Tuesday, September 3, 2013

တုတ်ကွေးရောဂါအတွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယာယီဆေးခန်းဖွင့်ကာ ကုသပေးနေရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဇီးပဏီမြောက်ရွာတွင် ကလေး ၄၂ ဦး တုတ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယာယီဆေးခန်းဖွင့်ကာ စက်တင်ဘာ ၁ ရက် တွင် ဆေးကုသမှု
ပေးနေရသည်ဟု ဆားလင်းကြီးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းက ပြောသည်။

"သွေးလွန်တုတ်ကွေးရောဂါ အနည်းငယ်လေးဖြစ်ပွားတာပါ။ အုပ်ချုပ်ရေးမှူးကို အချိန်မီပြောပြလိုက်တဲ့အတွက် မနေ့ကခရိုင်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ပြီး ဆေးကုသပေးလျက်ရှိပါတယ်" မဇ္ဈိမကို ပြောသည်။

ရာသီပေါ် ရောဂါတစ်ရပ်ဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါ ခံစားနေရသည့် အဆိုပါကျောင်းသား ၄၂ ဦးအနက် သူငယ်တန်းကျောင်းသား မောင်မျိုးသီဟအပါအ၀င် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို ကျန်းမာရေးဝန်ထမ်းများ မှ အထူးစောင့်ကြပ်ကာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

"ကျန် ၃၆ ဦးကို တောကျားတက်တိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခရိုင်/မြို့နယ် ကျန်းမာရေး ၀န်ထမ်း စုပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်" ဟု ဒေသခံလူနာ ကျောင်းသားမိဘတစ်ဦးမှ ဆိုသည်။

ပဉ္စမတန်းကျောင်းသာ မောင်သန့်ဇင်ဦးကို ပုလဲမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ လည်းကောင်း၊ ပထမတန်းကျောင်းသူ မသိန်းသိန်းစိုးနှင့် သူငယ်တန်းကျောင်းသူ မယုစံ တို့ကို မုံရွာမြို့နယ်
ပြည်သူ့ဆေးရုံကြီးတို့သို့ အသီးအသီးပို့ဆောင်ကာ ဆေးကုသမှုခံယူနေရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။