Wednesday, August 15, 2012

ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ်အတွင်းမှာ သွားရောက် လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ အကြံပြုချက်တချို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်  ကချင် လွှတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကတော့ ဒီအဖွဲ့ဟာ အစိုးရက ခန့်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် အဖြစ်မှန်တွေကို
သမာသမတ်ကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။
အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့
ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်ရှင်။

ဘယ်လ်ဂျီယံ တက္ကသိုလ်က သမ္မတ ဦးသိန်း စိန်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ် ရန်ပြင်


ဘယ်လ် ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက် မတ် မတ် ဆောင်ရွက်နေသည့် သမ္မတဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်း အ တွက် အိန္ဒိယ ဒေါ်လာသန်း၅၀၀ ချေးငွေပေး


မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးတွင် အရေး ပါလာရန် ရှိသည့် အိန္ဒိယ-မြန်မာ-ထိုင်း
သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရာတွင် အသုံးပြုရန် အတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း၅၀၀ ကို အိန္ဒိယ အစိုးရက မြန်မာ အစိုးရထံ ပေးအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက The Nation သတင်းစာကို လက်ခံ ဖြေကြားသော အင်တာဗျူး တစ်ရပ် တွင် ပြောကြား သွားသည်။

မိုးနှောင်းကာလ မုန်တိုင်းဖြစ်ပေါ်လာနိုင် ဟုဆို


 မိုးနှောင်းကာလ မုန်တိုင်းဖြစ်ပေါ်လာနိုင် ဟုဆိုယခုနှစ် မိုးဦး ရာသီတွင် မြန်မာ နိုင်ငံနှင့် ဆက်စပ်သော ပင်လယ်ပြင် အတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့သဖြင့် မိုးနှောင်း ကာလတွင် မုန်တိုင်း ဖြစ်ပေါ် လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပသော ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြောပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။

ဆရာအင်အား မလုံလောက်တဲ့ မင်းလှစု တွဲဘက်အခြေခံပညာမူလတန်းကျောင်း



အစိုးရ၏ ငြိမ်းချမ်းရေးလမ်းစဉ် တိုင်းရင်းသားများ သဘောမတူ




ကချင်စစ်ပြေးဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေးအထောက်အကူပစ္စည်းများနှင့် ခိုလှုံစရာနေရာများ အတွက် အမိုးအကာများအရေးပေါ်လိုအပ်နေသည် (ဓာတ်ပုံ- Reuters)
ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ မရ ရအောင်ယူမည်ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ပြောဆိုချက်ကို မူဝါဒများအရ အကောင်အထည် ဖော်မည်ဆိုပါက ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးမှု ဖြစ်မလာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောသည်။

သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၂၀၀ ကျော် ရေဘေးဒုက္ခရောက်နေ





မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

မလေးရှား ဓာတ်ငွေ့ ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာ အလုပ်သမားများ သေဆုံး




ပေါက်ကွဲမှုဖြစ်သည့် ဓာတ်ငွေ့ဂိုဒေါင်အတွင်း မလေးရှား မီးသတ်သမားတဦး စစ်ဆေးနေစဉ် (ဓာတ်ပုံ – Bernama pic )
မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသဝက် ရပ်ကွက်တွင် တရားမဝင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တခု ပေါက်ကွဲမှု၌ မြန်မာ အလုပ်သမား ၃ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှု အရေးယူတော့မည်ဟု သမ္မတ ဦးသိန်းစိန်ပြော


ယမန်နေ့က ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် သမ္မတ ဦးသိန်းစိန်(ဓာတ်ပုံ – သမ္မတရုံး ၀က်ဘ်ဆိုက်)
အဂတိလိုက်စားမှုသည် နိုင်ငံအတွင်း၌ နေရာတိုင်းတွင် ရှိနေသေးသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန် က ထည့်သွင်းပြောဆိုသွားသည်။

ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်



ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝန်းအတွင်း မြင်ကွင်း (ဓာတ်ပုံ – memories-of-mstint.blogspot.com)
စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည်။

ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ

မောင်ရမ္မာ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ရခိုင်ပါတီနှစ်ခုမှ ခေါင်းဆောင်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

Mapco ဆန်စပါးကုမ္ပဏီက အစုရှယ်ယာ(၁)စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်ရောင်းချ


မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီကုမ္ပဏီတစ်ခုဖြစ်လာနိုင်ရည်ရွယ်၍ အများပိုင်ဆန်စပါး ကုမ္ပဏီကြီး(Mapco)မှ ၄င်းအစုရှယ်ယာများအား စတင်ရောင်းချပေးတော့မည်ဖြစ်၍ မည်သူအဆို ဝယ်ယူနိုင်ကြောင်း   မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းက သိရသည်။

အင်းလေးကန်ရှိ ရေဝေရေလဲဒေသများတွင် ဝါးပင်စိုက်ပျိုးမည်


အင်းလေးကန်မတိမ်ကောစေရန် ရေဝေရေလဲဒေသများတွင် ဝါးပင်များစိုက်ပျိုး၍ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးကန်စိမ်းလန်းစိုပြေရေးနှင့် ပြန်လည်တည်ဆောက်ရေးစီမံကိန်းက သိရှိရသည်။

နှစ်မကုန်မီ အခမဲ့ ကြည့်ရှုရတော့မည့် သတင်းနှင့်ဖျော်ဖြေမှုဦးစားပေး MNTV


အင်တာနာတိုင်ရှိယုံဖြင့် ဖမ်းယူကြည့်ရှုနိုင်သောသတင်းနှင့်ဖျော်ဖြေမှုဦးစားပေး အခမဲ့ရုပ်သံလိုင်း   ဖြစ်သည့်မြန်မာနေရှင်နယ် ရုပ်မြင်သံကြားလိုင်း(MNTV)အား ယခုနှစ် မကုန်မီထုတ်လွှင့်ပြသ နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရွှေသံလွင်မီဒီယာကသိရှိရသည်။
 

ဆင်ပေါင်ဝဲမှ သိမ်းဆည်းခံမြေဧက(၁)သောင်းကျော်အတွက် သမ္မတထံအသနားခံ


ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာ(၁၃)ရွာ၏ စိုက်ပျိုးမြေများအား ၁၉၉၈ခုနှစ်တွင်ကပစ(၈)မှ သိမ်းယူခဲ့သောကြောင့် အဆိုပါမြေများပြန်လည်ရရှိရေး ရွာသားများက စုပေါင်း၍သြဂုတ်(၁၃)ရက်နေ့ တွင် နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ထားကြောင်းသိရသည်။

လူမှုဖူလုံရေးဥပဒေသစ်တွင် ပျံကျအလုပ်သမားများလည်း မှတ်ပုံတင်နိုင်တော့မည်


၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်တွင် မှတ်ပုံမတင်မနေရပြဌာန်းချက်အရမိမိသဘော ဆန္ဒအလျှောက် မှတ်ပုံတင်နိုင် မည်ဖြစ်ကြောင်း သြဂုတ်လ(၁၃)ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းဝေးလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်သိန်းက ပြောကြားခဲ့သည်။

ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။

လောင်းလုံ ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ

စံခလပူရီ (မဇ္ဈိမ) ။          ။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ညင်းမော်ရွာအနီးတွင် ရေနံချက် စက်ရုံနှင့် ရေနံ သန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အနီးရှိ ကျေးရွာများမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက
ပြောသည်။

နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး RNDP ပါတီတွင်းရှင်းလင်း

နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်တန်း အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည် များကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ခေါင်းဆောင်များက အင်္ဂါနေ့တွင် ပါတီတွင်း အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေ ခုံရုံးအဖွဲ့ နုတ်ထွက်ရမည်



2012-08-14
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဘေဒူဖ ဒုက္ခသည်စခန်းမှာ ကျန်းမာရေးဆိုးရွား



2012-08-13
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ၅ မိုင်ကျော် ကွာဝေးတဲ့ ဘေဒူဖ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အစာအဟာရ ပြတ်လတ်မှုနဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွာနေတာကြောင့် ကလေးသူငယ်နဲ့ လူကြီးတွေအပါအ၀င် သေဆုံးသူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
ဝမ်းပျက် ၀မ်းလျောနဲ့ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါတွေ ခံစားနေရပြီး သေဆုံးသူ ဦးရေ ၁၀ ဦးကျော်ရှိပြီလို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။