆင့် ကျောက်တွေလည်း သယ်နေတာပဲ။ မန္တလေးမှာ အမြဲတမ်းနေတဲ့ တရုတ်တွေနဲ့ ရောနေတော့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ တရုတ်ကုန်သည်တွေ ၀င်ရောက်မှုကို မစိစစ် နိုင်သေးသမျှတော့ ပြည်တွင်း ကုန်သည်တွေက တရုတ်အကျန်ဈေးပဲ ရနေဦးမှာ'' ဟု ဆက်လက် ပြောကြားသည်။

လတ်တလော ဈေးကွက်တွင် ကျောက်စိမ်း အရိုင်းတုံးများ စိတ်ဝင်စား ၀ယ်ယူမှု ပိုမိုများနေကာ ကျောက်စိမ်း လက်ကောက်ဈေးငြိမ်ကာ အရောင်းဝယ် ကောင်းနေကြောင်း၊ နယ်စပ်သို့ တင်ပို့ရာတွင် လွှာချပ်၊ ကျောက်စိမ်းတုံး တင်ပို့မှု အားကောင်းနေကြောင်း သိရသည်။

တာချီလိတ် မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကိုးသိန်းကျော် ဖမ်းဆီးရမိ

သြဂုတ် ၃၁ ရက် ညနေပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) အုပ်စု၊ ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်း (တန်ဖိုး ငွေကျပ် ၁၉၆၈ သန်း)ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီခွဲ ခန့်က တာချီလိတ် မူးယစ် (အထူး) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပါခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်မှ ယာဉ်မောင်းအိုက်အွမ် (၃၀ နှစ်) မောင်းနှင်လာသည့် တိုယိုတာ ဒိုင်နာယာဉ်၊ အမှတ် ၉ဂ /_____အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက် ဘော်ဒီကြမ်းခင်း နှစ်ထပ်အံဝှက်အတွင်း လျို့ဝှက်သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈၄ သိန်းပြား (တန်ဖိုးငွေကျပ် ၁၉၆၈ သန်း)အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။


ဝမ်တုံကျေးရွာရှိ နေအိမ်အား စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်းထဲမှ အမေရိကန်ဒေါ်လာ ၂၆၈၀၀ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စီဝမ်း (၁) ရွာနေ အိုက်စံမှ အိုက်အွမ်အား မိုင်းဖုန်း (ခ) အုပ်စု လွန်းကျိုင်းကျေးရွာသို့ ထိုင်းဘတ်ငွေ ၁၀ သန်းဖြင့် ပို့ဆောင်ပေးခိုင်း ခဲ့ကြောင်း...


 

ယင်းနောက် ဆက်လက်ပြီး အိုက်အွမ်နေထိုင်ရာ မိုင်းဖုန်း (ခ) အုပ်စု၊ ၀မ်တုံကျေးရွာရှိ နေအိမ်အား စစ်ဆေးရှာဖွေရာ နေအိမ်အိပ်ခန်းထဲမှ အမေရိကန်ဒေါ်လာ ၂၆၈၀၀ အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ စီဝမ်း (၁) ရွာနေ အိုက်စံမှ အိုက်အွမ်အား မိုင်းဖုန်း (ခ) အုပ်စု လွန်းကျိုင်းကျေးရွာသို့ ထိုင်းဘတ်ငွေ ၁၀ သန်းဖြင့် ပို့ဆောင်ပေးခိုင်း ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများကို ပို့ဆောင်ခိုင်းသူ အိုက်စံနှင့် ပို့ဆောင်ပေးသူ အိုက်အွမ်တို့အား တာချီလိတ် မြို့မရဲစခန်းမှ မယ (ပ) ၁၀၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ် မြို့မရဲစခန်းသို့ စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ တာဝန်မှူး ဒုရဲအုပ်တစ်ဦးမှ ဖြေပေးနိုင်မည့် အရာရှိမှာ အပြင်ထွက် သွားသဖြင့် ပြောခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်


8.1.1

ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား ရန်ကုန်ဘူတာကြီးတွင် တွေ့ရစဉ်

အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံးပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အားလုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင်ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင် နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။

စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများတွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားခဲ့သည်။

RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်းများပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်းမသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန်ကိုရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ်နေပါတယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

30.8.2013 မှ 5.9.2013 အထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ရည်ရွယ်ချက်တွေများနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါကအောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ အချစ်ရေးကဇဝေဇဝါဖြစ်နေမည်။ အလုပ်အကိုင်က အဆင်ပြေလိုက်၊ အဆင်မပြေလိုက်ဖြစ်နေမည်။ အတိုက်အခံတွေကြုံနေမည်။ ပူစရာမလိုကျော်နိုင်မည်။ ပြောင်းလဲမှုတွေနှင့်ပြောင်းရွှေ့မှုတို့ဖြစ်မည်။ မိခင် သို့မဟုတ် အဒေါ် ကျန်းမာရေးဂရုစိုက်ပါ။ ခြေ၊လက်ခိုက်မိတက်သည်။

အကျိုးပေးဂဏန်း ၁၊၆၊၂

အထူးဟော       ရေလှိုင်းပမာနိမ့်လိုက်၊မြင့်လိုက် ဖြစ်နေမည်။

ယတြာ               မြောက်အရပ်မှာ လမ်းခင်းပါ။

 

တနင်္လာ

ဆုံးဖြတ်ချက်တွေမြန်နေမည်။ ဆန္ဒတွေစောနေမည်။ နေရာပြောင်းရွှေ့ခြင်း၊ ခရီးဝေးသွားခြင်းတို့ဖြစ်မည်။ ပညာရေးဖြေဆိုမှုများ၊အလုပ်ရာထူးအင်တာဗျူးများ ၊ရာထူးတိုးစားမေးပွဲများ အောင်မြင်မည်။ အချစ်လုခြင်းခံရတက်သည်။ စပ်တူရှယ်ယာလုပ်ဖြစ်မည်။ မြေဝယ်၊မြေရောင်းဖြစ်မည်။ ထီထိုးလိုက်ပါ။ ၇စ ၇ပိတ် ထိုးပါက ပေါက်မည်။ အရှေ့မြောက်ထောင့်အရပ်မှာထိုးပါ။ ငွေကြေး၊ပစ္စည်း၊ရည်းစားစာ၊ဓာတ်ပုံ လူကြုံမလှမ်းနှင့် ပျောက်တက် လိမ်တက်သည်။ အဝေးနေဆွေမျိုးသားချင်းတို့အတွက် စိတ်ပူရမည်။

