Tuesday, June 26, 2012
စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

ဘင်္ဂလားဒေ့ရှ်
နိုင်ငံ တာ့ခ်နာဖ်(Teknaf) ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံဘက်မှ
ရောက်ရှိနေသော ရိုဟင်ဂျာ များကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဓာတ်ပုံ – Reuters)
ကမ္ဘောဇ၊ ထူး၊ မက်စ်မြန်မာနှင့် ရွှေတောင်ကုမ္ပဏီ အပါအ၀င် မြန်မာ ထိပ်တန်းလုပ်ငန်းကြီး အချို့  အာမခံလုပ်ငန်း လုပ်ကိုင်မည်
ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ
စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င်
ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည်
ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး
အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး ကုမ္ပဏီတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာ ထိပ်တန်း လုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ
ဂျပန် ထိပ်တန်း မော်တော်ယာဉ်လုပ်ငန်းများဖြစ်သော တိုယိုတာ၊ နစ်ဆန်း၊
ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်
ဆွေးနွေးနေပြီး ဇူလိုင်လအတွင်း ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးပါက
မြန်မာထိပ်တန်းလုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် (Joint Venture-J.V)
ဆောင်ရွက်ရန် ချိတ်ဆက်ညှိနှိုင်းနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ
သတင်းရရှိပါသည်။
ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်
ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။
မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ
မစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါမစိုက်ပျိုးဘဲ ထားတဲ့ စစ်တပ်သိမ်း မြေများ လယ်သမားများထံ ပြန်ပေးပါ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲ ကျေးရွာအုပ်စုပိုင် မြေဧက ၁၈၁၇ ဧကကို တပ်ရဲ့ လိုအပ်ချက်အရ ဆိုပြီး လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၂၇၊ လေကြောင်းအမှတ် ၄၊ အမြောက်တပ် ၆၄ နဲ့ ကြံ့ခိုင်ရေးအဖွဲ့တို့ကနေ ၂၀၀၂ ခုနှစ်ကတည်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အခုအခါ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမားတွေက ဝင်ရောက် စိုက်ပျိုး ထွန်ယက်တဲ့အတွက်

ချီဖွေမြို့နယ် ရှငေါ်ရွာတွင် ပေါ်တာဆွဲနေကြောင်း ဒေသခံများပြောဆို
ကချင်ပြည်၊
ချီဖွေမြို့နယ် ရှငေါ်ကျေးရွာတွင် ဇွန်လ (၁၇) ရက်နေ့မှ
စတင်ကာပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံများအား
ပေါ်တာဆွဲခံနေရကြောင်းချီဖွေဒေသခံတို့က ဆိုသည်။
ဇွန်လ (၁၇)ရက်နေ့ တစ်နေ့တည်းပင် ပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံ(၄၅) ဦးအား ပေါ်တာဆွဲခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ (၁၇)ရက်နေ့ တစ်နေ့တည်းပင် ပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံ(၄၅) ဦးအား ပေါ်တာဆွဲခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပူတာအိုခရိုင်အတွင်း ဆန်တစ်ပြည်ကျပ်(၄၀၀၀)အထိ ဈေးနှုန်းမြင့်တက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဒေသတွင်း ဆန်လိုအပ်ချက်ရှိနေခြင်းနှင့် မြစ်ကြီးနားမှ ဆန်တင်ပို့ရာတွင် အခက်အခဲများ ရှိနေခြင်းကြောင့် ဒေသဆန်ဈေးကွက်အတွင်း ဆန်ဈေးနူန်းများ အဆမတန်မြင့်တက်လျက်ရှိ ကြောင်း သိရသည်။
ဒေါ်စု ပြင်သစ်ခရီး စတင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြင်သစ်သမ္မတရဲ့ဖိတ်ကြားချက်နဲ့ နိုင်ငံတော် အထူး ဧည့်သည်အဖြစ်
ပြင်သစ်နိုင်ငံကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်သစ်ခရီးစဉ်အတွင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်သစ်အာဏာပိုင်တွေဘက်က
ကြိုဆိုပြင်ဆင်ချက်တွေနဲ့ ဂုဏ်ပြုအစီအစဉ်တွေ ကိုတော့ မဆုမွန်က
စုစည်းတင်ဆက်ပေးပါမယ်။
ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် လန်ဒန်မြို့ AI အဖွဲ့ ရုံးခန်းတွင် ပြသ
ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် လန်ဒန်မြို့ AI အဖွဲ့ ရုံးခန်းတွင် ပြသ
2012-06-25
