လျှပ်စစ်ရေတင် စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် လယ်သမားတွေ အခက်ကြုံ
၂၀၀၇ ခုနှစ်ကတည်းက စတင် အကောင်အထည် ဖော်ခဲ့တဲ့ လျှပ်စစ်ရေတင် စီမံကိန်း ရပ်ဆိုင်းသွားတာကြောင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာ အနောက်ဘက်မှာရှိတဲ့
ရွာသားတွေ လုပ်ကိုင်နေကြတဲ့ ကွင်းအမှတ် (၈၈၉) ရဲ့လယ်ဧက ၅၀၀ ကျော်ဟာ မိုးစပါး စိုက်ပျိုးရေး အတွက် ရေ အခက်အခဲနဲ့ ကြုံတွေ့ နေရပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ လျှပ်
စစ်ရေတင် စီမံကိန်းကို အချိန်မီ ပြုပြင်မပေးရင် လယ်သမားတွေ အနေနဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အနေနဲ့ စီမံကိန်းကြီးတွေကို အကောင်
အထည်ဖော်တဲ့ နေရာမှာ ဒေသခံ ပြည်သူတွေ အကျိုးရှိနိုင်မယ့် စီမံကိန်းတွေကိုသာ ဂရုတစိုက် အကောင်အထည်ဖော် တည်ဆောက် ပေးသင့်ပါတယ်လို့ ဒေသခံတွေက ပြောဆိုခဲ့
ကြပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။