Wednesday, August 15, 2012

Mapco ဆန်စပါးကုမ္ပဏီက အစုရှယ်ယာ(၁)စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်ရောင်းချ


မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီကုမ္ပဏီတစ်ခုဖြစ်လာနိုင်ရည်ရွယ်၍ အများပိုင်ဆန်စပါး ကုမ္ပဏီကြီး(Mapco)မှ ၄င်းအစုရှယ်ယာများအား စတင်ရောင်းချပေးတော့မည်ဖြစ်၍ မည်သူအဆို ဝယ်ယူနိုင်ကြောင်း   မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းက သိရသည်။

အဆိုပါ ရှယ်ယာများကို သြဂုတ်လ (၂၆)ရက်နေ့မှ စတင် ရောင်းချသွားမည်ဖြစ်ပြီး၊ ရှယ်ယာတစ်စုလျှင် ငွေကျပ် (၁သောင်း) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းရှင် များအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

"ကျွန်တော်တို့ အစုရှယ်ယာတွေကို တစ်နှစ်တစ်ခါ ခွဲပေးပါမယ်။ တကယ်လို့ အဲ့ဒီရှယ်ယာတွေ မယူရင်လည်း အရင်းထဲကို ပြန်ထည့်ပေးပ့ါမယ်။''ဟု ဆန်စပါးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

ရင်းနှီးမတည်ငွေကျပ် ဘီလျံ (၁ ထောင်) အထိမျှော်မှန်းထားပြီး ဈေးကွက်ရှယ်ယာအရေအတွက် ကန့်သတ်မည်မဟုတ်ကြောင်း သိရသည်။

ရှယ်ယာထည့်ဝင်ခြင်းနှင့် ပတ်သက်၍ အနည်းဆုံးရှယ်ရာ တစ်ခုမှ ရှယ်ယာ တစ်သိန်းအထိ အများဆုံး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရှယ်ယာတန်ကြေး (၄ဝ) ရာခိုင်နှုန်းပေးချေရုံဖြင့် ရှယ်ယာဝင်ဖြစ် နိုင်မည်ဖြစ်သည်။

အများပိုင်ကုမ္ပဏီဖြစ်သည့်အတွက် ဆန်စပါးအားအဓိကထားလုပ်မည်ဖြစ်ပြီး အစုရှယ်ယာဝင်များ၏ အကျိုးမြတ်ကို ခွဲဝေကာ လယ်သမားများ၏ ကျန်းမာရေးကိစ္စများအပါအဝင် ချေငွေကိစ္စများအတွက် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း ကုမ္ပဏီမှ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းတို့နှင့် ယှဉ်ပြိုင်ရန်အတွက် အများပိုင်ကုမ္ပဏီမှ ဈေးကွက်ယုံကြည်မှု အပေါ်မူတည်၍ယှဉ်နိုင် မည်ဟု ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောသည်။

'' ပိုက်ဆံတစ်သောင်းနဲ့ကတော့ ဘယ်လယ်သမားမဆို ထည့်နိုင်မယ်လို့  မိမိတို့အနေနဲ့ယူဆပါတယ်။ တစ်နှစ်တစ်ခါ တိတိကျကျ ထုတ်ပြန်ဖို့တော့ လိုအပ်ပါတယ်။ ဒီပိုက်ဆံတစ်သောင်းဆိုတာက အပြင် မှာ အတိုးပေးတာထက် အခုလို ရင်းနှီးမြှပ်နှံမှုတစ်ခု လုပ်လိုက်တဲ့အတွက် ပိုကောင်းတယ်။ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ထင်တယ်။'' ဟု ပဲခူးတိုင်းမြို့မှ လယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်း က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။