အင်္ဂလိပ်လူမျိုး Rex Bloomstein ရိုက်ကူးတဲ့ This Prison where I live ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင် ဆိုတဲ့ လူရွှင်တော် ဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင်ကို လန်ဒန်မြို့ရှိ Amnesty International အပြည်ပြည်ဆိုင်ရာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ရုံးခန်းမှာ မနေ့နေ့လည်က ပြသခဲ့ပါတယ်။
RFA
အလုပ်အကိုင် ရှာဖွေရေး အခမဲ့ဝန်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ်
အလုပ်အကိုင် ရှာဖွေရေး အခမဲ့ဝန်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ်
2012-06-25
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှာဖွေတာနဲ့ ပတ်သက်လို့ နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
Photo:Myanmarbestjob.com
လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို
လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို
2012-06-25
မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
Photo:Myanmar President Office Web site
ဆန္ဒပြ Famoso အလုပ်သမားများအား အလုပ်ထုတ်ပစ်မည်ဟု သူဌေး အကြပ်ကိုင်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ
Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ
လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက
စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး
အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည်
ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။
ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား
လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း
နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။
ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း
စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊
မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင်
နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက်
ဓားပြတိုက်မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။
မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။
မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။
ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး
ချင်းမိုင်(မဇ္ဈိမ) ။ ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။
ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။
တရားစွဲဆိုခံရသော လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ပထမနေ့ရုံးချိန်းတွင် အာမခံရရှိ

အမှုရုံးချိန်းသို့ လာရောက်သူများကို တွေ့ရစဉ်
ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့နှင့် ချင်းတွင်းမြစ်တွင် ခန္တီးမြို့တို့၌ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင်ရောက်ရှိ
ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့နှင့် ချင်းတွင်းမြစ်တွင်
ခန္တီးမြို့တို့၌ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ စတင်ရောက်ရှိနေကြောင်း
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက် နေ့ နံနက် ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၁၁၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက် နေ့ နံနက် ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၁၁၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အယူခံဝင်မည်

ဓာတ်ပုံ ASSOCIATED PRESS
အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော မိခင်ဒေါ်ခင်ကြည်၏အိမ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့
ရန်ကုန်မြို့ နေအိမ်ကို ပိုင်ဆိုင်ခွင့် အတွက် လျှောက်ထားခဲ့တဲ့ အကိုဖြစ်သူ
ဦးအောင်ဆန်းဦးကို မကြာသေးခင်ကပဲ အနိုင်ပေးခဲ့တဲ့ တရားရုံးရဲ့
ဆုံးဖြတ်ချက်ကို ပြန်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံရဲ့
လက်ရှိတည်ဆဲဥပဒေမှာ နိုင်ငံခြား သားတဦးအနေနဲ့ ရွှေ့ပြောင်းလို့ မရတဲ့
အရာတွေကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းချက်အပေါ် အခြေခံ ပြီးတော့
