Friday, August 24, 2012

 မြန်မာနိုင်ငံရှိ အဓိကလမ်းမကြီးများ၏ ၇၀ ရာခိုင်နှုန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထား၊ ကုမ္ပဏီ ၂၉ ခုမှ လမ်းပိုင်း ၆၁ ပိုင်း၌ လုပ်ကိုင်လျက်ရှိ

5121
BOT စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်-ပြည်လမ်းပိုင်း မင်းလှမြို့အနီး တစ်နေရာ
မြန်မာနိုင်ငံရှိ အဓိကလမ်းကြီးများ၏ ၇၀ ရာခိုင်နှုန်းအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားကြောင်း၊  ကျန်ရှိနေသော လမ်းများအားလည်း ဆက်လက် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံကအဓိကလမ်းတွေ မှာ BOT စနစ်နဲ့လုပ်ကိုင်နေတာ ၇၀ ရာခိုင်နှုန်းရှိတယ်။ ကျန်တဲ့လမ်းတွေ ကိုလည်း ဆက်လက် လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ပြောရမယ်ဆိုရင် ကယားနဲ့ချင်းက လွဲရင်ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လမ်းတွေမှာ BOT စနစ်နဲ့ လုပ်ကိုင်ခွင့်ချ ထားပေးပြီးဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ BOT စနစ်ဖြင့် လုပ်ကိုင်ရာ၌ ပြည်တွင်းကုမ္ပဏီ ၂၉ ခုမှ လမ်းပိုင်း ၆၁ ပိုင်း၌ လုပ်ကိုင် လျက်ရှိပြီးလမ်းမိုင်ပေါင်း ၃၃၆၃ မိုင် ၄ ဖာလုံရှိကြောင်း၊ အများစုမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းများဖြစ်ကြောင်းလည်း သိရှိရသည်။
တည်ဆောက်ရေးပိုင်း အနေဖြင့် လမ်းဆောက်လုပ်ရေး ကုမ္ပဏီကြီးများ ၁၄၆ ခုနှင့် လမ်းပေါင်း ၁၉ လမ်း တွင် လမ်းမိုင်ပေါင်း ၇၃၀ မိုင်ကို တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအရ သိရှိရသည်။
ထို့ပြင် လမ်းဖောက်လုပ်မှုအပိုင်း ကိုလည်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့်ထိုင်းနိုင်ငံများနှင့်လည်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးနား - ကန်ပိုက်တီး လမ်းပိုင်းအား တရုတ်နိုင်ငံမှ ဖောက်လုပ်ပေးထားကြောင်း၊ ထို့ပြင် အရှည် ၇၅ မိုင်ရှိ ကလေးဝ-ယာကြီး လမ်းပိုင်းအားလည်း အိန္ဒိယနိုင်ငံမှ ဖောက်လုပ်သွားမည် ဖြစ်ကြောင်း၊ တနင်္သာရီ-မောတောင် (ကျား ကလေး) လမ်းပိုင်းများကို ထိုင်းနိုင်ငံမှ ဖောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ကလေးဝ-ယာကြီးလမ်းအား အကျယ် ၂၄ ပေဖြင့် ၂၀၁၆ ခုနှစ် မတိုင်မီ အပြီးဖောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ကလေးဝနှင့်တမူးကြားရှိ တံတား ၇၆ စင်းကိုလည်း ကွန်ကရစ်တံတားများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် BOT ကုမ္ပဏီများ လုပ်ကိုင်လျက်ရှိသည့် လမ်းမိုင်များ
စဉ်  ပြည်နယ်/ တိုင်းဒေသကြီးခရီးမိုင်ရာခိုင်နှုန်း
ကချင်                     ၃၀၂မိုင် ၂ဖာလုံ၁၅ရာခိုင်နှုန်း
မွန်      ၁၆၁မိုင် ၁ဖာလုံ၁၄ရာခိုင်နှုန်း
ကရင်            ၁၆၁မိုင် ၂ဖာလုံ၁၄ရာခိုင်နှုန်း
စစ်ကိုင်း                    ၃၂၄မိုင် ၂ဖာလုံ၁၁ရာခိုင်နှုန်း
တနင်္သာရီ     ၁၆၉မိုင် ၅ဖာလုံ၂၀ရာခိုင်နှုန်း
ပဲခူး                   ၄၆၂မိုင် ၃.၅ဖာလုံ၃၄ရာခိုင်နှုန်း
မကွေး           ၃၆၇မိုင် ၇ဖာလုံ၁၈ရာခိုင်နှုန်း
မန္တလေး                   ၆၆၆မိုင် ၄ဖာလုံ၄၆ရာခိုင်နှုန်း
ရခိုင်              ၁၁၂မိုင် ၂ဖာလုံ၁၀ရာခိုင်နှုန်း
၁၀ရန်ကုန်          ၂၆၆မိုင် ၄ဖာလုံ၄၄ရာခိုင်နှုန်း
၁၁ရှမ်း(အရှေ့)    ၁၀၂မိုင် ၂ဖာလုံ၎ရာခိုင်နှုန်း
၁၂ရှမ်း(တောင်)    ၂၀၃မိုင် ၄ဖာလုံ၆ရာခိုင်နှုန်း
၁၃ရှမ်း(မြောက်)    ၃၂၉မိုင် ၂ဖာလုံ၂၄ရာခိုင်နှုန်း
၁၄ဧရာဝတီ         ၁၄၆မိုင် ၄ဖာလုံ၁၁ရာခိုင်နှုန်း

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။