Wednesday, August 15, 2012

လူမှုဖူလုံရေးဥပဒေသစ်တွင် ပျံကျအလုပ်သမားများလည်း မှတ်ပုံတင်နိုင်တော့မည်


၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်တွင် မှတ်ပုံမတင်မနေရပြဌာန်းချက်အရမိမိသဘော ဆန္ဒအလျှောက် မှတ်ပုံတင်နိုင် မည်ဖြစ်ကြောင်း သြဂုတ်လ(၁၃)ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းဝေးလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်သိန်းက ပြောကြားခဲ့သည်။

အလုပ်ရှင်အတည်တကျမရှိသော ပျံကျအလုပ်သမားများအားလူမှုဖူလုံရေးအကျိုးခံစားခွင့် ရရှိစေခြင်းနှင့်ပတ်သက် ၍သက်ဆိုင်ရာဌာနအနေဖြင့် နည်းလမ်းများ ရှာဖွေဆောင်ရွက် ပေးရန် အစီအစဉ်ရှိမရှိစသည် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးအောင်ဆန်း၏ မေးမြန်းချက် အပေါ်တွင်ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

လူမှုဖူလုံရေးဥပဒေအသစ်အရ ပျံကျအလုပ်သမားများသည် အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးနှစ်မျိုးလုံးကို မိမိတို့ပေးသွင်းမှသာလူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ခံစားရမည်ဖြစ်ကြောင်းဦးမြင့်သိန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးပြဌာန်းခဲ့ပြီးနောက်နှစ်ပေါင်း (၆၅) နှစ်ကြာ လူမှုဖူလုံရေးဥပဒေအား ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို လူမှုဖူလုံရေး ပြဌာန်းချက်တွင် အာမခံစနစ် (၂)မျိုးသာရှိခဲ့ရာဥပဒေသစ်တွင်မူ အာမခံစနစ် (၆)မျိုးပါဝင်မည်ဖြစ်ပြီး ပင်စင်စားများအားဆေးဝါးကုသပေးခြင်း၊ သဘာဝ ဘေး ထိခိုက်နစ်နာမှုများကို   ထောက်ပံ့ပေးခြင်း  ၊အလုပ်လက်မဲ့ ထောက်ပံ့ကြေးပေးခြင်း စသည့် စနစ်များပါရှိပြီးဖြစ်သော်လည်းပျံကျဈေးသည်များအတွက်မူ ဥပဒေသစ်တွင် မပါရှိသဖြင့် ထပ်မံဆွေးနွေးခြင်းဖြစ်သည်။

 'အလုပ်ရှင်အတည်တကျမရှိတဲ့ အလုပ်သမားတွေ ဆိုက်ကားသမားလို လူမျိုးတွေနောက်တစ်ခါ ကိုယ်ပိုင်အလုပ် လုပ်နေတဲ့ ရှေ့နေတွေ ဆရာဝန်လေးတွေအလုပ်ရှင်လဲ သူတို့ အလုပ်သမားလဲ သူတို့ဆိုတဲ့လူတွေလည်းအကျိုးခံစားခွင့်ရှိပါတယ်။ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ၊ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် က ပြောကြားသည်။
 
အလုပ်ရှင်မရှိသည့် အလုပ်သမားများသည် အလုပ်ရှင်ထည့်ဝင်ရမည့်ကြေးနှင့်အလုပ်သမားထည့်ဝင်ရမည့်ကြေး နှစ်ခုပါ ပူးတွဲ ထည့်သွင်းရမည်ဖြစ်ပြီးလူမှုဖူလုံရေး အကျိုးခံစားခွင့်ကို အများနည်းတူခံစားခွင့်ရှိမည်ဟုဦးယုလွင်ဆောင်က ဆက်ပြော သည်။

'ကျွန်တော်တို့လို အလုပ်ရှင် မရှိတဲ့ အခြေခံလူတန်းစားဆိုက်ကားသမားတွေအတွက်ပါ စဉ်းစားပေးတယ်ဆိုတော့ ကောင်းပါတယ်။ ဥပဒေသစ်မှာဒါမျိုးပါတယ်ဆိုတော့ ကျွန်တော်တို့ ပိုက်ဆံသွင်းနိုင်ရင်လူမှုဖူလုံရေးအကျိုး ခံစားခွင့် ကျွန်တော်တို့လည်း ရတော့မစိုးဘူးလို့ပြောလို့ရပါတယ်။ဟု ဆိုက်ကားဆရာတစ်ဦးဖြစ်သူ ကိုသက်နိုင်ကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။