အကျိုးပေးဂဏန်း ၂၊၄၊၈

အထူးဟော       လူယုံမထားရ။

ယတြာ               ငါးအရှင်လေးတွေကို အရှေ့မြောက်ထောင့်အရပ်သွားလွှတ်ပါ။

အင်္ဂါ

စွန့်စားမှု၊ စူးစမ်းမှု၊ လွတ်လပ်မှု တွေလုပ်လာရလိမ့်မည်။ လုပ်ပါ။ မုချအောင်မြင်သောကာလ ဖြစ်ပါသည်။ ကွက်ကျော်မြင်အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကိုမပိုင်ဖြစ်တက်သည်။ သင့်လုပ်ငန်းနှင့်ပတ်သတ်၍ သတင်းကောင်းကြားရမည်။ အချစ်ရေး အိမ်ထောင်ရေး ပြန်လည်ငြိမ်သင်မှုရမည်။ ရုတ်တရက်ခိုက်မိမှုတွေ့ကြုံမည်။ ဂရုစိုက်ပါ။ ထင်ပေါ်ကျော်ကြားမှုတို့ဖြစ်မည်။

အကျိုးပေးဂဏန်း ၅၊၇၊၉

အထူးဟော       အဆင်ပြေအောင်မြင်မည်။

ယတြာ             အိမ်ဘုရားကို အဂါင်္နံနက်တွင် အောင်သပြေလှူပါ။

ဗုဒ္ဓဟူး

ပညာရေး၊အချစ်ရေး၊စီးပွားရေး၊အလုပ်အကိုင်များအားလုံး အောင်မြင်မည်။ ဟိုဘက်တစ်မျိုး ဒီဘက်ကတပုံ ငွေဝင်မည်။ လူချစ်လူခင်များမည်။ မရောက်ဖူးသောခရီးတွေရောက်မည်။ ခြေ၊လက်အပူလောင်ခြင်း ခိုက်မိခြင်း တစ်ခုခုဖြစ်မည်။ ငွေကြေးကိစ္စလူလိမ်ခံရမည်။ စကားပြော ဆင်ခြင်ပါ။ ထီထိုးပါ။ ထီပေါက်မည်။ ၄စ ၄ပိတ်ထိုးပါ။ အရှေ့တောင်အရပ်ကထီဆိုင်ကိုထိုးပါ။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော         အဆင်ပြေမည်။

ယတြာ               တန်ခိုးကြီးဘုရားကို ရင်၊ဝမ်း ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

ချစ်သူ၏ လိမ်လည်ခြင်းခံရမည်။ ရင်းနှီးသူနှင့်စိတ်ဝမ်းကွဲခြင်းဖြစ်မည်။ မမျှော်လင့်သောခရီးတစ်ခုခုသွားရမည်။ မရည်ရွယ်ဘဲ ချစ်သူဖြစ်လိမ့်မည်။ လုပ်ငန်းသစ်တစ်ခုလုပ်ဖြစ်မည်။ ဝမ်းဗိုက်နှင့်ပတ်သက်၍ ချူချာမည်။ ကား၊ဆိုင်ကယ် ခိုက်မိတက်သည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၅စ ၂၊၃၊၆ပိတ်ထိုးပါ။ ပစ္စည်းပျောက်ကိန်းရှိသည်။ ငွေလိမ်ခံရကိန်းရှိသည်။ ဆွေမျိုးသားချင်းတို့အတွက်စိတ်ရှုပ်ရတက်သည်။

အကျိုးပေးဂဏန်း ၅၊၇၊၁

အထူးဟော       အတိုက်အခံရှိနေသည်။

ယတြာ             အိမ်ဘုရားကို ကြာသပတေးနံနက်မှာအုန်းပေါင်းနှင့်အကြော်   လှူပါ။

သောကြာ

ရည်ရွယ်တာတွေမလုပ်ဖြစ်သေးပါ။ မရည်ရွယ်တွေတော့လုပ်ဖြစ်လိမ့်မည်။ သူများပြောတာမယုံဖို့တော့လိုပါသည်။ သူများစကားယုံ၍ အလုပ်မှာပြသနာတက်မည်။ ရန်ကြုံမည်။ ဂရုစိုက်ပါ။ ရုတ်တရက် ဆိုင်ကယ်၊ကားခိုက်မိတက်သည်။ အလုပ်ရာထူးတက်မည်။ ခရီးဝေးယာယီတွေရောက်မည်။ ဘဝအတွက် တိုးတက်မှုများအတွက် အကောင်အထည်ဖော်ဖြစ်မည်။ သင့်အား သင်၏ ဆွေမျိုးသားချင်းအကြီးတို့က သင့်ဘဝတိုးတက်မှုအတွက် အဖက်ဖက်က ကူညီမှုပေးလိမ့်မည်။

အကျိုးပေးဂဏန်း

အထူးဟော      

ယတြာ            

စနေ

ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်နေမည်။ ယှဉ်ပြိုင်သူများ မနာလိုသူများကြးမှ ရုန်းထွက်ပြီး အောင်မြင်ကျော်ကြားလာမည်။ လူချစ်လူခင်များမည်။ ကောင်းသောကျော်ကြားခြင်း၊ ကြီးပွားခြင်း၊ ချမ်းသာခြင်းတို့ အောင်မြင်မည်။ငွေအစုလိုက်ဝင်မည်။ ပညာရေးဖြေဆိုမှုများအောင်မြင်မည်။ အချစ်ရေးထက် ပညာရေး၊စီးပွားရေးကို ပို၍ဦးစားပေး လုပ်ဆောင်နေဖြစ်မည်။ ကျန်းမာရေးအနည်းငယ်ချူချာနိုင်သည်။ လုံးဝမစိုးရိမ်ရပါ။ စက်ပစ္စည်း၊ ကား၊ မြေတို့ ဝင်မည်။ ထွက်မည်။ အချစ်ရေးမှာ သူချစ်ကိုယ်ချစ် ၁ဦး၊ မောင်နှမလိုခင်ရာမှချစ်လာသူက ၁ဦး၊ ကိုယ်ကမချစ်ဘဲ ဇွတ်လာစွဲလန်းသူက ၁ဦး တို့ပေါ်နေမည်။ လက်ဆောင်ရမည်။

