Friday, August 24, 2012

အလုပ်သမားအဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေး ဆွေးနွေးပွဲကျင်းပ



2012-08-22
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ အရည်အသွေး တိုးတက်လာရေးအတွက် ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ summit park view ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ILO ကြီးမှူးပြီး မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်းများ အရည်အသွေး တိုးတက်လာရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်။

ဒီဆွေးနွေးပွဲကို မစုစုနွေး၊ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်တို့ အပါအ၀င် စက်မှုဇုန် အသီးသီးက အလုပ်သမားအရေး ဦးဆောင်လှုပ်ရှားသူ အယောက် (၅၀) လောက် တက်ရောက်ခဲ့ပြီး ရန်ကုန် အိုင်အယ်အို (ILO) ရုံးက နည်းပညာဆိုင်ရာ အရာရှိ ရော့ (စ်) ၀ီလ်စန်တို့ တက်ရောက်ခဲ့ကြပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ်မှာ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှု ဦးတည်ချက်တွေ အကောင်အထည် ဖော်နိုင်ရေးအတွက် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီပွဲ တတ်ရောက်ခဲ့တဲ့ အလုပ်သမား လယ်သမားအရေး ဦးဆောင် လှုပ်ရှားနေသူ မစုစုနွေးက အခုလို ပြောပါတယ်။
"ဆုံးဖြတ်ချက်တွေ အားလုံးကို ကျွန်မတို့  ဆုံးဖြတ်ပြီးတော့ အဆုံးအဖြတ်ကို ရရှိတယ်ပေါ့။ အဓိက က ပိုမိုကောင်းမွန်အောင်ပေါ့။ ထင်သာ မြင်သာ ဖြစ်အောင် ဘယ်လို လုပ်ဆောင်သွားမလဲ။ ၂၀၁၅ ကို ၃ နှစ်မှာပေါ့နော်"
ဒီလပိုင်းအတွင်း အိုင်အယ်အိုကို အများဆုံး တိုင်ကြားတဲ့ အမှုတွေထဲမှာ စက်ရုံတွင်း အခြေခံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အကြောင်းအမျိုးမျိုးနဲ့ အလုပ်ထုတ်တဲ့ အမှုတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက် သဘောတူ စာချုပ်တွေကို အလုပ်ရှင်တွေဘက်က ဖောက်ဖျက်တဲ့ အမှုတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။




No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။