တနင်္ဂနွေ
ရည်ရွယ်ချက်တွေများနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါကအောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ အချစ်ရေးကဇဝေဇဝါဖြစ်နေမည်။ အလုပ်အကိုင်က အဆင်ပြေလိုက်၊ အဆင်မပြေလိုက်ဖြစ်နေမည်။ အတိုက်အခံတွေကြုံနေမည်။ ပူစရာမလိုကျော်နိုင်မည်။ ပြောင်းလဲမှုတွေနှင့်ပြောင်းရွှေ့မှုတို့ဖြစ်မည်။ မိခင် သို့မဟုတ် အဒေါ် ကျန်းမာရေးဂရုစိုက်ပါ။ ခြေ၊လက်ခိုက်မိတက်သည်။
အကျိုးပေးဂဏန်း ၁၊၆၊၂
အထူးဟော ရေလှိုင်းပမာနိမ့်လိုက်၊မြင့်လိုက် ဖြစ်နေမည်။
ယတြာ မြောက်အရပ်မှာ လမ်းခင်းပါ။
တနင်္လာ
ဆုံးဖြတ်ချက်တွေမြန်နေမည်။ ဆန္ဒတွေစောနေမည်။ နေရာပြောင်းရွှေ့ခြင်း၊ ခရီးဝေးသွားခြင်းတို့ဖြစ်မည်။ ပညာရေးဖြေဆိုမှုများ၊အလုပ်ရာထူးအင်တာဗျူးများ ၊ရာထူးတိုးစားမေးပွဲများ အောင်မြင်မည်။ အချစ်လုခြင်းခံရတက်သည်။ စပ်တူရှယ်ယာလုပ်ဖြစ်မည်။ မြေဝယ်၊မြေရောင်းဖြစ်မည်။ ထီထိုးလိုက်ပါ။ ၇စ ၇ပိတ် ထိုးပါက ပေါက်မည်။ အရှေ့မြောက်ထောင့်အရပ်မှာထိုးပါ။ ငွေကြေး၊ပစ္စည်း၊ရည်းစားစာ၊ဓာတ်ပုံ လူကြုံမလှမ်းနှင့် ပျောက်တက် လိမ်တက်သည်။ အဝေးနေဆွေမျိုးသားချင်းတို့အတွက် စိတ်ပူရမည်။
အကျိုးပေးဂဏန်း ၂၊၄၊၈
အထူးဟော လူယုံမထားရ။
ယတြာ ငါးအရှင်လေးတွေကို အရှေ့မြောက်ထောင့်အရပ်သွားလွှတ်ပါ။
အင်္ဂါ
စွန့်စားမှု၊ စူးစမ်းမှု၊ လွတ်လပ်မှု တွေလုပ်လာရလိမ့်မည်။ လုပ်ပါ။ မုချအောင်မြင်သောကာလ ဖြစ်ပါသည်။ ကွက်ကျော်မြင်အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကိုမပိုင်ဖြစ်တက်သည်။ သင့်လုပ်ငန်းနှင့်ပတ်သတ်၍ သတင်းကောင်းကြားရမည်။ အချစ်ရေး အိမ်ထောင်ရေး ပြန်လည်ငြိမ်သင်မှုရမည်။ ရုတ်တရက်ခိုက်မိမှုတွေ့ကြုံမည်။ ဂရုစိုက်ပါ။ ထင်ပေါ်ကျော်ကြားမှုတို့ဖြစ်မည်။
အကျိုးပေးဂဏန်း ၅၊၇၊၉
အထူးဟော အဆင်ပြေအောင်မြင်မည်။
ယတြာ အိမ်ဘုရားကို အဂါင်္နံနက်တွင် အောင်သပြေလှူပါ။
ဗုဒ္ဓဟူး
ပညာရေး၊အချစ်ရေး၊စီးပွားရေး၊အလုပ်အကိုင်များအားလုံး အောင်မြင်မည်။ ဟိုဘက်တစ်မျိုး ဒီဘက်ကတပုံ ငွေဝင်မည်။ လူချစ်လူခင်များမည်။ မရောက်ဖူးသောခရီးတွေရောက်မည်။ ခြေ၊လက်အပူလောင်ခြင်း ခိုက်မိခြင်း တစ်ခုခုဖြစ်မည်။ ငွေကြေးကိစ္စလူလိမ်ခံရမည်။ စကားပြော ဆင်ခြင်ပါ။ ထီထိုးပါ။ ထီပေါက်မည်။ ၄စ ၄ပိတ်ထိုးပါ။ အရှေ့တောင်အရပ်ကထီဆိုင်ကိုထိုးပါ။