အကျိုးပေးဂဏန်း ၉၊၀၊၁

အထူးဟော         အောင်မြင်မည်။ ဇွဲရှိဖို့လိုမည်။

ယတြာ        နှင်းဆီနီနီ ၇ပွင့်ကို စနေနံဘုရားကို စနေနေ့ကပ်၍ ဆုတောင်းပါ။   မုချအောင်မြင်မည်။

 

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား အတွက် နည်းပညာပိုင်း ဆိုင်ရာကို တရုတ်နိုင်ငံက အခမဲ့ကူညီမည်

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားအတွက် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံက အခမဲ့ကူညီ ပံ့ပိုးမည်ဟု စက်တင်ဘာ ၂ ရက်တွင် ကျင်းပသည့် ဖွင့်ပွဲပိတ်ပွဲအတွက် နည်းပညာကူညီ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စတင်အကောင် အထည်ဖော်ခြင်း အခမ်းအနားတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦးက ပြောကြားသည်။

''နှစ် ၄၀ ကျော်မှ ပြန်လည် ကျင်းပဖြစ်တဲ့ ဒီပြိုင်ပွဲကို အရှေ့တောင်အာရှမှာ အဆင့်အတန်းမီမီ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို အတွေ့အကြုံရှိတဲ့ တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ကွင်းအတွင်းမှာ သုံးမယ့်အသံစနစ်၊ အယ်အီးဒီ၊ ပရိုဂျက်တာတွေနဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲကို ကျင်းပသွားမှာပါ။ တရုတ်နိုင်ငံရဲ့ အကူအညီ ယူရတာက ဘေဂျင်းအိုလံပစ်မှာ သူတို့သုံးသွားတာ တကယ်ကို အဆင့်မြင့်လို့ပါ။ စက်ပစ္စည်း တချို့တစ်ဝက်လောက် ရောက်နေပါပြီ'' ဟု ဦးရန်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံမှ နည်းပညာများ၊ အားကစားပစ္စည်းများ၊ နည်းပြများ၊ အားကစားနည်း ၁၃၂ မျိုး စသည်ဖြင့် ထောက်ပံ့ပေးမည့်အပြင် အားကစားသမား ၂၁၇ ဦးကိုလည်း တရုတ်နိုင်ငံတွင် လေ့ကျင့်ပေးလျက် ရှိကြောင်း၊ နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံမှ အခမဲ့ ကူညီမည်ဖြစ်ကြောင်း သိရသည်။

''တရုတ်ပညာရှင်တွေနဲ့ လေ့ကျင့်နေတာ ရက် ၂၀၀ လောက်ရှိပါပြီ။ တရုတ်နည်းပြတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဘက်က ကုန်ကျမှု မရှိပါဘူး။ နည်းပညာ ပိုင်းဆိုင်ရာ အားလုံးကို တရုတ်နိုင်ငံက ကူညီသွားမှာ ဖြစ်ပါတယ်'' ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောကြားခဲ့သည်။

မြန်မာတယ်လီကွန်း ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ဆက်သွယ်ပေးမည့် Myanmar Connect 2013 ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၏ တယ်လီကွန်း ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ဆက်သွယ်ပေးမည့် Myanmar Connect 2013 ထိပ်သီး အစည်းအဝေးပွဲကို နေပြည်တော်ရှိ Myanmar International Convention Center (MICC) တွင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဖွင့်လှစ်ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိသည့် MICT၊ MPT၊ PDT၊ ရတနာပုံတယ်လီပို့၊ အော်ရီဒူးနှင့် တယ်လီနော် မြန်မာတို့ကို ကမ္ဘာ့စီးပွားရေး စင်မြင့်ထက်တွင် ပေါင်းစည်း ပေးသွားမည်ဟု ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ MPT ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မော်၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ၏ စီအီးအို ဦးတင်ဝင်း၊ တယ်လီနော် ကုမ္ပဏီ၏ စီအီးအို မစ္စတာပတ်တာ ဖားဘတ်နှင့် အော်ရီဒူး ကုမ္ပဏီ စီနီယာ ကိုယ်စားလှယ်ဖြစ်သူ ရော့စ်ကောမတ်တို့ တက်ရောက်ကြမည်ဟု သိရသည်။

အစည်းအဝေးတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ကို လက်ဝယ်ရရှိထား သူများက ၎င်းတို့ ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များကို ယှဉ်ပြိုင်လုပ်ကိုင်မည့် သူများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် သူများကို ရှင်းလင်းပြောကြား နိုင်မည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ် တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးပွဲ တက်ရောက်မည့် သူများက ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင် ပြည်နယ် ပဋိပက္ခ နိုင်ငံတကာ အမြင်လွဲမှုရှိဟု နမ်ဘီယာ ပြော

ခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာက အမြင်လွဲမှားမှုရှိနေသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ က ပြောဆိုကြောင်း သိရသည်။

မစ္စတာ ဗီဂျေနမ်ဘီယာ သည် ရခိုင်ပြည်နယ် စစ်တွေ မြို့နှင့်ဒေသတွင်း နေရာတချို့သို့ သွားရောက်ကာ အစိုးရ အာဏာပိုင် များနှင့်ဒုက္ခသည် အရေးကိစ္စများကို ယမန်နေ့က ဆွေးနွေးစဉ် ထိုသို့ ထည့်သွင်း ပြောဆိုသွားကြောင်း ရခိုင်ပြည်နယ် အစိုးရ ၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

"ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေနပ်တဲ့ အကြောင်း၊ ပဋိပက္ခတွေ အပေါ်မှာ နိုင်ငံတကာက အမြင်လွဲ မှားနေတာတွေကိုလည်း လက်ရှိအခြေတွေနဲ့ ယှဉ်ပြီးတော့ နားလည်လာအောင် ပြောပေးမယ်၊ ကုလသမဂ္ဂ အဖွဲ့ကြီးဆီကို လည်း တင်ပြပေးမယ်လို့ ပြောသွားတယ်"ဟု ၎င်းက ဆိုသည်။

ယခုခရီးစဉ်မှာ ဩဂုတ်လ ဒုတိယပတ်အတွင်း လူတဦး သေဆုံးမှုကြောင့် မွတ်ဆလင်ဒုက္ခသည်များနှင့် ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ လူ ၁၀ ဦး ဒဏ်ရာရရှိသွားခြင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မွတ်ဆလင်အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့အပြီး မြန်မာအာဏာပိုင်များက ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးကို ဒုတိယအကြိမ် လာရောက်ကြည့်ရှုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည်လည်း ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ရာ ၄င်းသည် မွတ်စလင်များဘက်မှ ရပ်တည် ဘက်လိုက်ခြင်း၊ ၎င်း၏အစီရင်ခံစာသည်လည်း မျှတမှု မရှိခြင်းဟု ဆိုကာ ဒေသခံတချို့၏ ကန့်ကွက် ဆန္ဒပြမှုများနှင့် ကြုံခဲ့ရသည်။

