Friday, August 24, 2012

 မြန်မာအမျိုးသမီးနှင့် ဂျပန်နိုင်ငံသားအမှုတွင် တရားခွင်၌ ဂျပန်နိုင်ငံသားမှ မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုနေ၍ အမျိုးသမီးဘက်မှ သက်သေများနှင့် တင်ပြချေပမည်

ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသား  တစ်ဦးတို့ နှစ်ဦးအပြန်အလှန်တရား စွဲဆိုမှုဖြစ်စဉ်တွင် တရားခွင်၌ ဂျပန် နိုင်ငံသားမှ မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုနေသဖြင့် မြန်မာအမျိုးသမီး ဘက်မှ သက်သေအထောက်အထား များနှင့်အတူ တင်ပြသွားမည်ဖြစ် ကြောင်း မြန်မာအမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသောရှေ့နေ ထံမှ သိရှိရသည်။

Orchid Hotel ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတစ်ဦး  သည် ညပိုင်းတွင် ပြင်ပမှမြန်မာ အမျိုးသမီးငယ်တစ်ဦးခေါ်ဆောင်လာ သည့်အတွက်  ဟိုတယ်ကောင်တာ ၌ တာဝန်ကျနေသည့် မြန်မာအမျိုး သမီးဝန်ထမ်းတစ်ဦးက ပြင်ပမှခေါ် ဆောင်လာသည့် အမျိုးသမီးငယ်နှင့် ပတ်သက်၍ဟိုတယ်မှထုတ်ပြန်ထား သည့် စည်းမျဉ်းစည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြောကြားရာ တွင် အဆိုပါ ဂျပန်နိုင်ငံသားက အမျိုးသမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက်ရိုက်ခဲ့သည့် အတွက် မြန်မာအမျိုးသမီးဝန်ထမ်း ဖြစ်သူက ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသားဘက်မှလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပုဇွန် တောင်ရဲစခန်း၌ အဆိုပါ မြန်မာ အမျိုးသမီးဝန်ထမ်းကို မတရားတားဆီးကန့်ကွက် ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့် တိုင်တန်းခဲ့ပြီး အပြန်အလှန် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂျပန်အမျိုးသားဘက်က တရားခွင်မှာ သူ့အနေနဲ့ ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့ခြင်း မရှိပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ချေပ ဖို့ ဖြစ်စဉ်ဖြစ်သွားတဲ့ အချိန်မှာ စီစီ တီဗီကင်မရာနဲ့ရိုက်ထားတဲ့ မှတ်တမ်း တွေရှိတယ်။ သက်သေအနေနဲ့ပြဖို့ တရားရုံးမှာ လျှောက်ထားတယ်”ဟု မြန်မာအမျိုးသမီးဘက်မှ ရှေ့နေ ဦးဝင်းနိုင်က ဆိုသည်။
ဂျပန်နိုင်ငံသားနှင့် ပတ်သက်၍ ဂျပန်သံရုံးသို့ ဆက်သွယ်မေးမြန်းရာ တစ်ဦးတစ်ယောက် ကိုယ်ရေးကိုယ်တာ ဖြစ်၍ ကာယကံရှင်၏ဆန္ဒမပါဘဲ  ဖြေခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။