Friday, August 24, 2012

 စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအကြောင်း ဖူကူယားမားဆွေးနွေး


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမား သည် သြဂုတ်လ ၂၃ ရက်နေ့ ညနေက ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ် တွင် အကြောင်းအရာနှစ်မျိုးကို ဟောပြောဆွေးနွေးခဲ့သည်။
fukuyama1

မစ္စတာဖူကူယားမားက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အလျင်အမြန်ရရှိအောင် ဆောင်ရွက်ရာတွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး အရေးကြီးသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ စီးပွားရေးတိုးတက်မှုအတွက် ပုဂ္ဂလိက ကဏ္ဍသည် အရေးပါပြီး ပြည်သူ၊ အစိုးရနှင့် အဖွဲ့အစည်းများအကြား အပြန်အလှန်ဆက်နွယ်မှုများအကြောင်း ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွက် လူမှုအရင်းအနှီး ဖော်ထုတ်ရေးသည်လည်း အဓိကကျလာမည်ဟု ပြောကြားခဲ့သည်။

fukuyama1
စာရေးဆရာကျော်ဝင်း နှင့် ဖူကူယားမား အားတွေ့ရစဉ်

ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကဏ္ဍ ၏ ကွဲလွဲမှုများအကြောင်း ရှင်းပြခဲ့သည်။ အိန္ဒိယတွင် မကြာသေးမီက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဥပမာပေး ပြောကြားခဲ့ပြီး ပြည်သူ့ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးရာတွင် အစိုးရအဖွဲ့အစည်းများသည် နိုင်ငံရေးနှင့် ဆက်နွယ်နေမှုကြောင့် အားနည်းချက်များ ရှိနိုင်ပုံကို ပြောကြားခဲ့သည်။ ထို့ပြင် ပညာရေးကဏ္ဍသည် နိုင်ငံအများစုတွင် အစိုးရက လက်ဝါးကြီးအုပ်ထားသည့် ကဏ္ဍဖြစ်ပြီး ထိုကဏ္ဍကို ထိရောက်စွာပြုပြင် ပြောင်းလဲနိုင်သည့်အကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူ့ရေး ရာစီမံခန့်ခွဲမှု နည်းလမ်းသစ်များအကြောင်း ဆွေးနွေးခဲ့ပြီး အစိုးရ အသုံးစရိတ်များကို ခြေရာခံနိုင်မည့် စစ်တမ်းများ ကောက်ယူခြင်းဖြင့် သတင်းအချက်အလက်များ ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ကြောင်း သတင်းအချက်အလက် ကောင်းများရရှိပါက အစိုးရ၏ လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်သည့် အကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။