မစ္စတာ နမ်ဘီယာ ၏ ရခိုင်ပြည် ခရီးစဉ်တွင်မူ နယ်စပ်ရေးရာ ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့်သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ များ ပါဝင်သည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသများသို့ လည်း သွားရောက်ခဲ့သည်။ ကချင် ခရီးစဉ်တွင် ကေအိုင်အို ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံကြောင်း၊ မန္တလေးတိုင်း၊ မိတ္ထီလာမြို့တို့တွင်လည်း ဘာသာရေး ခေါင်းဆောင်များနှင့် သြဂုတ် ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အာဏာပိုင်များနှင့် ဆွေးနွေးရာတွင် ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာမှ ပြော ဆိုနေမှုများနှင့်လက်တွေ့ အခြေအနေမှာ ကွာခြားကြောင်း၊ ဒုက္ခသည်များ အတွက် လိုအပ်သည့် အကူအညီ များကို ဆောင် ရွက်ပေးသွားမည်ဟု ပြောဆိုသွားကြောင်းလည်း ဦးဝင်းမြိုင် က ပြောသည်။

အကူအညီပေးမည်ဟု ဆိုသော်လည်း မည်သည့်အကူအညီမျိုး ပေးမည်ဆိုသည်ကို တိတိကျကျ ပြောဆိုမှု မရှိဟု ပြည်နယ် အစိုးရ ပြောခွင့်ရသူ က ဆိုသည်။ မစ္စတာ နမ်ဘီယာ၏ ရခိုင် ခရီးစဉ်သည် စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့ပြီး ၃ ရက်ကြာ မည်ဖြစ်ကာ ဒုတိယ ခရီးစဉ်လည်း ဖြစ်သည်။

၎င်းသည် ရခိုင်သို့ ရောက်ရှိစဉ် စစ်တွေ၊ မောင်တော၊ ပေါက်တော၊ သံတွဲ စသည့် ဒေသများသို့ သွားရောက်ခဲ့ကြောင်း ပြည် နယ် အစိုးရအဖွဲ့က ပြောသည်။ မစ္စတာ နမ်ဘီယာသည် ပေါက်တောမြို့နယ်အတွင်းရှိ မွတ်စလင် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ နမ်ဘီယာသည် မောင်တောဒေသသို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး မီးရှို့ခံရ၍ အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရသော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံသည်။ ဒေသခံများနေထိုင်သည့် မောရ၀တီ ကျေးရွာသို့ သွားရောက် တွေ့ဆုံစဉ် ဒေသခံများ၏ အခက်အခဲများကို မေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း ဒေသခံများ က ပြောသည်။

ဒေသခံ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ ဒေသကို စွန့်ခွာ၍ တခြား ဒေသများသို့ ပြောင်းရွှေ့ မသွားကြရန် အရေးကြီးကြောင်း တိုက်တွန်းသွားခဲ့သည်ဟု မစ္စတာ နမ်ဘီယာ နှင့်ဒေသခံများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မောင်တော ဒေသခံ ဦးလှရွှေ က ဧရာဝတီ ကို ပြောသည်။

"ဒေသခံ တိုင်းရင်းသားတွေကို မိမိတို့ဒေသကို စွန့်ခွာမသွားဖို့ နမ်ဘီယာက ပြောပါတယ်၊ ဒေသခံတွေကလည်း နမ်ဘီယာ လာပြီး အားပေးစကား ပြောလို့ အရမ်းကျေးဇူးတင်တဲ့ အကြောင်း၊ နောင်လည်း ခဏခဏ လာကြည့်ပေးဖို့ နမ်ဘီယာ ကို ဖိတ်ခေါ်လိုက်ကြတယ်"ဟု ၎င်း က ဆိုသည်။

မစ္စတာ နမ်ဘီယာသည် ယနေ့တွင် သံတွဲမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် ၎င်း၏ ရခိုင် ခရီးစဉ်နှင့်ပတ်သက်၍ သတင်း များ ထုတ်ပြန်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လက စတင်ပြီး ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များအကြား ပဋိပက္ခ ဖြစ် ပွားမှုကြောင့် ထောင်နှင့်ချီသည့် အိုမဲ့အိမ်မဲ့များသည် ဒုက္ခသည် စခန်းများ၌ နေထိုင်နေရဆဲ ဖြစ်သည်။

ဒေးဒရဲ ၌ လေဆင်နှာမောင်း တိုက်၍ ကျောင်းနှင့် အိမ်တချို့ပျက်စီး

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အကယ်ချောင်းဝ ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ဒေးဒရဲမြို့နယ် ပညာရေးဌာန တာဝန်ရှိသူများက ပြောသည်။

ယခင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးခြင်း မရှိသော်လည်း လေဆင်နှာမောင်း တိုက်ခတ်ရာ လမ်းကြောင်းပေါ်ရှိနေသော အကယ်ချောင်းဝ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ မှ ကျောင်း ဆောင် ၃ ဆောင်နှင့် ကျေးရွာအတွင်းက အိမ်ခြေ ၆ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းဆရာတဦးက "လေဆင်နှာမောင်းက တဝူးဝူးတိုက်လိုက်တာ ၅ မိနစ်လောက်ပဲ ကြာမယ်၊ အရှိန်ပြင်းတော့ ကျောင်းနားက ထန်းပင်တွေပါ ခေါင်းပြတ်ထွက်တယ်၊ ကျောင်းဆောင်တွေလည်း အမိုးတွေ လန်ကုန် ပြီးတော့ ကျောင်းဆောင်ကြီးက အပေါ်ထပ်ပြိုကျသွားတာ၊ အမိုးတွေဆိုရင် အချပ်လိုက်လန်ထွက်သွားပြီး ပေ ၁၅၀ လောက်မှာ သွားကျတာ" ဟု သူက ဧရာဝတီသို့ ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှု ခံခဲ့ရသော အဆိုပါကျောင်းတွင် ကျောင်းဆောင် ၃ ဆောင်ရှိသည့် အနက် ပေ ၆၀ ပတ်လည် ကျောင်းဆောင် ကြီးမှာ အမိုးအကာများလွင့်ထွက်သွာခဲ့ပြီး အပေါ်ထပ်ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပေ ၁၅၀-၃၀ ကျောင်းဆောင် မှာလည်း ပေ ၉၀ ကျော်ပျက်စီးသွားကြောင်း သိရသည်။ အလားတူ ကျန်သည့် ပေ ၆၀-၃၀ ကျောင်းဆောင်မှာ ကျောင်းခေါင်မိုး ကွာထွက်ရုံသာဖြစ်ခဲ့ပြီး ပျက်စီးမှု နည်းသည်ဟုသိရသည်။

၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ ပင်လယ်ဝတွင် တည်ရှိသော အဆိုပါ အကယ်ချောင်းဝ ကျေးရွာလည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး ယခု ပျက်စီးခဲ့သော ကျောင်းဆောင်များမှာ နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် တည်ဆောက်ထားသောကျောင်းများဖြစ်ကြောင်းသိရသည်။

အဆိုးဆုံး ပြိုကျ ပျက်စီးသွားသော ပေ ၆၀ ပတ်လည် ကျောင်းဆောင်ကြီးမှာ ဂျာမနီနိုင်ငံထောက်ပံ့မှုဖြင့် အမရာဖောင်ဒေးရှင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ထားမှုမှာ ခိုင်ခံ့ခြင်းမရှိသည့် အတွက် ကျောင်းဆရာများက မြို့နယ် ပညာရေး ဌာနကို နှစ်စဉ် သတိပေးအကြောင်းကြားမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

အထက်တန်းပြ ကျောင်းဆရာ တဦးက "အပေါ်ထပ်ကို အောက်က ခံတဲ့ ဆင့်တို့၊ ယက်မတန်းတို့ကို ဝါးနက်တွေနဲ့ခံထားပြီး ဝါးထရံ ယက်ထားတဲ့အပေါ်မှာ ဘိလပ်မြေလောင်းပြီး အခင်းလုပ်ထားတာ၊ မိုးယိုလာရင် အဲဒီ ဒုတိယထပ် အခင်းကြီးက နိမ့်နိမ့်လာတယ်ပြီးခဲ့တဲ့ နှစ်ကဆိုရင် တစ်ထွာလောက်ကိုနိမ့်သွားတာ၊ အခုလေဆင်နှာမောင်းတိုက်ချိန်ဟာ ကျောင်းတက် ချိန်သာဆိုရင် ကျနော့် ကျောင်းသားတွေအတွက် မတွေးဝံ့စရာအဖြစ်ပဲ"ဟု သူကပြောသည်။

ကျောင်းဆောင်များပျက်စီးသွားသဖြင့် ၉ တန်း၊ ဆယ်တန်း ကျောင်းသားများကို အနီးရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီ သင်ကြားလျက်ရှိပြီး၊ မူလတန်းနှင့် အလယ်တန်းကျောင်းသားများကိုတော့ ပျက်စီးမှု နည်းသော ကျောင်းဆောင်များကို ပြုပြင် တည်ဆောက်ပြီး သင်ကြားပေးမည်ဟု သိရသည်။

ပျက်စီးမှုနည်းသော ကျောင်းဆောင် ၂ ခု၏ ကုန်ကျစရိတ်မှာ ကျပ် ၁၇ သိန်းခွဲကျော်ရှိပြီး ယင်းကုန်ကျငွေ၏ တဝက်ကို ဒေးဒရဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက အကုန်အကျခံကာ ကျန်တဝက်ကိုတော့ ရွာခံများက စုပေါင်း အကုန်အကျ ခံကြောင်း သိရ သည်။

လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသော အဆိုပါကျောင်းဆောင်ကြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေးဌာနမှ၊ တိုင်းပညာရေးဌာနသို့ တင်ပြထားကြောင်း၊ တိုင်းမှတဆင့် ဗဟိုကိုတင်ပြပြီး ခွင့်ပြုချက် ပြန်ကျလာလျှင် ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဦး ကပြောသည်။

"ဒီအဆောက်အအုံကြီးက အန္တရာယ်ရှိတဲ့ အဆောက်အအုံဖြစ်တဲ့ အကြောင်းရယ်၊ အခုပျက်စီးမှုအခြေအနေတွေရယ်ကို တင်ပြ ထား ပြီးတော့ ခိုင်ခန့်တဲ့ ကျောင်းဆောင်အသစ် တည်ဆောက်ပေးနိုင်အောင် ကျနော်တို့ တိုင်းကို တင်ပြထားပြီးပါပြီ၊ အဆင့်ဆင့် က ခွင့်ပြုချက် ကျလာတာနဲ့ ကျနော်တို့ ပြန်ဆောက်ပေးမှာပါ" ဟု ဦးကျော်ဦး က ဧရာဝတီသို့ ပြောသည်။

ပြိုကျပျက်စီးသွားသော ကျောင်းဆောင်ခိုင်ခံ့မှု မရှိခြင်းနှင့် ပတ်သက်၍ ကျောင်းသားမိဘများက ကျေနပ်မှုမရှိ၍ ပြောဆိုနေမှုများ ရှိပြီး အမရာ ဖောင်ဒေးရှင်းအပေါ် အရေးယူဆောင်ရွက်မှုများ ရှိမရှိ မသိရသေးသော်လည်း ခိုင်ခံမှုမရှိခြင်းနှင့် တည်ဆောက် ထားပုံ အဆင့်ဆင့် အချက်လက်များကိုလည်း ဧရာဝတီတိုင်း ပညာရေးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း သူက ဆက်၍ ရှင်းပြသည်။

အကယ်ချောင်းဝ ကျေးရွာသည် ပင်လယ်ဝတွင်တည်ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် လူသေဆုံးမှု၊ တိရစ္ဆာန်များနှင့် လယ်ယာကိုင်းကျွန်းများပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကျေးရွာဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းလွဲ ၂ နာရီအချိန်အထိ ထုတ်ပြန်ထားချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်းက ဧရာဝတီတိုင်း အပါအဝင် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်ရှိသော တိုင်းနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။


ဟွန်ဒိုင်း ကုမ္ပဏီထုတ် ကားများသာ ၀ယ်ယူရရှိနိုင်မည့် Car Show Room တစ်ခုဖွင့်လှစ်ခဲ့

ပြည်တွင်းမှာ စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်း လာတာနဲ့ အမျှ Car Show Room တွေဖွင့်လှစ်မှုဟာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒါကြောင့်

