မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမား သည် သြဂုတ်လ ၂၃ ရက်နေ့ ညနေက ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ် တွင် အကြောင်းအရာနှစ်မျိုးကို ဟောပြောဆွေးနွေးခဲ့သည်။

![]()
BOT စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်-ပြည်လမ်းပိုင်း မင်းလှမြို့အနီး တစ်နေရာ
မြန်မာနိုင်ငံရှိ အဓိကလမ်းကြီးများ၏ ၇၀ ရာခိုင်နှုန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ ကျန်ရှိနေသော လမ်းများအားလည်း ဆက်လက် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
|