လျှောက်လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတွေက
ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့
မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည်ရပ်တည်
လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိ လာပြီလို့ မျှော်လင့်တဲ့အကြောင်း
ဒီကနေ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့
တွေ့ဆုံခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က
ပြောပါတယ်။ ပြည် ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့တချို့နဲ့
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ
တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက
တင်ပြပေးထားပါတယ်။
နယ်ခြားကိစ္စဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သွားမည်
သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို
လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလောလောဆယ်မှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေ တိုး တက် ကောင်းမွန်နေပြီး
နယ်စပ်ဒေသမှာလည်း ငြိမ်းချမ်းမှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြော သလို
မြန်မာအစိုးရဘက်ကလည်း ရခိုင်ပြည်နယ်ထဲမှာ အရေးပေါ်အခြေအနေ
မရုပ်သိမ်းသေးပေမဲ့ တချို့ဒေသတွေက ညမထွက်ရ အမိန့်တွေပါ
မရုပ်သိမ်းနိုင်သေးတဲ့အခြေအနေတွေ ရှိနေပေမယ့်လို့လည်း အခြေအနေဟာ တစစနဲ့
ကောင်းမွန်လာပြီလို့ ဆိုပါတယ်။
တိုင်းပြည်အကျိုး ဆောင်နိုင်သူတွေကို ပြန်လည်စုစည်းမည်
တိုင်းပြည်အကျိုး ဆောင်နိုင်သူတွေကို ပြန်လည်စုစည်းမည်
2012-06-25
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တိုင်းပြည်အတွက်
အကျိုးပြုသူတွေကို ပြန်လည်စုစည်းနိုင်ဖို့ အရေးကြီးကြောင်း
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်
အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ဒီကနေ့ အာအက်ဖ်အေကို ပြောဆိုလိုက်ပါတယ်။
"နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင်
အားလုံးလုပ်မှာပဲလေ။ နိုင်ငံတော်အတွက် အကျိုးပြုမဲ့ လူတွေအားလုံးကို
ကျွန်တော်တို့ ပြန်စုစည်းတာပေါ့ဗျာ။ ပညာရှင်တွေနဲ့ တည်ဆောက်မှ ရမှာပေါ့။
အဲတာကြောင့် နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့
ပညာရှင်တွေ၊ တတ်သိပညာရှင်တွေ အကုန်လုံးကို ပြန်ပြီးတော့ စုစည်းတာပါဗျာ"
ဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ဟာ ထိုင်းအခြေစိုက် မြန်မာ့နိုင်ငံရေးနဲ့
လူမှုရေးအဖွဲ့အစည်း စုစုပေါင်း (၁၄)ဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပြီး ဒီကနေ့
နေ့လည်ပိုင်းက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ဒုတိယအကြိမ်
တွေ့ဆုံခဲ့ပါတယ်။မနက်ဖြန်မှာ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နဲ့ တွေ့ဆုံမယ့်အပြင် မဲဆောက်မြို့ မယ်တော်ဆေးခန်းကို သွားရောက်ပြီး ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
အခုလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ပရောက် နိုင်ငံရေးအင်အားစု အများအပြားနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ထူးခြားတဲ့လက္ခဏာဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။
"နိုင်ငံရေး အင်အားစုတွေနဲ့
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လိုက်ပြီးတော့ တွေ့နေတဲ့ဟာကတော့
မြန်မာနိုင်ငံရဲ့ အချိုးအကွေ့တစ်ခုမှာ ဒီဟာက ထူးခြားတဲ့ လက္ခဏာတစ်ခုလို့
တော့ ကျွန်တော်တို့ ပြောလို့ရတာပေါ့နော်။ တိုင်းပြည်တစ်ခုတည်း
ပြန်လည်ထူထောင်ရေး ကိစ္စ၊ နောက်တစ်ခါ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ
အင်အားစု ၈၈ အစရှိတဲ့လူတွေ ပါဝင်သင့်တယ်ဆိုတဲ့ သမ္မတရဲ့မူပေါ်မှာ
လိုက်ပြီးဆောင်ရွက်တယ်လို့ ကျွန်တော်ထင်ပါတယ်"
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့မှာ လူဝင်မှု
ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနဲ့အတူ မြန်မာအီးဂရက်စ်အဖွဲ့က ဦးလှမောင်ရွှေနဲ့
ဦးတင်မောင်သန်း တို့လည်း လိုက်ပါလာပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ တနင်္လာနေ့ နေ့လည် (၂) နာရီက ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)