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ကလည်း ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်၊ အင်းစိန် လမ်းဆုံနဲ့ သမိုင်းလမ်းဆုံကြားမှာ Hyundai Car Show Room တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ tqkdygHyundai Brand ဟာ ကမ္ဘာ့အဆင့် ၅ နေရာမှာရှိတဲ့ Brand တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ မှာယူတင်သွင်း ရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။

 

အခုလို ဖွင့်လှစ် လိုက်ပြီဖြစ်တဲ့ Hyundai Car Show Room မှာလည်း ကား Sale Center အပြင် Car Service Center နဲ့ ကားအပိုပစ္စည်း အရောင်းဆိုင်ကိုပါ တွဲဖက် ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ ဒီလို Hyundai Car Show Room ကို ဖွင့်လှစ်လိုက်တဲ့ အတွက် ပြည်သူတွေ အနေနဲ့ ကမ္ဘာ့အဆင့်မီ အရည်အသွေး ကောင်းတဲ့ ကားများကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အလွယ်တကူ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း နေပြည်တော်၊ မန္တလေးနဲ့ အခြားတိုင်းဒေသကြီး များမှာပါ နောက်ထပ် ဖွင့်လှစ် သွားဖို့ ဆောင်ရွက်မှုများ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

 

 

တုတ်ကွေးရောဂါအတွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယာယီဆေးခန်းဖွင့်ကာ ကုသပေးနေရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဇီးပဏီမြောက်ရွာတွင် ကလေး ၄၂ ဦး တုတ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယာယီဆေးခန်းဖွင့်ကာ စက်တင်ဘာ ၁ ရက် တွင် ဆေးကုသမှု
ပေးနေရသည်ဟု ဆားလင်းကြီးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းက ပြောသည်။

"သွေးလွန်တုတ်ကွေးရောဂါ အနည်းငယ်လေးဖြစ်ပွားတာပါ။ အုပ်ချုပ်ရေးမှူးကို အချိန်မီပြောပြလိုက်တဲ့အတွက် မနေ့ကခရိုင်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ပြီး ဆေးကုသပေးလျက်ရှိပါတယ်" မဇ္ဈိမကို ပြောသည်။

ရာသီပေါ် ရောဂါတစ်ရပ်ဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါ ခံစားနေရသည့် အဆိုပါကျောင်းသား ၄၂ ဦးအနက် သူငယ်တန်းကျောင်းသား မောင်မျိုးသီဟအပါအ၀င် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို ကျန်းမာရေးဝန်ထမ်းများ မှ အထူးစောင့်ကြပ်ကာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

"ကျန် ၃၆ ဦးကို တောကျားတက်တိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခရိုင်/မြို့နယ် ကျန်းမာရေး ၀န်ထမ်း စုပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်" ဟု ဒေသခံလူနာ ကျောင်းသားမိဘတစ်ဦးမှ ဆိုသည်။

ပဉ္စမတန်းကျောင်းသာ မောင်သန့်ဇင်ဦးကို ပုလဲမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ လည်းကောင်း၊ ပထမတန်းကျောင်းသူ မသိန်းသိန်းစိုးနှင့် သူငယ်တန်းကျောင်းသူ မယုစံ တို့ကို မုံရွာမြို့နယ်
ပြည်သူ့ဆေးရုံကြီးတို့သို့ အသီးအသီးပို့ဆောင်ကာ ဆေးကုသမှုခံယူနေရသည်။

ရခိုင်ပဋိပက္ခမှာ ပြည်တွင်း၌သာ ဖြေရှင်းရမည့်ကိစ္စဖြစ်သည်ဟု ဗီဂျေနမ်ဘီးယားဆို

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်ခဲ့သောပဋိပက္ခများကို ဖြေရှင်းရာ၌ မည်သည့်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်စရာမလိုဘဲ ပြည်တွင်းကသာ ဖြေရှင်းရမည့်ကိစ္စဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဗီဂျေနမ်ဘီးယား (Vijay Nambia) က ပြောကြားလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ်ဗီဂျေနမ်ဘီးယား(Vijay Nambia)၏ စက်တင်ဘာ ၁ရက် ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

 

"နိုင်ငံတကာအသိုင်းအဝိုင်းကို သူတို့ကစပြီးပြောလာတဲ့အခါ OIC တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်လာတဲ့ ကြိုးစားမှုတွေဖြစ်လာတယ်။ တကယ်တမ်း ဒီပြဿနာဆိုတာ ကိုယ့်ပြည်တွင်းမှာနှစ်ဦးနှစ်ဖက်ဖြေရှင်းရမယ့် ပြဿနာပါ။ နိုင်ငံတကာ ဘယ်အစိုးရကမှ ဝင်ရောက်စွက်ဖက်တာကို မကြိုက်ပါဘူး''ဟု ဗီဂျေနမ်ဘီးယားက ပြောသည်။

ဗီဂျေနမ်ဘီးယား(Vijay Nambia)သည် စက်တင်ဘာ ၁ရက်က ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီး မောင်တောမြို့နယ်နှင့်ပေါက် တောမြိုနယ်များအတွင်းရှိ ရခိုင်နှင့်ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲပြီး စစ်တွေမြို့နယ်ရှိ ဘဂါင်္လီဒုက္ခသည် စခန်းများကို သွားရောက် လေ့လာခဲ့သည်။

စက်တင်ဘာ၁ရက်နံနက်ပိုင်းတွင် ဗီဂျေနမ်ဘီးယား(Vijay Nambia)နှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ရခိုင်အရေးကိစ္စ ဆွေးနွေး ခဲ့ကြရာ ရခိုင်ပြည်နယ်၏ပဋိပက္ခသည် ပြည်တွင်းပြည်ပမီဒီယာတချို့က ပိုဆိုးလာအောင်ဖန်တီးမှုများလည်း ရှိနေသည်ဟု ဗီဂျေနမ်ဘီးယားက ဆိုသည်။

''နောက်ဒီပြဿနာကို ပိုဆိုးလာစေတာတစ်ခုကတော့နိုင်ငံတကာမီဒီယာတွေနဲ့ပြည်တွင်းမီဒီယာတွေက ပိုဆိုးလာအောင်မီးမွှေး သလိုဖြစ်လာတယ်။ အခုလူမျိုးစုနှစ်ခုကြားမှာရှိနေတဲ့ မကျေနပ်ချက်တွေ လျော့ကျမသွားဘဲနဲ့ပိုပြီးဆိုးလာတာကို တွေ့ရတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေဟာတိုးလာမယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေရောက်လာပြီးတော့လူမျိုးရေးပြဿနာကနေဘာသာရေးပြဿနာဖြစ်လာမှာကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားကြတယ်''ဟု ၄င်းက ပြော သည်။

