Tuesday, September 3, 2013

ဟွန်ဒိုင်း ကုမ္ပဏီထုတ် ကားများသာ ၀ယ်ယူရရှိနိုင်မည့် Car Show Room တစ်ခုဖွင့်လှစ်ခဲ့

ပြည်တွင်းမှာ စီးပွားရေး အခွင့်အလမ်းများ ပွင့်လင်း လာတာနဲ့ အမျှ Car Show Room တွေဖွင့်လှစ်မှုဟာ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ ဒါကြောင့်

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ကလည်း ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်၊ အင်းစိန် လမ်းဆုံနဲ့ သမိုင်းလမ်းဆုံကြားမှာ Hyundai Car Show Room တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ tqkdygHyundai Brand ဟာ ကမ္ဘာ့အဆင့် ၅ နေရာမှာရှိတဲ့ Brand တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ မှာယူတင်သွင်း ရောင်းချလျက် ရှိတယ်လို့ သိရပါတယ်။

 

အခုလို ဖွင့်လှစ် လိုက်ပြီဖြစ်တဲ့ Hyundai Car Show Room မှာလည်း ကား Sale Center အပြင် Car Service Center နဲ့ ကားအပိုပစ္စည်း အရောင်းဆိုင်ကိုပါ တွဲဖက် ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ ဒီလို Hyundai Car Show Room ကို ဖွင့်လှစ်လိုက်တဲ့ အတွက် ပြည်သူတွေ အနေနဲ့ ကမ္ဘာ့အဆင့်မီ အရည်အသွေး ကောင်းတဲ့ ကားများကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အလွယ်တကူ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း နေပြည်တော်၊ မန္တလေးနဲ့ အခြားတိုင်းဒေသကြီး များမှာပါ နောက်ထပ် ဖွင့်လှစ် သွားဖို့ ဆောင်ရွက်မှုများ ရှိနေတယ်လို့ သတင်း ရရှိပါတယ်။

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။