အကျိုးပေးဂဏန်း ၄၊၉၊၆
အထူးဟော အဆင်ပြေမည်။
ယတြာ တန်ခိုးကြီးဘုရားကို ရင်၊ဝမ်း ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
ချစ်သူ၏ လိမ်လည်ခြင်းခံရမည်။ ရင်းနှီးသူနှင့်စိတ်ဝမ်းကွဲခြင်းဖြစ်မည်။ မမျှော်လင့်သောခရီးတစ်ခုခုသွားရမည်။ မရည်ရွယ်ဘဲ ချစ်သူဖြစ်လိမ့်မည်။ လုပ်ငန်းသစ်တစ်ခုလုပ်ဖြစ်မည်။ ဝမ်းဗိုက်နှင့်ပတ်သက်၍ ချူချာမည်။ ကား၊ဆိုင်ကယ် ခိုက်မိတက်သည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၅စ ၂၊၃၊၆ပိတ်ထိုးပါ။ ပစ္စည်းပျောက်ကိန်းရှိသည်။ ငွေလိမ်ခံရကိန်းရှိသည်။ ဆွေမျိုးသားချင်းတို့အတွက်စိတ်ရှုပ်ရတက်သည်။
အကျိုးပေးဂဏန်း ၅၊၇၊၁
အထူးဟော အတိုက်အခံရှိနေသည်။
ယတြာ အိမ်ဘုရားကို ကြာသပတေးနံနက်မှာအုန်းပေါင်းနှင့်အကြော် လှူပါ။
သောကြာ
ရည်ရွယ်တာတွေမလုပ်ဖြစ်သေးပါ။ မရည်ရွယ်တွေတော့လုပ်ဖြစ်လိမ့်မည်။ သူများပြောတာမယုံဖို့တော့လိုပါသည်။ သူများစကားယုံ၍ အလုပ်မှာပြသနာတက်မည်။ ရန်ကြုံမည်။ ဂရုစိုက်ပါ။ ရုတ်တရက် ဆိုင်ကယ်၊ကားခိုက်မိတက်သည်။ အလုပ်ရာထူးတက်မည်။ ခရီးဝေးယာယီတွေရောက်မည်။ ဘဝအတွက် တိုးတက်မှုများအတွက် အကောင်အထည်ဖော်ဖြစ်မည်။ သင့်အား သင်၏ ဆွေမျိုးသားချင်းအကြီးတို့က သင့်ဘဝတိုးတက်မှုအတွက် အဖက်ဖက်က ကူညီမှုပေးလိမ့်မည်။
အကျိုးပေးဂဏန်း
အထူးဟော
ယတြာ
စနေ
ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်နေမည်။ ယှဉ်ပြိုင်သူများ မနာလိုသူများကြးမှ ရုန်းထွက်ပြီး အောင်မြင်ကျော်ကြားလာမည်။ လူချစ်လူခင်များမည်။ ကောင်းသောကျော်ကြားခြင်း၊ ကြီးပွားခြင်း၊ ချမ်းသာခြင်းတို့ အောင်မြင်မည်။ငွေအစုလိုက်ဝင်မည်။ ပညာရေးဖြေဆိုမှုများအောင်မြင်မည်။ အချစ်ရေးထက် ပညာရေး၊စီးပွားရေးကို ပို၍ဦးစားပေး လုပ်ဆောင်နေဖြစ်မည်။ ကျန်းမာရေးအနည်းငယ်ချူချာနိုင်သည်။ လုံးဝမစိုးရိမ်ရပါ။ စက်ပစ္စည်း၊ ကား၊ မြေတို့ ဝင်မည်။ ထွက်မည်။ အချစ်ရေးမှာ သူချစ်ကိုယ်ချစ် ၁ဦး၊ မောင်နှမလိုခင်ရာမှချစ်လာသူက ၁ဦး၊ ကိုယ်ကမချစ်ဘဲ ဇွတ်လာစွဲလန်းသူက ၁ဦး တို့ပေါ်နေမည်။ လက်ဆောင်ရမည်။
အကျိုးပေးဂဏန်း ၉၊၀၊၁
အထူးဟော အောင်မြင်မည်။ ဇွဲရှိဖို့လိုမည်။
ယတြာ နှင်းဆီနီနီ ၇ပွင့်ကို စနေနံဘုရားကို စနေနေ့ကပ်၍ ဆုတောင်းပါ။ မုချအောင်မြင်မည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။