ထို့အပြင်မြန်မာနိုင်ငံ၏အရေးကိစ္စသည်ကုလသမဂ္ဂညီလာခံတွင် ပေါ်ပေါက်လာပါက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပြောင်းလဲသွားနိုင်သည်ဟုဗီဂျေးနမ်ဘီးယား (Vijay Nambia)ကသုံးသပ်ပြောဆိုသည်။

''စက်တင်ဘာလထဲမှာဆိုလို့ရှိရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ မြန်မာအရေးကိုလုပ်မယ့် လူတွေရှိတယ်၊ အဲလိုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ထားတာတွေ ပြောင်းလဲသွားနိုင်တယ်''ဟု ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းများရခိုင်ပြည်

နယ်သို့လာရောက်လေ့ရှိသော်လည်း ပဋိပက္ခဖြေရှင်းမည့်နည်းလမ်းများ ထွက်ပေါ်လာခြင်းမရှိဟု ဒေသခံရခိုင်တိုင်း ရင်းသားတို့က ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်နှင့်ဘင်္ဂါလီနှစ်ဖက်ပြန်လည်သင့်မြတ်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများချမှတ်ဆောင်ရွက် ထားသော်လည်း ကြန့်ကြာမှုများရှိနေကြောင်း အောက်ခြေပိုင်းတွင် သင့်မြတ်သော်လည်း အပေါ်ပိုင်း၌ ခက်ခဲနေသည်ဟု ဆိုသည်။

ဗီဂျေနမ်ဘီးယား(Vijay Nambia)သည် စက်တင်ဘာ၁ရက်တွင်စစ်တွေ၌တစ်ညအိပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက်ကာ သံတွဲမြို့မှအစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး သံတွဲခရီးစဉ်အပြီးရန်ကုန်သို့ပြန်လည်ထွက် ခွာမည်ဟု သိရသည်။

မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာကင်တားနားသည်   သြဂုတ်၁၁ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ရာ ဘက်လိုက်မှုများရှိသည်ဟုဆိုကာ ရခိုင်လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လွန်ခဲ့သည်၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ်များကြောင့်လူပေါင်း ၁၄၇ ဦး အသက်ဆုံးပါးခဲ့ရပြီး ဒဏ်ရာရသူ၂၈၆ဦင်္းနှင့်အဆောက်အအုံ၁၀၆၉၄လုံးပျက်စီးခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်

 

ဖုန်းဆက် သတင်းပေးမှုကြောင့် မီးသင်္ဂြိုဟ်တော့မည် လူသေအလောင်းကို ပြန်လည်စစ်ဆေး

ဖုန်းဆက်သတင်းပေးမှု တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေအလောင်းကို ဓမ္မတာအတိုင်း သေဆုံး ခဲ့ခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ဆေးရုံးသို့ ပြန်လည်ပို့ဆောင်ပြီး တောင်ဒဂုံရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာနမှ မှုခင်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။

သြဂုတ် ၂၃ က သေဆုံးသူ ဒေါ်ခင်စန်းမြင့်၏ အလောင်းအား သင်္ဂြိုလ်ရန် ကျီစုအအေးတိုက်သို့ ပို့ ဆောင်ထားကြောင်း အမည်မသိလူတစ်ဦးက ၂၃ ရက်တွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ သို့ သတင်းပေး တိုင်ကြား ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် သြဂုတ် ၂၂ ရက်နံနက် ၆ နာရီက ဒဂုံတောင်မြို့နယ် ၂၂ ရပ်ကွက်အတွင်း နေထိုင်သူ ဒေါ်ခင်စန်းမြင့် ၄၀ နှစ်သည် ရင်ဘက်နှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ရဲစခန်းသို့ ဖုန်းဆက် သတင်းပေး သူများက ရဲစခန်းသို့ ဖုန်းဖြင့်ပြောခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လူသေအလောင်းကို ဒဂုံတောင်ရဲစခန်းမှ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ အလောင်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ခုမတွေ့ရှိရဘဲ ကျီစုအအေးတိုက်သို့ သေဆုံးရောက်ရှိနေသည်ကိုသာ တွေ့ရ သည်ဟုလည်း ရဲမှတ်တမ်း တွင် ဖေါ်ပြထားသည်။

သေဆုံးသူတွင် နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါတို့ရှိကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိထားသည် ဟု ရဲဌာနကဆိုသည်။ ထို့ကြောင့် ရိုးရိုးသားသား သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် ပြန်လည်စစ် ဆေးနိုင်ရန် သေဆုံးသူ အလောင်းအား ကျီစုအအေးတိုက်မှ ထုတ်ယူပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် ရဲဘက်မှစစ်ဆေးနိုင်ရန် ရဲအုပ်ပန်းစိန်အောင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက စက်တင်ဘာ ၃၁ ရက်နေ့တွင် သေမှုသေခင်း အမှတ်စဉ် ၄၂/၁၃ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese

ရန်ကုန်သွား ဘင်္ဂလီ ၇ ဦး မြောက်ဦးတွင် ဖမ်းမိ

ကျောက်တော်မြို့မှ မှန်လုံကားတစ်စီးဖြင့် ရန်ကုန်သို့ တရားမ၀င် သွားရောက်ရန် ကြိုးပမ်းသူ ဘင်္ဂလီ လူမျိုး ၇ ဦးအား မြောက်ဦးမြို့တွင် ယမန်နေ့က ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ (၇) ဦးထဲတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။

သူတို့အား စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြောက်ဦးမြို့ အ၀င် နာရေး ကူညီမူ အသင်း ရုံးအဆောက်အအုံရှေ့သို့ မရောက်မီ လမ်းကွေ့တွင် ဖမ်းဆီးမိသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

