Wednesday, August 15, 2012

နှစ်မကုန်မီ အခမဲ့ ကြည့်ရှုရတော့မည့် သတင်းနှင့်ဖျော်ဖြေမှုဦးစားပေး MNTV


အင်တာနာတိုင်ရှိယုံဖြင့် ဖမ်းယူကြည့်ရှုနိုင်သောသတင်းနှင့်ဖျော်ဖြေမှုဦးစားပေး အခမဲ့ရုပ်သံလိုင်း   ဖြစ်သည့်မြန်မာနေရှင်နယ် ရုပ်မြင်သံကြားလိုင်း(MNTV)အား ယခုနှစ် မကုန်မီထုတ်လွှင့်ပြသ နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ရွှေသံလွင်မီဒီယာကသိရှိရသည်။
 
“ ကျွန်တော်တို့က မြန်သမျှမြန်အောင် စီစဉ်နေပါတယ်။ ဒီနှစ်မကုန်ခင်ပြသနိုင်အောင် ကြိုးစားနေ ပါတယ်။ ဖရီးတူအဲဆိုတာ ဒီအတိုင်းလွှင့်လို့မရဘူးနည်းပညာတွေ ထပ်ဆင့်လွင့်စက်တွေလိုတယ် အခြေခံ အဆောက်အအုံတွေ လိုတယ်ဟုမြန်မာနေရှင်နယ်တီဗွီ သတင်းဌာနမှ အကြီးကဲဖြစ်သူ ဦးရဲမင်းအောင်က ပြောသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တောတောင်ထူထပ်သောနေရာများပါအဆိုပါရုပ်သံလိုင်းအား ထုတ်လွှင့်ပြသနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း သိရသည်။

'မြန်မာနေရှင်နယ်ချယ်နယ်က ပြည်တွင်းပြည်ပ သတင်းစုံကဏ္ဍာတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်သွားနိုင်အောင် ကြိုးစားသွားပါမယ်၊ တစ်ဖက်မှာလည်းဖျော်ဖြေရေးကဏ္ဍတွေပါမယ်၊ အဲလိုမျိုးတွေ တင်ဆက်သွားမှာပါ။'ဟု ၄င်းက ဆိုသည်။

ပြည်တွင်း၊ ပြည်ပနယ်ပယ် ကဏ္ဍာစုံသတင်းများ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ သိပ္ပံနှင့်နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး ရေး၊မွေးမြူရေး၊ ရာဇဝတ်မှုသတင်းများ၊ ကူးသန်းရောင်းဝယ်ရေး၊ တည်ဆောက်ရေး၊အထွေထွေ ဈေးကွက်သတင်းများအား တင်ဆက်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
 
“ ကျွန်တော်တို့က ကိုယ့်နိုင်ငံမှာ ဖြစ်နေတာတစ်ခုထဲသိလို့မဖြစ်ဘူးအနည်းဆုံးတော့ အိမ်နီးချင်း နိုင်ငံတွေမှာ   ဖြစ်နေတာတွေကိုတော့ သိရမယ်။ဟု၎င်းက ဆက်ပြောသည်။
 
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သတင်းအစီစဉ်များစွာ ရှိသင့်ကြောင်းသတင်းနှင့်ဖျော်ဖြေမှုရုပ်သံလိုင်း Free to air အား ကြည့်ရှု့ခွင့်ရသည့်အတွက် ပြည်သူလူထုအတွက် ပိုကောင်းမွန်ကြောင်းတာမွေမြို့နယ်တွင်   နေထိုင်သူတစ်ဦးက ပြောသည်။
 
“ ကျွန်တော်တို့ဆီမှာ ပိုက်ဆံမပေးရတဲ့ တီဗွီလိုင်းတွေ များများရှိသင့်တယ်။ပိုက်ဆံမကုန်ဘူးဆိုတော့ ပိုကောင်းပါတယ်။တစ်ချို့စားဖို့တောင်အနိုင်နိုင်ဆိုတော့ ပိုက်ဆံပေးရတဲ့လိုင်းတွေမကြည့်နိုင်ဘူး။ ဒီလို အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတာတွေပါကြည့်ခွင့်ရမယ်ဆိုတော့ တကယ်သာကြည့်လို့ရရင်   ကောင်းတာပေါ့ဗျာ။ဟုတာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုထွန်းဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။