" ဖြစ်ပုံက ဒီလိုဗျ။ သူတို့က မှန်လုံကား တစ်စီးနဲ့ ကျောက်တော်ကနေ မြောက်ဦးကို ၀င်လာတယ်။ မြောက်ဦး အ၀င်မှာ သူတို့စီးလာတဲ့ကားကို ရှာဖွေရေး ရဲတပ်ဖွဲ့က တားတော့ မတန့်ဘဲ ထွက်ပြေးတယ်။ ရှေ့နည်းနည်း ရောက်တော့ ကားသမားတွေက အဲဒီ ဘင်္ဂလီ လူမျိုး ၇ ဦးကို ကားပေါ်က ချထားခဲ့ပြီး ထွက်ပြေးသွားတယ်။ အနီးအနားရွာသားတွေက အဲဒီ ဘင်္ဂလီ ၇ ဦးကို ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်" ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးစလုံးမှာ ကျောက်တော်မြို့ ပိုက်သည်ရပ်ကဟု သိရသည်။

သူတို့အား ရန်ကုန်သို့ ငွေကြေးယူပြီး ပို့ဆောင်သူမှာ မြန်မာ အမျိုးသား သုံးဦးဖြစ်ပြီး တစ်ဦးမှာ ရခိုင်၊ နှစ်ဦးမှာ ဗမာ အမျိုးသားများ ဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။

ယခုအချိန်ထိ ထွက်ပြေးသွားသူများနှင့် မှန်လုံကားအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ လူမျိုး (၇) ဦးကို မြောက်ဦးမြို့ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။


(နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃)

စစ်တွေ ရေချမ်းပြင်တွင် လူငယ်တစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ကျေးရွာမှ လူငယ်တစ်ဦးကို လည်ပင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ တွေ့ရှိရသည်ဟု သတင်း ရရှိသည်။

သေဆုံးသူ လူငယ်မှာ အသက် ၂၂ နှစ် အရွယ်ရှိ (ဘ) ဦးသင်္ကြန်အောင်၊ (မိ)  ဒေါ်ဖြူမချေတို့၏ သား ကိုဇော်ဇော် ဖြစ်ကြောင်း ရေချမ်းပြင်ကျေးရွာသားများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ လူငယ်သည် ယမန်နေ့ နံနက် ၁၀ နာရီကတည်းက ပျောက်ဆုံးသွားပြီး ယနေ့နေ့လယ် (၃) နာရီ အချိန်တွင် သူ၏ အလောင်းကို ရေချမ်းပြင် ကျေးရွာ အနီးတည်ရှိသော ခတင်ပိုက် ဘင်္ဂလီ မူဆလင်ကျေးရွာ အနီးရှိ မီးရထားလမ်းဘေး ချောင်းအနီးတွင် ရှာဖွေ တွေ့ရှိသည်ဟု သိရသည်။

သူ့၏ ဦးခေါင်းနှင့် လည်ပင်းတွင် ဓါးဒဏ်ရာများ တွေ့ရှိရသည်ဟု သိရသည်။

ယခုအခါ သူ၏ အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်သွားပြီ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

၎င်းလူငယ်သည် ရေချမ်းပြင်ကျေးရွာတွင် ကျောက်ချ ရပ်နားထားသော ရေတပ် သင်္ဘောဘေးရှိ ဒီရေရောက်တောတွင် ပြားသီး ဆွတ်ခူးရန် သွားရာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ကိုဇော်ဇော်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ပြီး မိဖနှစ်ဦးအား ကြုံရာ အလုပ်ဖြင့် အလုပ်အကျွေးပြုနေသူဟု သိရသည်။

ယခုအခါ အဆိုပါ လူငယ် သေဆုံးမူနှင့် ပတ်သက်ပြီး စစ်တွေရဲမှ သေမူသေခင်းဖွင့်ကာ စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

အလားတူ သြဂတ်စ်လ ၂၄ ရက် နေ့ကလည်း ပေါက်တောမြို့နယ် မုညင်းကိုင်းကျေးရွာမှ အသက် ၄၁ နှစ် အရွယ် မလှသန်းစိန်သည် မုညင်းကိုင်း အောက်ရွာနှင့်  ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးရှိ ညောင်ပင်ချိုင် ချောင်းစပ်တွင် အသတ်ခံခဲ့ရသည်။

နိရဉ္စရာ- ၂ စက်တင်္ဘာ ၂၀၁၃

မလေးရှားမှာ ဒုတိယနေ့အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ ​ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ  ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီးထားပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ ​တော့မယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံက ​လူဝင်မှု ​ကြီးကြပ်ရေးတွေ၊ ​ပြည်သူ့စစ်တွေနဲ့ ​ရဲတွေ ​ပူးပေါင်းပြီး ​ပြည်ပကနေ ​တရားမဝင် ​အလုပ်လုပ်ကိုင်နေတဲ့ ​အလုပ် ​သမားတွေရှိရာ ​ဆောက်လုပ်ရေး ​လုပ်ငန်းခွင်၊ ​စိုက်ပျိုးရေးခြံတွေနဲ့ ​အဖြစ်သဘောသာ ​ဆောက်ထားတဲ့ ​တဲအိမ်တွေမှာ ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​ပြုလုပ်နေတာ ​ဖြစ်ပါတယ်။

ဒီလို ​ဖမ်းဆီးမှုမျိုးကို ​၃ ​လ ​ကြာ ​ပြုလုပ်ဖို့ရှိပြီး ​မလေးရှားနိုင်ငံတွင်း ​တရားမဝင်နေထိုင်နေကြတဲ့ ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးဖို့ ​ရည်ရွယ်ထားတာ ​ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးမှုအတွင်း ​မြန်မာနိုင်ငံသား ​၂၀၀ ​လောက် ​ဖမ်းဆီးခံခဲ့ရတယ်လို့ ​သိရပြီး ​ကျန်ရှိသူ ​အများစုက ​တောထဲမှာ ​ပုန်းအောင်းနေကြတယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​အင်ဒိုနီးရှား၊ ​ဖိလိပိုင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေ ​တရားဝင်အနေနဲ့ရော ​တရားမဝင်အနေနဲ့ပါ ​အလုပ်လုပ်ကိုင်နေကြတာ ​ဖြစ်ပါတယ်။

ပြည်ပကနေ ​အဆမတန် ​ဝင်လာတဲ့ ​အလုပ်သမားတွေကြောင့် ​မလေးရှားနိုင်ငံမှာ ​အလုပ်သမားပိုလျံမှု ​ပြဿနာတွေ၊ ​စီးပွားရေး ​ကျဆင်းမှုတွေ ​ကြုံနေရတဲ့အပြင် ​ရာဇာဝတ်မှုတွေပါ ​များလာတဲ့အတွက်ကြောင့် ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ​တရားမဝင် ​အလုပ်လုပ်နေသူပေါင်း ​ခုနှစ်သိန်းရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia